နှလုံးကို ကျန်းမာစေပါတယ်
အချိန်ခြောက်ပတ်ကြာ ဒိန်ချဉ်စား တဲ့သူတွေဟာ မကောင်းတဲ့ ကိုလက်စထ ရောအဆင့်ကို ၉ ရာခိုင်နှုန်းနီးပါး လျော့ ကျစေတယ်လို့
ကနေဒီသုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ ဒိန်ချဉ် မှာပါတဲ့ Lactobacillus reuteri ဆို တဲ့ အကျိုးပြု ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။
စိတ်ပှုပင် သောကကို လျော့ကျ စေပါတယ်
အကျိုးပြု ဘက်တီးရီးယား Lactobacillus နဲ့ Bifidobacterium longum ပါတဲ့ ဖြည့်စွက်ဆေးတွေကို ရက် ၃ဝကြာ မှီဝဲသူတွေဟာ မမှီဝဲသူတွေထက် စိတ်ဖိ စီးမှု လျော့နည်းတာကို တွေ့ရှိရကြောင်း ဗြိတိန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုတစ် ခုက ဆိုပါတယ်။
သွားနဲ့ သွားဖုံးကို သန့်ရှင်းစင်ကြယ်စေ ပါတယ်
၂ဝ၁၁ လေ့လာမှုတစ်ခုအရ အကျိုး ပြုဘက်တီးရီးယား Lactobacillus reuteri နဲ့ Bifidobacterium တို့ကို မှီ ဝဲတာကြောင့် သွားဖုံးရောဂါနဲ့ သွားပိုး စားတာတွေကို ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့ ဘက်တီးရီးယားပိုးတချို့ကို လျော့ ကျစေကြောင်း သိရပါတယ်။
အအေးမိ ချောင်းဆိုးတာကို သက်သာစေပါတယ်
အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးတွေကို မှီဝဲတာက အသက် ရှူလမ်းကြောင်းပိုးဝင်မှုကို ၁၂ရာခိုင်နှုန်း လျော့ကျစေပြီး အနည်းဆုံး အအေးမိ ဝေဒနာ တစ်ကြိမ် ဖြစ်နှုန်းကို လျော့ကျ စေတယ်လို့ ၂ဝ၁၁ လေ့လာမှု ၁ဝခုအရ သိရပါတယ်။
No comments:
Post a Comment