Thursday, June 12, 2014

အပန်းဖြေခရီးထွက်ဖို့ လိုအပ်နေပြီဆိုတာ သိသာစေတဲ့ အချက် (၁၀) ချက်

လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး ဟိုးအရင်တုန်းက ကမ်းခြေမှာ လမ်းလျှောက်ခဲ့တဲ့အချိန်လေးတွေ၊ တောင်ကုန်းပေါ်မှာ ရယ်မောပျော်ရွှင်ခဲ့ချိန်တွေကို တမ်းတနေရပြီလား။ အလုပ်က တစ်ရက်မှ အနားမရသလို အိမ်ရောက်ရင်လည်း လုပ်စရာတွေ ပုံနေပြီလား။ အားလုံးကို ချန်ထားပြီး အပန်းဖြေခရီးထွက်ဖို့ လိုကိုလိုနေပြီဆိုတာ ဒီလိုအချက်ကလေးတွေကိုကြည့်ပြီး သိသင့်ပြီပေါ့။

၁။အိပ်ယာနိုးနိုးချင်းပဲ ရေရွတ်မိတာက .. "အား..ဒီဘ၀ကြီးကို စိတ်ကုန်လိုက်တာ" ဆိုတဲ့အရာလား။ တစ်ရက်တစ်ရက် ဘယ်လိုတွေကုန်နေမှန်းတောင် မသိရဘူး။ အနားကို မရဘူးလို့ ခံစားနေရပြီဆိုရင်တော့ ခရီးတိုလေးဖြစ်ဖြစ် ထွက်သင့်နေပြီပေါ့။
၂။အလုပ်နားရက်တွေမှာတောင် အိမ်မှာ အလုပ်တွေယူပြီး လုပ်နေရတယ်။ အလုပ်တွေ မပြီးလို့ သူများတွေ အလုပ်ပိတ်တဲ့နေ့တွေ၊ အချိန်တွေမှာတောင် အလုပ်ကနေ မပြန်ရဘူးဆိုရင်တော့ ကြာရှည်ခံနိုင်ရည်စွမ်းတွေ လျော့ကျလာပါလိမ့်မယ်။ ဒါဆိုလည်း ခရီးထွက်တာ အကောင်းဆုံးပါပဲ။
၃။အလုပ်ကနေ နေ့လည်ဘက် ထမင်းထွက်စားဖို့တောင် မလွယ်တော့ဘူး။ ထမင်းတောင် ကွန်ပျူတာရှေ့ယူစားရတဲ့အဖြစ် ရောက်နေပြီဆိုရင်တော့ ခရီးစဉ်တစ်ခုအမြန် ဆွဲလိုက်ပါတော့။
၎။အလုပ်ကနေ နေ့ခင်းဘက် ကော်ဖီလေးဘာလေး အပြင်ထွက်သောက်တာ၊ သူငယ်ချင်းနဲ့ ချိန်းထားလို့ ခဏထွက်တွေ့ရတာကိုတောင် ကိုယ့်စိတ်ထဲမှာ အပန်းဖြေခရီးထွက်ရသလို စိတ်ချမ်းသာမှုကို ပိုင်ဆိုင်နေရတယ်လို့ ခံစားမိတယ် ဆိုရင်တော့ အပန်းဖြေခရီးသာထွက်လိုက်ရရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်လိုက်ပါတော့။
၅။လုပ်ဖော်ကိုင်ဖက်တွေကို မြင်ချင်တွေ့ချင်စိတ် မရှိတော့ဘူး။ သူတို့နဲ့ ပြဿ      နာဖြစ်ထားတာမျိုးမရှိပဲ သူတို့ကို မြင်ချင်စိတ် မရှိတော့တာမျိုးဆိုရင် သင်ဟာ အလုပ်ကိုငြီးငွေ့လွန်းတာကြောင့် ဒီလိုခံစားရတာမျိုးဆိုတာ သတိရပါ။
၆။ခုတစ်လော စိမ်းစိမ်းစိုစို နေရာလေးတွေကို အင်တာနက်ကဖြစ်ဖြစ်၊ မဂ္ဂဇင်းတွေထဲက ဖြစ်ဖြစ် မြင်တာနဲ့ သွားချင်စိတ်တွေ ဖြစ်နေမိတယ်။ ကိုယ်မသွားရတဲ့ ကမ်းခြေလိုနေရာမျိုးတွေ၊ တောင်ပေါ်ဒေသတွေရဲ့ ရှုခင်းဓာတ်ပုံလေးတွေကို ကွန်ပျူတာ desktop ပေါ်မှာ တင်ထားတဲ့အထိဖြစ်နေပြီဆိုရင်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခွင့်ယူပြီး အပန်းဖြေခရီးထွက်လိုက်ပါတော့။
၇။ကြားရက်လေးတစ်ရက်လောက် ရုံးပိတ်သွားတာကို ပါးစပ်မစိနိုင်အောင် ပျော်နေရပြီဆိုရင်လည်း သင်ဟာ အလုပ်ကြောင့် စိတ်ပင်ပန်းပြီး အပန်းဖြေခရီးထွက်ဖို့ လိုအပ်နေသူလို့ ယူဆနိုင်ပါတယ်။
၈။အလုပ်ချိန်အတွင်း Gtalk မှာ သူငယ်ချင်းတွေနဲ့ စကားပြောချင်စိတ်တောင် မရှိတော့ဘူး။ အရာရာဟာ ပျင်းဖို့သိပ်ကောင်းတယ်လို့ ခံစားမိနေရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ဖို့ လိုပြီပေါ့။
၉။စနေ၊ တနင်္ဂနွေတွေမှာလည်း အိမ်အလုပ်တွေနဲ့ ရှုပ်နေရတာမို့ နားချိန်မရှိဘဲ တင်္နလာနေ့ပြန်ရောက်မှာ စိတ္တဇလို ဖြစ်နေပြီဆိုရင် ဒါဟာ သင့်အတွက် စိတ်ဖိစီးမှုကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ခရီးထွက်လိုက်တာဟာ စိတ်တွေ ပြန်လည်လန်းဆန်းစေဖို့အတွက် အကောင်းဆုံးနည်းပါ။
၁၀။ခရီးမထွက်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ခရီးသွားရင်သုံးမယ့် ပိုက်ဆံတွေကို ဟိုဆိုင်သွားစားလိုက်၊ ဒီဆိုင်မှာ လိုချင်တာဝယ်လိုက် လုပ်တာနဲ့ ခရီးထွက်တာဟာ ဘယ်လိုမှ အရသာချင်း မတူနိုင်ပါဘူး။
 မေသော်
Ref:cosmopolitan.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts