Thursday, June 5, 2014

အဆစ်အမြစ်ရောင် ရောဂါရှိသူများ နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများ


အဆစ်အမြစ်ရောင် ရောဂါရှိသူများ နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများလေ့လာချက် အသစ်တစ်ရပ် အရ အဆစ်အမျက်ရောင် ရောဂါရှိ သူများသည် သေစေနိုင် လောက်သော နှလုံးရောဂါ ပြဿနာများ ဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း ပို၍
များပြားကြောင်း ပညာရှင်တို့က မတ်လ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။ Rheumatoid Arthritis ဟုခေါ်သော အဆစ်အမျက်ရောင် ရောဂါဝေဒနာ သည်များသည် နှလုံးခုန်နှုန်း မမှန်မှု ဖြစ်ပေါ်နိုင် ခြေ ၄ဝ ရာခိုင်နှုန်း ပို၍များပြားပြီး ယင်းက နှလုံးရောဂါဖောက် ကာ သေဆုံးခြင်းဆီသို့ ဦးတည် သွားနိုင်သည်။
၎င်းတို့သည် လေဖြတ်ခြင်းဖြစ်နိုင်ခြေလည်း ၃ဝ ရာခိုင်နှုန်း ပို၍များပြား သည်။ ဒိန်းမတ်နိုင်ငံမှ သုတေသန ပညာရှင်များက အဆစ် အမျက်ရောင်ရောဂါကြောင့်ဖြစ်ပေါ်သော အဆစ်များ ရောင် ရမ်းမှုက နှလုံးခုန်နှုန်းကို မူမမှန်ဖြစ်စေပြီး Atrial Fibrillation ဟုခေါ်သော အနေအထားတစ်ရပ်ကို ဖြစ်ပေါ်စေသည်ဟုဆို သည်။ ယင်းကြောင့် သွေးလှည့်ပတ်စနစ် အတွင်း သွေးခဲများ ဖြစ်ပေါ်ပြီး လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင် သည်ဟု ဆိုသည်။
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts