Sunday, July 20, 2014

Emergency contraception အရေးပေါ်တားဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးများ(၁၈နှစ်ပြည့်မှဖတ်ပါ)


၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ပိုဆိုးတဲ့ဆိုးကျိုးတခုကတော့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ နောက်တခုက ခြေထောက် ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ တခြားဖြစ်နိုင်ခြေတွေကတော့ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ Stroke ဦးနှောက်သွေးကြောပိတ်၊ အသဲထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေ ဖြစ်တယ်။ ဒါတွေကြောင့် အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်းပါ တားဆေးမသင့်ကြဘူး။

ECP ဆေးတွေကို မကြာခဏသုံးရင် ၁၉၉၈ ခုနှစ်ထဲမှာ အရေးပေါ်တားဆေးကို မကြာမကြာသုံးတာရဲ့ သက်ရောက်မှုတွေ သိအောင် အမျိုးသမီးပေါင်း ၁ဝ၈၃ ယောက်ကို အုပ်စု ၂ ခုခွဲပြီး စမ်းခဲ့တယ်။ ဒီအမျိုးသမီးတွေဟာ အရေးပေါ် တားဆေး သုံးသူတွေနဲ့ သားအိမ်ခြစ်နည်းနဲ့ ကိုယ်ဝန် ဖျက်ဘူးခဲ့သူတွေ ဖြစ်တယ်။ ပညာရေး အခြေခံလဲ မညံ့ကြသူတွေ ဖြစ်တယ်။ အဖြေတွေကို အမျိုးသမီးပေါင်း ၁ဝ၇၁ ယောက်ဆီကနေရတယ်။
• ၅၄၉ ယောက်က အိမ်မှာတင် အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်ပြီး၊ သူတို့ထဲက ၄၇% ဟာ ၂ နှစ်အတွင်းမှာ တကြိမ်မက အရေးပေါ်တားဆေး သောက်ခဲ့သူတွေဖြစ်တယ်။
• ၅၅၂ ယောက်ကတော့ ဆရာဝန်လက်မှတ်နဲ့သာ အရေးပေါ် တားဆေးသောက်သူတွေ ဖြစ်ပြီး ၂၇% က ၂ နှစ်အတွင်း တကြိမ်မက အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်တယ်။
• အုပ်စု နှစ်စုလုံးထဲက ၁ဝ% ဟာ တကြိမ်မက အရေးပေါ်တားဆေးသောက်တယ်။
• ပဌမအုပ်စုထဲက ၂၈ ယောက် (၅%) က ကိုယ်ဝန်ရတယ်။ ဒုတိယအုပ်စုထဲက ၃၃ ယောက် (၆%) ကိုယ်ဝန်ရတယ်။
• ပဌမအုပ်စုထဲက ၈ ယောက် နဲ့ ဒုတိယအုပ်စုထဲက ၄ ယောက်ဟာ အရေးပေါ်တားဆေး သောက်ရဲ့သားနဲ့ ကိုယ်ဝန် ရသွားတာပါ။ ဒါပေမဲ့ ကိုယ်ဝန်တွေ အကုန်လုံးကို ဖျက်ပြစ်လိုက်ကြတယ်။
ကိုယ်ဝန်ကိုတားတာလား၊ ဖျက်တာလား
Emergency Pills cause early abortions “အရေးပေါ်တားဆေးဆိုတာ ကိုယ်ဝန်ကို အစောဆုံး ဖျက်ပြစ်လိုက်တာသာ ဖြစ်တယ်” လို့ The Report Newsmagazine မှာ ၆-၁၂-၁၉၉ တုံးက ရေးထားတယ်။
အယူအဆတွေ အမြင်တွေက သိပ္ပံနယ်ပယ်မှာလဲ မတူကြတာတွေ အများကြီးရှိတယ်။ လက်တွေ့ပြလို့ရတာတောင်မှာ ဘာလို့ အဲလိုမတူတာတွေ ဖြစ်နေလဲ။ လက်တွေ့ပြနိုင်တာက ကျဉ်းသေး၊ နည်းသေးလို့ပါ။ “အရေးပေါ် တားဆေးထဲမှာ လူ့ကိုယ်ခန္ဓာကနေ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းတွေဘဲ ပါတာမို့ စိတ်ချလက်ချ သုံးနိုင်တယ်။ အရေး ခဏခဏ ပေါ်နေလို့ တပါတ်ထဲ ၂ ခါသောက်လဲ ကိုယ်ဝန်တားဘို့အတွက်ကတော့ ရပါတယ်” လို့ ပြောတာလဲ အမှန်ဖြစ်တယ်။ "ကနေ့အထိ ဒီ အရေးပေါ်တားဆေးတွေ အသုံးများရင် ဘာဖြစ်နိုင်သလဲ ဆိုတာကို သတ်သတ်မှတ်မှတ် လေ့လာမှုဆိုတာ မရှိသလောက်နည်းသေးပါတယ်"လို့ အဲဒီအကြံပြုတဲ့ ပညာရှင်တွေကဘဲ ဆိုထားပါတယ်။ ဆိုလိုတာက (၁) ခုထိ သိသမျှ ခဏခဏလဲသောက်လို့ရတယ်။ (၂) ရေရှည်မှာဘာဖြစ်လာမလဲ မသိလို့ ရမ်း-မှန်းမပြောနိုင်ပါ။
ဆေးတကြိမ်သောက်တိုင်း ဘေးထွက်-ဆိုးကျိုးတွေတကြိမ် ခံရမယ်ဆိုတာ သိထားပါ။ ဈေးနှုန်း မသေးလှပါ။ ရာသီလတွေ၊ ရက်တွေ ပြောင်းပါလိမ့်မယ်။ ခဏခဏသုံးနေသူ ကိုယ့်ရာသီရက်က ဘာလို့ မှတ်ထားဘို့ ခက်မယ်။ ကိုယ်ဝန်ရနိုင်တဲ့ရက်-မရနိုင်တဲ့ရက် တွက်ဘို့ မသေခြာတော့ဘူး။ ကြာတော့ စိတ်ပျက်လာနိုင်တယ်။ ရိုးရိုးပုံမှန်သောက်တားဆေး၊ IUD သားအိမ်ထဲပစ္စည်းထည့်၊ Implant အရေပြားအောက် ဆေးချောင်းထည့်၊ Depo-Provera (ဒီပို) ထိုးဆေးနည်း၊ တခုခုကို ရွေးချင်လာမယ်။ ရွေးတာလဲ မှန်ကန်တယ်။ အိမ်ထောင်မကျပေမဲ့ လိင်ဆက်ဆံမှု တခုကို သဘောတူပြုဘူးတဲ့ မိန်းကလေးမျိုးဟာ နောက်လဲ အဲလိုမျိုး ထပ်ဖြစ်နိုင်တယ်။ အဲဒါကို အရေးပေါ်လို့ မခေါ်သင့်ဘူး။ စိတ်ဆန္ဒမပါဘဲ ဆက်ဆံရတာ၊ အဓမ္မပြုခံရတာ၊ (ကွန်ဒွမ်) ပေါက်ပြဲသွားတာမျိုးတွေကိုသာ အရေးပေါ်လို့ ခေါ်သင့်တယ်။
ကိုးကားခဲ့တဲ့ အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ထဲမှာ အများစုက ၂ နှစ်မှာမှ တခါကျော်ကျော်သာ အရေးပေါ် တားဆေး သုံးတယ်။ ၄ လမှာ ၄ ခါမကသောက်လို့ စမ်းသပ်မှုကနေ ချန်ထားလိုက်အောင်အထိ ထူးခြားတဲ့ အမေရိကန် အမျိုးသမီးက တယောက်ထဲဘဲပါတယ်။ မြန်မာအမျိုးသမီးတွေကို လေ့လာမှု မပြုရသေးလို့ ခေတ်ရှေ့ကို အများကြီး ရောက်နေ-မနေ မသိပါ။
တရားဥပဒေရှုဒေါင့်
အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် အထက်တရားရုံးကို ၂ဝ၁ဝ နှစ်လည်ပိုင်းက Public Interest Litigation (PIL) ကနေ တရားစွဲဆိုချက်တခု တင်ခဲ့တယ်။ အရေးပေါ်တားဆေးတွေဖြစ်တဲ့ i-pill, Unwanted 72 and Option 72 တွေကို ပိတ်ပင်ပေးဘို့ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် တလွဲသုံးနေခြင်း နဲ့ အန္တရာယ်များတဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လို့ ဆိုပါတယ်။
တရာရုံးကနေ Drug Controller General of India (DCGI) ဆီကို အထောက်အထားတွေ တင်ပြဘို့ ညွှန်ကြားတယ်။ DTAB ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးအဖွဲ့က အစီရင်ခံချက် မပို့နိုင်သေးဘူး။ ငြင်းဆိုချက်တွေက ဆေးသိပ္ပံအထောက်အထားတွေကို ကိုးကားတယ်။ ကိုယ်ဝန်ဆိုတာ ဆက်ဆံမှုပြုပြီးနောက် ၂၄ နာရီ ဆိုရင်ရဘို့စပြီ။ ၇၂ နာရီအတွင်းမှာ ဆေးသောက်တယ်ဆိုတာ ဖျက်ပြစ်တာဘဲလို့ ဆိုတယ်။
ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။
ရာသီမမှန်တာ ဖြစ်ကြပြန်လို့ ဒီလို (ကွန်ပလိန့်) တွေနဲ့ မိန်းကလေးလူနာတွေ ဆေးရုံ-ဆေးခန်းတွေမှာ ပိုများလာတယ်။ ကြော်ညာတွေ ကောင်းလို့ ဆေး ဆိုင်တွေမှာ ချော့ကလက် ဝယ်သလို ဝယ်နေကြပြီး၊ မိန်းကလေးငယ်တွေကလဲ လိင်မှုရေးရာမှာ သိပ်မစဉ်းတော့ဘူး။ အမူအကျင့်တွေ ပြောင်းလာနေတာဟာ မျိုးဆက်ကိုပါ ထိခိုက်စေမယ်။ လွယ်လွယ်နဲ့ ဒီလိုဆေး ဝယ်ရတာဟာ "ခပ်လွယ်လွယ်မိန်းကလေးတွေ" များလာစေတယ်။ လွယ်တိုင်းကောင်းပါလား။
ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts