Monday, May 19, 2014

စိတ်ဖိစီးမှုအတွက် ယောဂလေ့ကျင့်ခန်း


စိတ်ဖိစီးမှုအတွက် ယောဂလေ့ကျင့်ခန်းယောဂလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှု အတွက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ နေ့စဉ်နှင့် အမျှ သွားလာလှုပ်ရှား မှုတို့သည် တစ်ခါတစ်ရံ စိတ်ကို မွမ်းကျပ်နိုင်သလို လုပ်ငန်းကိစ္စများ မအောင်မြင်ခြင်းကြောင့် စိတ်ဖိစီးမှု များကို ဖြစ်စေနိုင် ပါတယ်။
ခန္ဓာကိုယ် ပင်ပန်းသည်ထက် စိတ်ပင်ပန်း မှုသည် ပိုပြီး လူကို ပင်ပန်းစေပါတယ်။ ထိုပင်ပန်းမှုများကို သက်သာပျောက်ကင်းစေရန် ယောဂလေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းသည် အချိန်အများကြီး ပေးစရာ မလိုပါဘူး။ အချိန်အနည်းငယ်နှင့် မိမိအိမ်မှာ နေ့တိုင်းလုပ်သင့်သော လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။
ထို့ပြင် တစ်ခြားသော ရောဂါများအတွက် ကောင်းမွန်စေတဲ့ အပြင် ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများ
ခံစားနေရချိန်တွင် ယောဂလေ့ကျင့်ခန်းကို လုပ်လိုက်ပါ။ စိတ်သက်သာမှုကို ရရှိစေနိုင် ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
ရိုးရာလေး

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts