Tuesday, June 3, 2014

အရေပြားဆဲလ်မှ သုက်ပိုးဆဲလ်သို့ ပြောင်းလဲသည့် နည်းပညာ တွေ့ရှိ


အရေပြားဆဲလ်မှ သုက်ပိုးဆဲလ်သို့ ပြောင်းလဲသည့် နည်းပညာ တွေ့ရှိ အမေရိကန် နိုင်ငံမှ သုတေသီ တစ်စုသည် လူသားတစ်ဦး၏ အရေပြားဆဲလ်များကို အသုံးပြုကာ သုက်ပိုးဆဲလ်အဖြစ် ပြောင်းလဲဖန်တီးနိုင်မည့် နည်းလမ်းကို တွေ့ရှိထားပြီဟု သိရသည်။

  အနာဂတ် ကာလများတွင် မြုံနေသော အမျိုးသားများအတွက် သားသမီး ရရှိနိုင်မည့် မျှော်လင့်ချက်သစ် တစ်ခုကို သိပ္ပံပညာရှင်များက စတင်ဖမ်းဆုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံမှ သုတေသီ တစ်စုသည် လူသားတစ်ဦး၏ အရေပြားဆဲလ်များကို အသုံးပြုကာ သုက်ပိုးဆဲလ်အဖြစ် ပြောင်းလဲဖန်တီးနိုင်မည့် နည်းလမ်းကို တွေ့ရှိထားပြီဟု သိရသည်။ အဆိုပါ နည်းပညာဖြင့် ပြောင်းလဲထားသည့် ရလဒ်ပိုင်းသည် လတ်တလော အခြေအနေအရ သုက်ပိုးဆဲလ်များ၏ ကနဦးအဆင့် ဖြစ်တည်မှု အခြေအနေတွင်သာ ရှိသေးသည်။ သို့သော်လည်း အဆင့်မြှင့်တင် သုတေသနပြုမှုများဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ပိုင်းကို ဖော်ဆောင်နိုင်မည်ဟု ပညာရှင်များက ယုံကြည်ထားသည်။

အဆိုပါ အသွင်ပြောင်း သုက်ပိုးဆဲလ်များသည် မြုံနေသော အမျိုးသားတစ်ဦး၏ မျိုးဗီဇကို ရယူကာ သားသမီးများ မွေးဖွားနိုင်အောင် စွမ်းဆောင်ပေးနိုင်မည့် အခြေအနေလည်း ရှိနေသည်။ စတန်းဖို့ဒ်တက္ကသိုလ်မှ ဦးဆောင်သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ရိုင်ဂျိုပီရာက “ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားက စမ်းသပ်ဆဲ ပုံစံမျိုးမှာပဲ ရှိသေးတာပါ။ ပြောင်းလဲထားတဲ့ သုက်ပိုးဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု အခြေအနေကို လေ့လာနေတုန်းပါပဲ။ ဒါကြောင့် ဆဲလ်အခြေခံ စမ်းသပ်မှုတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ လက်တွေ့အသုံးပြုကြည့်ဖို့ လိုပါသေးတယ်။ ဥပမာပြောရရင် လက်ရှိထက် အရည်အသွေးပိုကောင်း၊ အရေအတွက် ပိုများတဲ့ သုက်ပိုးဆဲလ်မျိုးတွေ ဖန်တီးယူနိုင်တဲ့ အခြေအနေမျိုး ဆိုပါတော့”ဟု ဆိုသည်။

၎င်းက “Stem Cell နည်းပညာကို အခြေခံတဲ့ ဒီလုပ်ဆောင်မှုအရ ပြောင်းလဲထားတဲ့ သုက်ပိုးတွေကို မြုံနေတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့ထဲ တိုက်ရိုက် ဖြည့်တင်းပေးပြီး မျိုးပွားလို့မရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။ သုတေသီများသည် မြုံနေသော အမျိုးသား(၃)ဦးကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များက အရေပြားလွှာမှ တွယ်စပ်အမျှင် တစ်သျှူးများကို Stem Cell နည်းပညာဖြင့် ပြောင်းလဲစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်ပိုင်းအနေဖြင့် သုက်ပိုးဆဲလ်များ၏ ကနဦးအဆင့် အခြေအနေမျိုးကို ကျန်းမာသန်စွမ်းသည့် အဆင့်အတန်းမျိုးဖြင့် ဖန်တီးထားနိုင်ကြောင်း သိရသည်။ ယခုစမ်းသပ်ချက် အသေးစိတ် မှတ်တမ်းများကို Cell Reports ဆေးပညာဂျာနယ်၌ ဖော်ပြထားခဲ့သည်။

Planet Myanmar Network.

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts