Thursday, June 5, 2014

တိုင်ရာမင်းနှင့် ခေါင်းကိုက်ခြင်း


တိုင်ရာမင်းနှင့် ခေါင်းကိုက်ခြင်းခေါင်းကိုက်ရောဂါ ဝေဒနာရှင် များ၊ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ရှင်များ အတွက်  အချို့သော အစား အစာတွေဟာ ဝေဒနာကို ဖြစ်ပေါ် အောင် လှုံ့ဆော်ပေးတဲ့ အရာအဖြစ် ဆောင်ရွက် ပါတယ်။ စပျစ်သီးမှာ ကယ်လိုရီ အနည်း ငယ်သာ ပါဝင်ပြီး ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ တစ်ခုဖြစ် ပါတယ်။
ဒါ့အပြင် စပျစ် သီးမှာ တိုင်ရာမင်းလို့ခေါ်တဲ့ ပစ္စည်း တစ်ခုပါဝင်နေ ပါတယ်။ ထို တိုင်ရာ မင်းဟာ အစားအစာတွေ ထဲမှာပါတဲ့ ပရိုတင်း ပြိုကွဲတဲ့
အခါ ဖြစ်ပေါ်လာ တဲ့ အမိုင်နိုအက်စစ် တစ်ခု ဖြစ်ပါ တယ်။ တိုင်ရာမင်းဟာ သွေးတွင်း ဖိအားကို မြင့်တက်စေပြီး အချို့ သောသူများတွင် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေ ပါတယ်။
စပျစ်သီးစားလို့ ခေါင်းကိုက်လာတဲ့ အတွေ့အကြုံရှိ ရင် အောက်ပါအစားအစာများကို လည်း ရှောင်ကြဉ်ရပါလိမ့်မယ်။ အသားကင်၊ ချိစ်၊ (စီးထရက်သီး) ချဉ်ပြီး အရည် ရွှမ်းသော အသီးများ၊ ပဲ ငံပြာရည်၊ အနီရောင်ဝိုင်၊ ဘီယာတို့ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်အရ တိုင်ရာမင်းဟာ စိတ်ဓာတ်ကျရောဂါကု ဆေးဝါး MAOLS အပေါ်မှာ မကောင်း သော အကျိုးသက်ရောက်မှု ဖြစ်စေ ပါတယ်။ ဒါကြောင့် ထိုဆေးဝါးများ သောက်သုံးနေရသော လူနာများ ဟာ ရှောင်ကြဉ်ရမည့် အစား အသောက်များနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့် ပါတယ်။
တိုင်ရာ မင်းကြွယ်ဝတဲ့ ဘယ် အစားအစာတွေနဲ့ မတည့်ဘူး ဆိုတာ မိမိဘာသာမိမိ စာရင်းပြုစုပြီးမှတ် သားထားပါ။ ဘယ်အစားအစာတွေ က ခေါင်းကိုက်ဝေဒနာကို ဖြစ်ပေါ် စေသလဲဆိုတာကို သတိထားစောင့် ကြည့်ပြီး ရှောင်ကြဉ်ပါ
Health Digest

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts