Friday, May 16, 2014

Program တွေကို ဖြုတ်တဲ့နေရာမှာ အကောင်းဆုံးနှင့် ကျွန်တော် အကြိုက်ဆုံး Advanced uninstaller v-10.5.6



အရင်တုန်းကတော့ your uninstaller က ကောင်းတယ်ပေါ့. ဒါပေမယ့် အခု program တွေ ဖြုတ်တဲ့နေရာမှာ အတော်လေး စုံပြီးတော့ အထဲမှာ များပြားလှတဲ့ tools တွေနဲ့ ပြည့်နှက်နေတဲ့ Advanced uninstaller ကို တော့ လုံးဝ မမီနိုင်တော့ပါဘူး. Program တွေကို uninstall လုပ်တဲ့နေရာမှာ ကုန်စင်အောင် ဖြုတ်ပေးနိုင်တဲ့အပြင် အထဲမှာ ဘာတွေ အပိုပါသလဲဆိုတော့ .. 

  • Uninstall Programs Tool
  • Installation monitor Tool
  • Startup Manager Tool
  • Windows Services Tool
  • Quick Cleaner Tool
  • Start Menu Cleaner Tool
  • Start Menu Items Manager Tool
  • Font Manager Tool
  • Control panel Manager Tool
  • Web Tool
  • General Tools
  • File & Folder Tools
  • Internet Browser Tools
  • Registry Tools
  • Reports & Extra Tools စတဲ့ Tools တွေ ပါဝင်ပါတယ်.

အခုတင်ပေးလိုက်တဲ့ Advanced uninstaller version-10.5.6 ဟာ နောက်ဆုံးထွက် Version ဖြစ်ပါတယ်. ကျွန်တော် ဘာ့ကြောင့် ကြိုက်ရတယ်ဆိုတာကို Download လုပ်ပြီး သုံးကြည့်လိုက်ရင် သိပါလိမ့်မယ်. တစ်ခါတစ်လေ တစ်ချို့ program တွေကို ဖြုတ်တဲ့နေရာမှာ window မှာ တစ်ခါတည်း ပါထားပြီးသားဖြစ်တဲ့ programs and features ထဲကနေ ဖြုတ်တဲ့အခါမှာ ကုန်စင်အောင် မဖြုတ်ပေးဘဲနှင့် registry ထဲမှာ ကျန်နေခဲ့တတ်ပါတယ်. အဲ့လို မျိုး ကျန်နေခဲ့ရင် နောက်ထပ် program တင်တဲ့အချိန်မှာ တင်မရတာမျိုး ကြုံတွေ့ရတတ်ပါတယ်. ဥပမာ adobe product ဖြစ်တဲ့ adobe premiere တင်သည့်အခါမှာ သော်လည်းကောင်း၊ Antivirus program များကို မိမိလက်ရှိ သုံးနေသည့် antivirus program ကို မကြိုက်လို့ တစ်ခြား antivirus program ကို ပြောင်းတင်တဲ့ အခါမှာ ယခင်က antivirus program ကို ကုန်စင်အောင် မဖြုတ်နိုင်တဲ့အတွက် တင်လို့မရတဲ့ အခက်အခဲမျိုးတွေကို မကြာခဏ ကြုံဖူးကြမှာပါ. အဲ့လိုမျိုးအခက်အခဲတွေ မဖြစ်ရလေအောင် uninstaller program တွေကို သီးခြား ထပ်ပြီး သီးသန့်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်. ကျွန်တော်ပြောတာ မရှင်းရင် Kaspersky တင်မရခြင်းပြဿနာအစ AVG က ဆိုတဲ့ နာမည်နဲ့လားမသိဘူး ရေးခဲ့ဖူးပါတယ်. ရှာဖတ်ကြည့်လိုက်ရင် ရှင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ယခု တင်ပေးတဲ့ Advanced uninstaller version-10.5.6 ကို Download လုပ်ချင်ရင် အောက်မှာ တင်ထားပေးပါတယ်. File Hosting အသစ်ကနေ တင်ပေးထားတာ ဖြစ်လို့ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.
Posted by ညီနေမင်း
Download Advanced uninstaller v-10.5.6

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts