Saturday, May 31, 2014

ပြောတဲ့စကားချင်း အတူတူ နားဝင်ချိုတာနဲ့ နားထဲကန့်လန့်ဝင်တာ ကွဲသွားတယ်


ပြောတဲ့စကားချင်း အတူတူ နားဝင်ချိုတာနဲ့ နားထဲကန့်လန့်ဝင်တာ ကွဲသွားတယ်ဥပမာ အနေနဲ့ ပြရရင် အင်္ဂလန်က လူတွေက "မင်းကြားလား မကြားဘူးလား"လို့ ဘယ်တော့မှ မပြောဘူး။ "ကျွန်တော်ပြောတဲ့အသံ ကြည်လား၊ ရှင်းလား"လို့ပဲ မေးတယ်။ ဒီလို စကားနှစ်ခွန်းမှာ ယဉ်ကျေးတာနဲ့ မယဉ်ကျေးတာ မိုးနဲ့မြေလို ကွာခြား သွားပါတယ်။
စကား တစ်ခွန်းချင်း အတူတူပါပဲ... အပျက်ဖက်ကနေပြောရင် "သူ ငါ့ကို မနာလိုတာ" အပြုဖက်ကနေပြောရင် "ငါ့မှာ သူမျက်စိစူးစရာရှိလို့ဖြစ်မယ်"

"ဒီလောက်ဈေးကြီးယူတာ သူ့စာမူကဘာကုန်ပစ္စည်းမို့လဲ" ဆိုတာထက် "သူ့စာမူကိုသုံးဖို့ ငါတို့မတတ်နိုင်ဘူးကွာ" လို့ဆိုရင် တခြားသူကိုလည်း အပြစ်ကျူးလွန်ရာမရောက်တော့ဘူး။
"မင်းဘာတွေပြောနေတာလဲ ငါမသိဘူးကွာ"ဆိုတာက တစ်ဘက်လူတင်ပြပုံညံ့ကြောင်းပြောရာကျတယ်။ "ငါ နားမလည်သေးဘူးကွာ"ဆိုရင် ကိုယ်နည်းနည်းတုံးဝေးကြောင်း ကိုယ့်ကိုယ်ကိုနှိမ်ချတဲ့သဘောဖြစ်တယ်။
"အမုန်းရန်ငြိုးတွေကို ငါတေးမှတ်ထားတတ်တယ်.. ထုတ်ပြောလိုက်ရမှ ကျေနပ်တယ်"ဆိုတာထက် "ငါ စိတ်သဘောထားသေးသိမ်လို ဘာမဆိုပြောလိုက်ရမှ"
 "လူတွေက ငါ့ကိုပဲ လာလာအပြစ်ရှာနေကြတယ်.. တမင်သက်သက် လာရန်ရှာနေကြတာ"ဆိုတာထက် "လူတွေကို အမှားတစ်ခုခု ငါလုပ်လိုက်မိပြီထင်တယ်... "
Nine Nine Sanay

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts