Tuesday, May 20, 2014

လေပွပြီး ဗိုက်ပှုနေသလား


လေပွပြီး ဗိုက်ပှုနေသလားဂျင်းဘောင်းဘီ၊ လုံချည်စတာတွေ ဝတ်ဆင်တဲ့ အခါ ဗကိုက် အဆီကြောင့် မဟုတ်ဘဲလေပွပြီး ပှုနေတဲ့ အခါ ချပ်ချပ်ရပ်ရပ် မရှိတော့ပါဘူး။ အဲဒီလို မဖြစ်စေ ဖို့အတွက် အလွယ်နည်းတွေ ရှိပါတယ်။
(၁) အမျှင်ဓာတ် ၂၅-၃၅ ဂရမ်စားပါ
ဝမ်းချုပ်တာ ကြောင့်လည်း လေပွပြီး ဗိုက်ဖောင်း နေတတ်ပါတယ်။ လေပွတာလျော့ပြီး အူမကြီး ကျန်းမာ ရေးကောင်းမွန်အောင် ပျော်ဝင်တဲ့ အမျှင်နဲ့ မပျော် ဝင်တဲ့ အမျှင်ကို ရောစားပါ။ ပျော်ဝင်တဲ့အမျှင်ဆို တာ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ ဘာလီစေ့စတာတွေ ဖြစ်ပြီး မပျော်ဝင်တဲ့ အမျှင်ကတော့ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနယ်၊ အစေ့အဆန်နဲ့ အခွံမာသီး တို့ဖြစ်ပါတယ်။

(၂) ပီကေဝါးပြီး သတိထားပါ
ပီကေဝါးတာကြောင့် လေတွေကို မျိုချမိကာ လေပွတဲ့ ခံစားချက်ဖြစ်စေ ပါတယ်။ ဒါကြောင့် ပီကေဝါးတာကို လျှော့ပြီး အစာကြေအင်ဇိုင်း ပါတဲ့ ဆေးပြားကို ကြိတ်ဝါးပေးပါ။ စားတဲ့ အစာကို ချေ ဖျက်ပေးပြီး အစာကြေညက်စေပါတယ်။
(၃) ဆိုဒီယမ် မှီဝဲမှုကို လျှော့ချပါ
ဆားစားသုံးမှုများ တာကြောင့် ဗိုက်ပူတတ်ပါ တယ်။ ဆားက ဆဲလ်တွေထဲကို ရေဆွဲစေတာကြောင့် လေပွတာနဲ့ ဗိုက်ပူတာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် သင်စားတဲ့ အစာထဲ ဆားလျှော့ပြီး ကြက် သွန်ဖြူ၊ ငရုတ်ကောင်း စတာတွေကို အစားထိုး ထည့် စားပေးပါ။
(၄) တစ်နေ့ ရေနှစ်လီတာ သောက်ပါ
တစ်နေ့လုံး ရေကို များများသောက်တာကြောင့် ရေဓာတ်ပြည့်ဝစေ ပါတယ်။ တစ်နေ့မှာ ရေနှစ်လီတာ သောက်တာကကိုယ်တွင်း စနစ်ရှိ အဆိပ်တွေ ကင်းစင် ကာ လေပွတာ သက်သာစေ ပါတယ်။
(၅) ဓာတ်မတည့်မှု ဖြစ်တတ်သော အစာတို့ကို ဆန်းစစ်ပါ
သင်စားနေတဲ့ အစာတွေ ဓာတ်မတည့်မှု တာကြောင့် လေပွနေသလားဆိုတာ ဆန်းစစ်ကြည့် ပါ။ နို့နဲ့ နို့ထွက် ပစ္စည်း၊ ဂျုံ၊ ပဲ စတဲ့ အစာတွေကို မတည့်တဲ့သူတွေမှာ လေပွစေနိုင် ပါတယ်။
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts