Sunday, May 18, 2014

ယောဂလေ့ကျင့်နေစဉ် လိုက်နာသင့်သည့် အချက် ၆ ချက်


ယောဂလေ့ကျင့်နေစဉ် လိုက်နာသင့်သည့် အချက် ၆ ချက်ယောဂလေ့ကျင့်ခန်း တွေကို လေ့ကျင့်ရေးခန်း မမှာဖြစ်စေ၊ လေ့ကျင့်မှု အခွေကို ကြည့်ပြီး ဖြစ်စေ၊ စာအုပ်ဖတ်ပြီး ဖြစ်စေ အိမ်မှာ လေ့ကျင့်ကြပေမယ့် သက် သောင့်သက်သာ မဖြစ်တာမျိုးတွေ တွေ့ ကြုံရတယ် ဆိုရင်တော့ သင့်လေ့ကျင့်မှုမှာ တစ်ခုခု လိုအပ်ချက် ရှိနေပါပြီ။ လေ့ကျင့် မှုပုံစံ စနစ်ကျနေစေဖို့ ဆိုရင်တော့ လေ့ ကျင့်ရေးနည်းပြတွေနဲ့ သေချာတိုင်ပင်ဖို့ လိုအပ်ပြီး၊ သေချာလိုက်နာတတ်ဖို့တော့ လိုပါတယ်။ယောဂလေကျင့် ချိန်မှာ အောက် ပါအချက်ခြောက်ချက်ကိုတော့ လိုက်နာဖို့ လိုပါတယ်။

(၁) ယောဂ လေ့ကျင့်ချိန်မှာ အစာကို ပြည့်တင်းအောင် မစားပါနှင့်
ယောဂလေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ အရေးပါတဲ့အချက်တစ်ခုပါပဲ။ ယောဂ လေ့ကျင့်ခန်းမစတင်ခင်မှာ အစားအစာ ကို ပြည့်တင်း နေအောင် စားမထားသင့် ပါဘူး။ အစာစားထားပြီးရင်လည်း လေး နာရီကြာမှ လေ့ကျင့်ခန်းကို ပြုလုပ်သင့်ပါ တယ်။ သစ်သီးတွေစားထား တယ်ဆိုရင် တော့ အသီးတွေ စားထားပြီးလို့ နှစ်နာရီ ကြာမှ လေ့ကျင့်မှုကို စတင်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ပုံစံ အနေအထားကို အဓိကထားပြီး လှုပ်ရှား လေ့ကျင့်ရတဲ့လေ့ကျင့်မှုမျိုးဖြစ်တာကြောင့် မနက်ခင်းအိပ်ရာက နိုးထချိန်မှာ လေ့ ကျင့်ခန်းကို စတင်တာက အကောင်းဆုံး ပါပဲ။
(၂) လေ့ကျင့်နေချိန် အသက်ရှုရန် မမေ့ပါနှင့်
ယောဂလေ့ကျင့်ခန်းကို ပြုလုပ်နေ စဉ်အတွင်းမှာ လူအများ မေ့လျော့နေတတ် တာကတော့ အသက်ရှူဖို့ပါ။ ယောဂလေ့ ကျငခ့် န်း ကို စတငေ် နချနိ မ်ျိုး မှာ အသကပ်ုံ မှန်ရှူဖို့ အရေးကြီးပါတယ်။ ယောဂလေ့ ကျင့်ရင်း အသက်ရှူလေ့ကျင့်ခန်းကို လည်း ထည့်ပေါင်းလေ့ကျင့်တာကြောင့် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိ စေမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခု ချင်းကို စတင်ပြီး ဝင်သက်၊ ထွက်သက် ကိုပါ ပုံမှန်လေး လေ့ကျင့်ပေးသွားရမှာ ပါ။
(၃) လေ့ကျင့်မှု အပေါ် ဖိစီးမှု မထားပါနှင့်
ယောဂ လေ့ကျင့်ရာမှာ စိတ်ဖိစီးမှုနဲ့ မလေ့ကျင့်ပါနဲ့။ လေ့ကျင့်မှု တစ်ခုချင်းစီ ကို နားလည်သဘောပေါက်ပြီး တစ်ဆင့် ချင်းကို ညင်သာတဲ့လှုပ်ရှားမှုပုံစံတွေနဲ့ လေ့ကျင့်ပေးရမှာပါ။ လေ့ကျင့်ခန်းထဲမှာ စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုရင်တော့ သင့် အတွက် သက်သောင့်သက်သာမဖြစ်စေ ဘဲ၊ စိုးရိမ်စိတ်ကို ဖြစ်စေပါလိမ့်မယ်။ ယောဂလေ့ကျင့်ခန်းဟာ ပြင်းထန်တဲ့လေ့ ကျင့်မှုမျိုးမဟုတ်ဘဲ လှုပ်ရှားမှုကနေဖြစ် ပေါ်လာတဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက် ပေါ်အခြေခံတာကြောင့် သင့်စိတ်ထဲမှာ လေ့ကျင့်ခန်းက ဖိစီးမှုဖြစ်မနေစေဖို့ ဂရု ပြုဖို့လိုပါတယ်။
(၄) စိတ်အာရုံကို စုစည်းလေ့ကျင့်ပါ
ယောဂလေ့ကျင့်ချိန်မျိုးမှာ စိတ် အာရုံကို စုစည်းပြီး လေ့ကျင့်ခန်းပေါ်ကို အာရုံစိုက်တာကြောင့် မှန်ကန်တဲ့ယောဂ လေ့ကျင့်နည်းကို ရရှိစေနိုင်ပါတယ်။ အ ထူးသဖြင့် ယောဂလေ့ကျင့်နည်းတွေက ခန္ဓာကိုယ်ကို ပျော့ပျောင်းနေစေပြီး၊ အ ကြောတွေကို ကွေးညွှတ်ကာ လေ့ကျင့်ရ တဲ့လေ့ကျင့်ခန်းမျိုးဖြစ်တာကြောင့် စိတ် အာရုံကို မစုစည်းနိုင်ဘူးဆိုရင်တော့ သင့် လှုပ်ရှားမှုတွေက အသက်မဝင်တော့ပါ ဘူး။ ဒါ့အပြင် သက်သောင့်သက်သာမ ဖြစ်ဘဲ နာကျင်မှုကိုပါ ခံစားရစေပါတယ်။
(၅) မှားယွင်းသော ပုံစံမျိုးကို ရှောင်ပါ
ယောဂလေ့ကျင့်ခန်းဟာ စနစ်ကျန ဖို့လည်းလိုအပ်ပါတယ်။ စနစ်မကျနဘဲ လေ့ကျင့်မှုပုံစံမှားနေမယ်ဆိုရင်တော့ သင့်ကို နာကျင်မှုဖြစ်စေပါလိမ့်မယ်။ ဒါ ကြောင့်လေ့ကျင့်မှုပုံစံ မှန်ကန်မှုရှိ၊ မရှိကို လေ့ကျင့်မှုနည်းပြတွေနဲ့ စနစ်တကျတိုင် ပင်လေ့ကျင့်ဖို့လိုပါတယ်။ မှားယွင်းတဲ့ လေ့ကျင့်မှုပုံစံကြောင့် လေ့ကျင့်မှုက အ ကျိုးမရှိတဲ့အပြင် စိတ်ကျေနပ်မှုလည်း ရမှာမဟုတ်ပါဘူး။ လေ့ကျင့်မှုကို သေချာ မလေ့ကျင့်ခဲ့ဖူးတဲ့သူတွေအနေနဲ့ ယောဂ လေ့ကျင့်မှုဟာ အနည်းအကျဉ်းတော့ မှား နေတတ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အ ကြံဥာဏ်ကိုယူပါ။
(၆) အဝတ်အစားကို ဂရုစိုက်ပါ
သင့်လေး ပါလာနိုင်တဲ့ ဆွဲသားဝတ်စုံမျိုးဖြစ်ဖို့လိုပါ တယ်။ တင်းကျပ်လွန်းတဲ့အဝတ်အစား ဝတ်ဆင်မှုပုံစံနဲ့ ယောဂလေ့ကျင့်ခန်းပြုလုပ် တာကြောင့် သင့်အကြောအခြင်တွေကို ဝန်ပိစေတဲ့အပြင် လှုပ်ရှားရတာလည်း လွယ်ကူမှုမရှိစေဘဲ လေ့ကျင့်ခန်းကို ခက် ခဲစေပါတယ်။ ယောဂလေ့ကျင့်ခန်းအ တွက် ပွရောင်းတဲ့ အဝတ်အစားတွေက သင့်တော်တယ်ဆိုပေမယ့် အရမ်းပွလွန်း ရင်လည်း လှုပ်ရှားမှု တစ်ခုနဲ့တစ်ခုကြားမှာ အခက်အခဲဖြစ်စေတာကြောင့် ခန္ဓာကိုယ် နဲ့ ကွတ်တိဖြစ်စေတဲ့ အေရိုးဗစ်လေ့ကျင့် မှုဝတ်စုံတွေက ယောဂလေ့ကျင့်မှုကို အ ကောင်းဆုံးပံ့ပိုးနိုင်ပါလိမ့်မယ်။
သဲသဲ
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts