မိတ်ဆွေတို့ရဲ့ မိုဘိုင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေကို ခိုးယူမူပြုပြီး ဌင်းတို့ကို ဆုပ်ကိုင်ကာ ပြန်ပေးငွေ ညစ်လာနိင်တဲ့ Android malware အသစ်တစ်ခု တွေ့ရှိတယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ http://arstechnica.com/ ရဲ့ အဆိုအရ ထို Simplocker လို့ခေါ်ပြီး ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းအတွင်းရှိ ဓာတ်ပုံနဲ့ အခြား အရာတွေကို ခိုးယူ လော့ချထားပြီး ပြန်ပေးငွေအတွက် ပြန်လှယ် သိုလှောင်တဲ့ ဆော့ဝဲလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ အခုအနေဖြင့် ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ လူတွေဟာ အဓိပစ်မှတ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပါတယ်။ ပို့စ်တင်ထားတဲ့ Screenshot ထဲမှာ ပါရှိချက်အရ hacker တွေဟာ ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ယူကရိန်ငွေကို တောင်းပြီး ဖုန်းကို လော့ ဖွင့်ပေးမယ်လို့ ပြောနေပါတယ်။ ထိုသို့ ငွေပေးချေ ပြီးတဲ့နောက် မှာတော့ ဖုန်းဟာ ပြန်လည် အသုံးပြုရန်အတွက် ၂၄ နာရီအတွင်း လော့ပွင့်မှာလို့ ဆိုပါတယ်။ ပေးပို့လာတဲ့ မတ်ဆေ့တွေထဲမှတော့ ဖုန်းအသုံးပြုသူ တွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒေါင်းလုပ်ခ်တွေကို ပြုလုပ်တဲ့အတွက် ထိုသို့ဖြစ်တာပါလို့ အသုံးပြုသူတွေကို ပြန် စွပ်စွဲထားပါတယ်။ ထို malware တွေကို ဒီအတိုင်းဖယ်ပစ်ဖို့ကတော့ ဖုန်းရဲ့ safe mood မှာ ရှိနေတဲ့အချိန် rebooting လုပ်လို့ ရနိင်တယ်လို့ သတင်းဌာနတစ်ခုကလည်း ဆိုပါတယ်။ သို့ပေမဲ့လည်း အသုံးပြုသူတွေရဲ့ အတွင်းရေးတွေကို ကာကွယ်ပေးထားနိင်တဲ့ encrypted ဖိုင်တွေကို ဆုံးရှုံးနိင်ပါတယ်။အကြောင်းကတော့ မော်ဝဲလ်ရဲ့ အထဲမှာ AES Key ကို ပြန်လှယ် ခုခံဖို့ အတွက် သိမ်းယူပြီးသွားလို့ပါ။ ဒီသတင်းကတော့ ပြီးခဲ့တဲ့ ရက်တွေဆီက သြစတြီးရီယားမှာ ရှိတဲ့ Apple အသုံးပြုသူတွေဟာ သူတို့ဖုန်းဟာပြန်ပေးငွေတွေအတွက် ဟတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာပြီးနောက် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဖုန်းကို unlock ဖြစ်ဖို့အတွက် Paypal အကောင့်တစ်ခုဆီကို ဒေါ်လာ (၅၀) ပို့ပါဟု စတဲ့ တိုက်တွန်းတဲ့ မတ်ဆေ့တွေဟာ သြစတြီးရီးယားမှာ ရှိတဲ့ i Phone, iPad, Mac သမားတွေဆီမှာ အမြောက်အမြား ရရှိခဲ့တာ ဖြစ်ပါတယ်။ " Find My Phone " ဆိုတဲ့ alarm ဟာလည်း တစ်ချိန်တည်းမှာပဲ တစ်အိအိ မည်နေတယ်လို့ သိရပါတယ်။
Thursday, June 12, 2014
ပြန်ပေးငွေ ညစ်လာတဲ့ Android ပေါ်က Malware ( ဗိုင်းရပ်စ် )

Subscribe to:
Post Comments (Atom)
No comments:
Post a Comment