အသွင်အပြင် ဖွဲ့စည်းမူ
တကယ့်ကို ပါလွှားပြီး 0.36 အထူသာရှိပါတယ်။ တောက်ပမူတွကလည်း ipad တွေကို ကောင်းကောင်းယှဉ်နိင်ပါတယ်။ အရင် Surface 2 နဲ့ Surface Pro 2 တို့မှာတွေ့ရတဲ့ တူညီသော သတ္တုကိုအသုံးပြုထားပြီး အောက်ခြေတန်းတွေကလည်း အနောက်ဘက်ကို ၁၅၀ ဒီဂရီအထိကိုနောက်ပြန်လှန်နိင်ပါတယ်။
အသေးစိတ်အချက်များ
USB 3.0 အပေါက်၊ အပြင်ဖက် မော်နီတာတွေအတွက် ထပ်မံပေါင်းထည့်ကြည့်ရူနိင်မဲ့ Display အပေါက်၊ နားကြပ်အပေါက်၊ မိုက်ခရို SD အပေါက်၊ built-in storage (64GB to 512GB တို့ကိုတွေ့ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင်က ၁၂ လက်မ အထိ ကျယ်ပြန့်ပြီး ရုပ်ထွက်မှာလည်း 1,920 x 1,080 ကနေ 2,160 x 1,440 အထိကိုမြင့်တက်လာတာကိုတွေ့ရပါတယ်။
ဘောပင် ရဲ့ထူးခြားမူ
Screen မျက်နှာပြင် ပိတ်နေတဲ့အချိန်မှာ ဘောပင်ရဲ့အပေါ်ဘက်မှာပါရှိတဲ့ ခလုတ်ကို နှိပ်ပြီး နိုးနိင်ပါတယ်။ နှိပ်လိုက်တဲ့အခါ Screen ဟာ လင်းလာပြီး Lock Screen ဆီကနေ Note အခုကို သုံးနိင်စေမှာ ဖြစ်ပါတယ်။ Login တောင် မ၀င်ဘဲနဲ့ပေါ့။ ကီးဘုတ်ရဲ့ ပါးလွှားမူ Laptop ရဲ့ ပြန်လည်အစားထိုးမူတစ်ခုဖြစ်တဲ့ ကီးဘုတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို touchpad ဟာ တွေ့နေရတဲ့ ကီးဘုတ်တွေထက် ပိုကြီး ပို ရှင်းလင်းပါတယ်။ ပုံမှန် Tablet တစ်လုံးနဲ့ ချိတ်ထားတဲ့ ကီးဘုတ်ကို မလိုတော့ရင် ပြန်လည်ခေါက်သိမ်းနိင်မှာပဲ ဖြစ်ပါတယ်။
ကင်မရာနဲ့ ဘတ္တရီသက်တမ်း
Dual 5Mp, 1080 P တွေရိုက်ကူးနိင်ပါမယ်။ အင်တာနက် browser လုပ်နေတဲ့အတော့အတွင်းမှာတောင် ၉နာရီနဲ့အထက်ကို သုံးနိင်တာ ကိုတေ့ရပါတယ်။ OS နဲ့ ဆက်သွယ်မူ Windows 8.1 ပါ။ ဘလူးတုမ့် 4.0 LE နဲ့ Wi-Fi ဆက်သွယ်မူလိုင်းမှာ အကောင်းဆုံးနဲ့ နောက်ဆုံးထွက်ဖြစ်တဲ့ 802.11ac အထိရရှိနိင်တာကို တွေ့ရပါတယ်။
ဈေးနှုန်းကတော့ $799 ကနေ $1949 အထိရှိနိင်တာဖြစ်ပြီး i Pad air ထက်တော့ ဈေးချိုတာကိုတွေ့ရပါတယ်။
No comments:
Post a Comment