Sunday, May 18, 2014

အမှတ်ရစရာတွေကို ပြန်တွေးပေမဲ့ Boyfried Log


အမျိုးသမီး ပရိသတ်တွေအတွက် ပါ။ တကယ်တော့ နာမည်က Boyfried Log ဖြစ်နေပေမဲ့ အမျိုးသားတွေလည်း သုံးလို့ရလောက်မဲ့ app တစ်ခုလို့ထင်ပါတယ်။ sensitive ဖြစ်တဲ့ ကောင်လေးတွေအတွက်ပေါ့။ တစ်ချို့သော လူတော်တော်များများဟာ ကိုယ်ခံစားခဲ့ရတာ တွေ့ကြုံခဲ့ရတဲ့အပေါ်မူတည်ပြီး ဒိုင်ယာရီ ရေးတဲ့ အကျင့်ရှိလေ့ရှိပါတယ်။ အခုစာဖတ်နေတဲ့ မိတ်ဆွေ လည်း ရေးလေ့ရှိလား မသိဘူး ? လူသားတွေရဲ့ နေ့စဉ်ဘ၀မှာ အချစ်ဆိုတဲ့ မေတ္တာ တရားဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို ကျတော်တို့အာလုံး သိပြီး ဖြစ်ပါလိမ့်မယ်။

 နေ့စဉ်ဘ၀မှာ ကြုံတွေ့ရလေ့ရှိနေတဲ့ မေတ္တာရေးဟာ အမြဲတမ်းတော့ ဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး။ အခုဖော်ပြမဲ့ app ဟာ သင့်ရဲ့တစ်နေ့တာ အကြောင်းတွေကို ရေးမှတ်နိင်ပြီး ခံစားမူ emotion လေးတွေပါ မှတ်ထား ၊ လို့ရပါတယ်။ ( ရည်းစာနှစ်ယောက်ကြုံနေရသူများအတွက်ကတော့ အမှတ်တွေပေးပြီး ယှဉ်စဉ်းစားနိင်တာပေါ့ ) အချစ်ရေးမှာ ကံကောင်းနေလား down နေလားဆိုတာကို ရှင်းလင်းစွာ သိနိင်ပါလိမ့်မယ်။ တစ်ခြား အလုပ်မှာ တိုးတက်ဖို့ကိုလည်း သုံးလို့ရပါသေးတယ်။

 ဒီနေ့ကတော့ အလုပ်မှာ အဆင်ပြေခဲ့တယ်။ အောင်မြင်မူတွေရလာခဲ့တယ် အစရှိသဖြင့်ပေါ့။ app သုံးရာမှာ PIN Code တွေနဲ့ ပိတ်ထားလို့ရပြီး တကယ်လို့ သင့်ရဲ့ ရည်းစာ က အဲဒီ ကုဒ်ကို ဖြေနိင်သွားရင် password ကို သိသွားရင်တော့ ဆက်ပြီး ဆန်းစစ်ချက်တွေ လုပ်နိင်မှာ မဟုတ်လောက်ပါဘူး iOS အတွက်သာ လက်ရှိရရှိနိင်ပြီး အသုံးပြုချင်ရင်တော့ Apple store မှာ $1.99 ဖြင့် ၀ယ်ယူနိင်ပါတယ်။
Boyfried Log App လင့် >>> http://goo.gl/HsqIS7 

Credit : yoyarlay

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts