Sunday, May 18, 2014

စွမ်းအင် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်


စွမ်းအင် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင်အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝ နည်းတွေကို လိုက် နာသင့်ပါတယ်။
(1) သင်နေထိုင်တဲ့ နေရာ အဝန်းအဝိုင်း မှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်း ရောင်တို့လို တောက်ပတဲ့ အရောင်တွေ ရှိနေပါစေ။ ဒီအရောင်တွေက စိတ်ခံစား မှုကို မြင့်တက်စေပါတယ်။
(2) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေ ခြည်နုနုကို ခံယူပါ။ ဒီလို နေခြည်နုနုခံ ယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာ မင်ဒီနဲ့ ဆီရိုတိုနင် အထွက် တိုးစေပါတယ်။
(3) လီမွန်သီး၊ လိမ္မော်သီးစတဲ့ အသီးရနံ့ တွေ၊ ပက်ပါးမင့်ပူရှိန်းရနံ့တွေက သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက် တွေကို တိုးမြင့်စေနိုင်ပါတယ်။ သင့်လက် ကောက်ဝတ်မှာ ဒီမရှိမဖြစ်အဆီကို တစ် စက်-နှစ်စက် ဆွတ်ပေးပါ။

(4) ချဉ်ပြီး အေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်း တစ် လျှောက်ရှိ နာ့ဗ်ကြောတွေကို လှုံ့ဆော် ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။
(5) ပီကေဝါးတာက ကြွက်သားတင်း အားကို ပြေလျော့စေပြီး သင့်ကို တက် ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော် ပေးနိုင်စွမ်း ရှိပါတယ်။
ကြယ်စင်
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts