Monday, May 19, 2014

ကျန်းမာရေးနှင့် ပက်သက်ပြီး သွား၏ အံ့သြဖွယ်ရာ အချက်များ


ကျန်းမာရေးနှင့် ပက်သက်ပြီး သွား၏ အံ့သြဖွယ်ရာ အချက်များညင်ညင်သာသာ သွားတိုက်ပါ
သွားဖုံးပြဿနာ အများစုဟာ သွားတိုက်တာ ကြမ်းတမ်း တာကြောင့်ဖြစ် ပါတယ်။ ဘက်ထရီ အသုံးပြုတဲ့ သွားတိုက် တံတွေဟာ သွားနဲ့ သွားဖုံးကို ခပ်ကြမ်းကြမ်း မတိုက်မိ အောင် အကာကွယ်ပေး ထားနိုင်ပါတယ်။ သင်ဟာ ရိုးရိုး သွားတိုက်တံကို အသုံးပြုမယ် ဆိုရင် သွားပွတ်တံရဲ့ အမွေးအမှင်တွေဟာ သွားမျက်နှာပြင် တစ်ဖက်တည်းကိုသာ စောင်းပြီး သွားတိုက်ရမယ် ဆိုတာ အမြဲတမ်း သတိရပါ။
သွားကြားပွတ်ကြိုး သုံးပါ
သင်ဟာ သွားကြားပွတ်ကြိုး ဒါမှမဟုတ် သွားကြားထိုးတံ အသုံးမပြုရင် သင့် သွားမျက်နှာပြင်ရဲ့ ၃၅ ရာခိုင်နှုန်းဟာ သန့်ရှင်းမှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သွား အမှန်တကယ် သန့်စင်စေလိုရင် သွားကြား ပွတ်ကြိုး အသုံးပြုပြီး သွားကြားတွင်း မှာရှိတဲ့ အညစ်အကြေး တွေကို ဖယ်ရှားပါ။

ပီကေးဝါးပါ
သကြားမပါတဲ့ ပီကေဝါး တာကြောင့် တံတွေး ပိုမိုထွက် ရှိလာကာ သွားချေးဖတ် တွေရဲ့ အက်စစ်ဓာတ်ကို လျော့စေတဲ့ အတွက် သွားကျန်းမာရေး ပိုမိုကောင်းမွန်နိုင်ပါ တယ်။ ဒါ့ပေမဲ့ ပီကေဝါးလွန်းရင် လေပွတတ်တဲ့ အတွက် တစ်နေ့ကို တစ်ထုပ်ခန့်သာ ဝါးပေးပါ။
ခံတွင်းအနံ့ဆိုး မထွက်ရလေအောင်
ခံတွင်းအနံ့ဆိုး ထွက်တာနဲ့ အာခြောက်နေတာ နှစ်မျိုးစလုံးဟာ ရေဓာတ်ချို့တဲ့ တဲ့လက္ခဏာဖြစ်ပြီး အရည်လုံလုံလောက်လောက် မရရှိတာကြောင့် ဖြစ်တာပါ။ နေ့စဉ် မကြာခဏ ရေသောက်ပေးပါ။
ဖရိုရိုက် ပါဝင်သည့် ရေသောက်ပါ
ဖလိုရိုက်ဟာ သွားကျန်းမာရေး ကော်င်းဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ သောက်ရေ သန့်တွေမှာ ဖလိုရိုက် အနည်းငယ်သာ ပါဝင်ပြီး ဘုံဘိုင်ခေါင်းမှ ရရှိတဲ့ရေတွေမှာ ဖလူအိုရိုက် ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ သောက်ရေသန့်သောက်မယ့် အစား ဘုံပိုင်ရေကို စစ်ပြီး သောက်ပါ။
သွားဆရာဝန်နှင့် မိတ်ဆွေဖွဲ့ပါ
သုံးလမှ ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်သွားစစ်ဆေးဖို့ လိုအပ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါရှိနေရင် သွားဖုံးရောဂါဖြစ်နိုင်ခြေ ပိုများတဲ့အတွက် သွားဆရာဝန် နဲ့ မကြာခဏ တွေ့ပေးပါ။
သွားဖြူဖွေးတောက်ပြောင်စေရန်
သွားမှာ စွန်းထင်းနေတဲ့ အရောင်တွေနဲ့ သွားချေးဖတ်တွ ကင်းစင်ပြီး သွားဖြူ ဖွေးတောက်ပြောင်ရလေအောင် မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ပါ။ ဒါမှမဟုတ် အာလုတ် ကျင်းပါ။
မကြာခဏ သွားပွတ်တံလဲပါ
 အမွေးဖွာနေတဲ့ သွားပွတ်တံကို အသုံးပြုမယ်ဆိုရင် အကျိုးထိရောက်မှု ထက်ဝက် ခန့် လျော့ကျသွားနိုင်ပါတယ်။ သင့်သွားပွတ်တံ အမွေးဖွာနေရင် အသစ်လဲလှယ်ပြီး အသုံးပြုပါ။
တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ
လေ့လာမှုအများအပြားအရ လူကြီးတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခံတွင်းအနံ့ဆိုး ထွက်တတ်ပါတယ်။ ဒီပြဿနာကို ရှောင်ရှားဖို့အတွက် တစ်နေ့ကို အနည်းဆုံးနှစ် ကြိမ် သွားတိုက်ရုံသာမက လျှာကိုလည်း ခြစ်ပေးပါ။ လျှာပေါ်မှာ တွယ်ကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် ခံတွင်းအနံ့ဆိုး ထွက်တတ်လို့ပါ။
သွားတိုက်လျှင် မလောပါနဲ့
အစာစားပြီးပြီးချင်း အနည်းဆုံး နာရီဝက်ခန့် စောင့်ပြီးမှ သွားတိုက်တာဟာ အ ကောင်းဆုံးပါ။ ဒီအချိန်ကလေးမှာ လူ့အကျိုးပြုဘက်တီးရီးယားနဲ့ တံတွေးတွေ ပုံမှန်ပြန်လည်ထွက်ရှိလာပြီး သွားနဲ့ သွားဖုံးမျက်နှာပြင်ပေါ်မှာ အကာအကွယ်အဖြစ် ပြုလုပ်ပေးနိုင်တာကြောင့်ပါ။
အစိမ်းစားပါ
ဟင်းသီးဟင်းရွက်တွေကို အစိမ်းအတိုင်းစားတာဟာ တံတွေးထွက်များပြီး သွား ကျန်းမာရေးကောင်းမွန်စေပါတယ်။ နံနံပင်၊ မုန်လာဥနီကို အစိမ်းအတိုင်း ဝါးစားပေး ပါ။ အချဉ်အရသာရှိတဲ့ အသီးတွေမှာမူ အက်စစ်ဓာတ်တွေ ပါဝင်တာကြောင့် စားပြီး ပြီးချင်း ရေ တစ်ဖန်ခွက် သောက်ပါမှ သွားကို ထိခိုက်နိုင်တဲ့ အက်စစ်တွေကို ဖယ်ရှား နိုင်ပါတယ်။
ဒိန်ခဲစားပါ
အစာစားပြီးရင် ဒိန်ခဲအနည်းငယ် စားတာဟာ သွားပိုးပေါက်မဖြစ်အောင် ကာ ကွယ် နိုင်ပါတယ်။ ဒိန်ခဲဟာ ခံတွင်းရဲ့ အက်စစ်ဓာတ်ကို လျော့နည်းစေတဲ့အတွက် သွားရဲ့ကြွေလွှာကို အကာအကွယ်ပေးထားနိုင်တာကြောင့်ပါ။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts