လင်ကရူဇာဆစ်ဂနပ်စ် ကား ကြီးသည် ဖြည်းညည်းစွာ မောင်း နှင်ရင်း လမ်းကျဉ်းကလေးထဲသို့ တလှိမ့်လှိမ့် ဝင်လာနေ၏။
လမ်းဘေးဝဲယာတစ်လျှောက် တွင် ကြီးမားလှသော ပိတောက် ပင်ကြီးများ အစီအရီ ပေါက်နေကြ ၏။
ထိုလမ်းကလေးတွင် တရား ဝင်အမည်မရှိသော်လည်း ရပ်ကွက် နေ အများပြည်သူက ပိတောက် လမ်းဟု အမည်ပေးထားကြ၏။
ထိုလမ်းကလေးအဆုံးတွင် ခေတ်မီနှစ်ထပ်တိုက်ကလေး ရှိ၏။
ကားကြီးသည် တိုက်ရှေ့ဆင် ဝင်အောက်တွင် ရပ်လိုက်သော အခါ အငြိမ်းစားကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးက ထွက် ကြိုနေ၏။
''လာ လာ၊ တူမကြီး၊ အတော် ပဲ မုန့်ဟင်းခါး ချက်ထားတယ်''
ကားပေါ်မှ ဒေါက်တာပွင့် သက်တင် ဆင်းလာ၏။
''အတော်ပဲ အန်တီအေး၊ မုန့် ဟင်းခါး မစားရတာကြာပြီ''
''တူမကြီးအကြိုက် ချက်ထား တယ်။ မြောင်းမြဒေါ်ချိုပုံစံလေး။ ဘူးသီးကြော်ရယ်၊ ငါးဖယ်ရယ်၊ ဘဲဥရယ်၊ စုံစုံလင်လင်လုပ်ထား တယ်''
''ကောင်းတာပေါ့ အန်တီ အေး၊ တဝစားပစ်လိုက်ဦးမယ်''
''ကဲ- လာ၊ ထမင်းစား ခန်းထဲ သွားရအောင်''
တူဝရီးနှစ်ယောက် ထမင်းစား ခန်းသို့ ရောက်သောအခါ အသင့် ပြင်ဆင်ထားသော မုန့်ပန်းကန် ကိုယ်စီယူ၍ ဟင်းရည်ဆမ်းကာ စားကြ၏။
''ကောင်းရဲ့လား၊ တူမကြီး''
''အရမ်းကောင်းတာပဲ။ ဒေါက် တာယုစန္ဒာတို့၊ မြမြအေးတို့၊ တင် တင်ဦးတို့ကို ကျွေးချင်လိုက်တာ''
''ရပါတယ်။ နောက်တစ်ပတ် ကျရင် ဖိတ်လိုက်လေ။ အန်တီ အေး ချက်ထားမယ်''
''ဟုတ်ကဲ့ အန်တီအေး၊ ဆရာ ကြီးဦးငွေအိုး သက်သာရဲ့လား''
''မသက်သာပါဘူး၊ အဆုတ် ကင်ဆာဆိုပဲ''
ဒေါ်ခင်အေးနှင့် လုပ်ဖော်ကိုင် ဖက် မိတ်ဆွေဖြစ်သော အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးငွေအိုး သည် ဆေးရုံတက်ကာ ကုသနေရ ၏။
''ဆရာကြီးက ဆေးလိပ် အရမ်းသောက်တာကိုး''
''ဟုတ်တယ်၊ ဆေးလိပ်ဖြတ် ခိုင်းတာလည်း မရဘူး''
''ဆေးလိပ်က သိပ်ဆိုးတာ။ ရှောင်ရင်တော့ ကောင်းကျိုးရှိ တယ်''
''ဘယ်လိုရှိတာလဲ၊ ပြောပြပါ ဦး''
''ဒီလို
အန်တီအေးရဲ့၊ Lancet ဆိုတာက ကမ္ဘာကျော် ဆေး ပညာဂျာနယ်တစ်စောင်ပဲ။ သုတေ
သနတစ်ခုအကြောင်း Lancet ထဲ မှာပါလာတယ်။ သုတေသနအရ ဆေးလိပ် မသောက်ရ
နယ်မြေတွေ ကန့်သတ်ပေးလိုက်တော့ ပန်းနာ ရင်ကျပ်ရောဂါရယ်၊ လမစေ့ဘဲ မွေးတာရယ်
၁ဝ ရာခိုင်နှုန်း လျော့ ကျသွားတယ်တဲ့''
''ကောင်းလာတဲ့သဘောပဲ''
''ဟုတ်တယ်
အန်တီအေး၊ အများပြည်သူသွားလာနေတဲ့ နေ ရာမျိုးမှာ ဆေးလိပ် မသောက်ဖို့
ဥပဒေနဲ့ တားတယ်။ ဒီလို တား လိုက်တော့ ကလေးငယ်တွေ ဆေး လိပ်ငွေ့ ရှူရတာ
ကင်းဝေးသွား တယ်။ ကလေးတွေ ကျန်းမာရေး ကောင်းလာတယ်။ ဒါကို သုတေသ နလုပ်ပြီး
Lancet ထဲမှာ ဖော်ပြ ထားတယ်''
''ဘယ်လောက်ကြာတော့ ကောင်းလာမယ်တဲ့လဲ''
''ဆေးလိပ်မသောက်ရ
ဥပဒေ ကို ပြဋ္ဌာန်းပြီး တစ်နှစ်ကြာတဲ့အခါ လမစေ့ဘဲ မွေးတာတွေ၊ ပန်းနာရင်
ကျပ်ရောဂါတွေ ၁ဝ ရာခိုင်နှုန်း လျော့သွားတယ်တဲ့''
''ကောင်းတာပေါ့ကွယ်''
''သုတေသနအဖွဲ့က မြောက် အမေရိကနဲ့ ဥရောပတိုက်က အ ရင်လုပ်ခဲ့ဖူးတဲ့ သုတေသန ၁၁ ခု ကို ပြန်ပြီးခွဲခြမ်းစိတ်ဖြာ လေ့လာ တာတဲ့''
''အကျိုးရှိတာပေါ့ကွယ်''
''အင်္ဂလန်မှ
The Royal Collage of Obstetricians and Gvnaecologists ဆိုတာရှိတယ်။
သားဖွားမီးယပ်ဆိုင်ရာ တော်ဝင် သမားတော်များ ကောလိပ် ဆိုပါ တော့။ ဒီကောလိပ်က
ပါရဂူတွေ က ပြောတယ်။ ဆေးလိပ်ကန့် သတ်တာဟာ လူကြီးရော ကလေး ပါ
အကျိုးရှိပါတယ်တဲ့''
''ဟုတ်တာပေါ့ကွယ်''
''ခုသုတေသနက သုတေသန
အကြီးစားတွေထဲက တစ်ခုပဲ အန် တီ။ ပထမဆုံးလုပ်တဲ့ သုတေသန စာရင်းမှာ ပါတယ်။
ဆေးလိပ်ကန့် သတ်တာကြောင့် ကွဲပြားခြားနားတဲ့ တိုင်းပြည်တွေနဲ့ ဒေသတွေမှာ
ကလေးတွေရဲ့ကျန်းမာရေး ကောင်း လာတာကို ပြတဲ့ ခိုင်မာတဲ့ သက်
သေပြချက်ပါပဲတဲ့''
''ဘယ်နေရာတွေမှာ ကန့် သတ်တာတဲ့လဲ''
''ဥပမာ-
အရက်ဆိုင်၊ ဘီယာ ဆိုင်၊ ပျော်ပွဲစားရုံ၊ စားသောက်ဆိုင် လုပ်ငန်းခွင့် စတဲ့
နေရာတွေပေါ့။ အများပြည်သူ ဝင်ထွက်သွားလာ တဲ့ နေရာမျိုးတွေပါပဲ။ ဆေးလိပ်
သောက်တဲ့လူကထွက်တဲ့ ဆေးလိပ် ငွေ့က မသောက်တဲ့ လူဆီလည်း ရောက်တယ်လေ။ ဆေးလိပ်မ
သောက်တတ်ဘဲ ဆိုးကျိုးရတာ ပေါ့။ ဒါကို ဏျေငလနှာသုငညါ လို့ ခေါ်တယ်။ ခုလို
ဥပဒေနဲ့ ကန့် သတ်တော့ ဆေးလိပ်မသောက် တတ်တဲ့ လူတွေဟာ Passive Smoking
ရဲ့ဒဏ်ကို မခံရတော့ ဘူး။ မဆိုင်တဲ့လူတွေ ဒုက္ခမရောက် တော့ဘူးပေါ့''
''ကောင်းတာပေါ့ကွယ်''
''ခုသုတေသနက တက္ကသိုလ် တွေ အများကြီးပါတယ်။ ပါရဂူ ပေါင်းစုံပဲ''
''ဘယ်တက္ကသိုလ်ကလဲ''
''University of Edinburgh ရယ်၊ Maastricht University ရယ်၊ Hasselt University ရယ်၊ Harvard Medical School ရယ်၊ အများကြီးပဲ''
''ဆေးရုံတွေ ပါသေးလား''
''ပါတယ်။
Brigham and Women's Hospital ပါတယ်။ သု တေသီတွေက မွေးဖွားမှုပေါင်း နှစ်
သန်းခွဲကျော်ကို လေ့လာခဲ့တယ်။ ပြီးတော့ ပန်းနာရင်ကျပ်နဲ့ ဆေးရုံ တင်ရတဲ့
ကလေးလူနာပေါင်း နှစ် သိန်းခွဲနီးပါးကိုလည်း လေ့လာခဲ့ တယ်''
''အများကြီးပဲနော်''
''ဟုတ်တယ်၊ အများကြီးပဲ။ ခု လို အများကြီးလုပ်မှလည်း ရလဒ် က ခိုင်ခိုင်မာမာရတာ''
''ပါရဂူတွေက ဘာပြောလဲ''
''Dr.Jasper
Been ဆိုတာက Netherlands က သူက Maast rich University MedicalCenter က
ပါရဂူပဲ။ သူက ခုအဖွဲ့ မှာ ခေါင်းဆောင်၊ သူက ပြော တယ်။ ဆယ်နှစ်အောက်ကလေး
တွေမှာ ရတဲ့ သုတေသီရလဒ်က သိပ်ကို ထင်ရှားပါတယ်တဲ့''
''ဘယ်လိုထင်ရှားတယ်တဲ့လဲ''
''ဆေးလိပ်ကန့်သတ်လိုက်
တော့ အများပြည်သူကျန်းမာရေး ကောင်းလာပါတယ်တဲ့။ အထူးသ ဖြင့် သန္ဓေသားရယ်၊
မွေးကင်းစ ရယ်၊ ၁၂ နှစ်အောက် ကလေးတွေ ရယ်မှာ သိသိသာသာ ကောင်းလာ ပါတယ်တဲ့။
WHO ဆိုတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဆေးလိပ် ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို
တစ် နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဖို့ အကြံပေးလမ်းညွှန်ထားပါတယ်တဲ့။
ခုသုတေသနရလဒ်ကလည်း WHO ကို ထောက်ခံနေတာ တွေ့ရပါ တယ်တဲ့'' ''WHO ကို
ထောက်ခံတာ ကောင်းတာပေါ့ကွယ်''
''ပြီးတော့ ရှိသေးတယ်။ သု
တေသီတစ်ဦးဖြစ်တဲ့ Professor Aziz Sheikh ကလည်း ပြောထား တယ်။ ဒီပါရဂူကြီးက
University of Edinburh မှာလည်း လုပ်တယ်။့ ညငလနမျငအပ သ် နိငည-ဘကမ့
မှာလည်း လုပ်တယ်။ သူက ပြောတယ်။ ခုလို ဥပဒေနဲ့ ထိန်း ချုပ်တဲ့အတွက်
ကလေးကျန်းမာ ရေးဟာ ပိုပြီးတိုးတက်လာမှာပါတဲ့။ ဥပဒေနဲ့ မလုပ်သေးတဲ့
တိုင်းပြည် တွေ ကျန်နေပါသေးတယ်တဲ့။ ခုသု တေသနရလဒ်အရ အဲဒီတိုင်းပြည် တွေဟာ
WHO ရဲ့ လမ်းညွှန်ချက် ကို လိုက်နာသင့်ကြပါပြီတဲ့''
''ဒါပေါ့ကွယ်၊ လိုက်နာသင့် တာပေါ့''
''အရင်က
လုပ်ခဲ့ဖူးတဲ့ သု တေသနအရ ဆေးလိပ်ငွေ့ ရှူနေ ရတဲ့ ကလေးတွေထဲမှာ ၄ဝ ရာခိုင်
နှုန်းဟာ အသက်ရှူလမ်းကြောင်း ရောဂါတွေ ဖြစ်လာတယ်။ ပန်းနာ ရင်ကျပ်တွေ
ဖြစ်လာတယ်ဆိုတာ သိရတယ်''
''ဆိုးတယ်နော်''
''ဒါတင်မကသေးဘူး။ ဥရော ပက
သုတေသနအရ ဆေးလိပ်ငွေ့ ရှူမိတဲ့ ကလေးတွေမှာ သွေးကြော ထူထဲလာတာ တွေ့ရတယ်။ ဒါ
ကြောင့် ဒီကလေးတွေ ကြီးပြင်း လာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါတို့၊
လေဖြတ်ရောဂါတို့ ဖြစ် နိုင်ခြေ များလာတယ်တဲ့''
''ကလေးတွေက နုလို့ထင် တယ်''
''ဟုတ်တယ်၊
အန်တီအေး။ ပါ ရဂူတွေက ပြောတာက ကလေး တွေရဲ့ အဆုတ်က ဖွံ့ဖြိုးဆဲပဲ ရှိ
သေးတာတဲ့။ ခံနိုင်ရည် နည်းပါး တယ်တဲ့။ ပြီးတော့ ကိုယ်ခံအား စနစ်ကလည်း
ဖွံ့ဖြိုးဆဲပဲ ရှိသေးတာ တဲ့။ ဆေးလိပ်ငွေ့ဒဏ်ကို ကလေး တွေက
ပိုပြီးခံစားရပါတယ်တဲ့''
''ဒါဆို ဥပဒေနဲ့ ထိန်းချုပ် သင့်ပြီပေါ့''
''ဟုတ်တယ်၊
ထိန်းချုပ်သင့် ပြီ။ ခုဥပဒေ ပြဋ္ဌာန်းထားတာက နယ်ကျဉ်းလွန်းတယ်။ ကမ္ဘာ့လူဦး
ရေစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းကပဲ ဥပဒေရဲ့ ကောင်းကျိုးကို ခံစားရ သေးတယ်။
Scotland လိုနေရာမှာ တောင် ၂ဝဝ၆ ခုနှစ်ကမှ ဥပဒေ ပြဋ္ဌာန်းခဲ့တယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ဥပဒေ မရှိသေးဘူး''
''ဒါဆို ဆက်ကြိုးစားကြရဦး မှာပေါ့''
''ဟုတ်တယ်၊
Professor Ronnie Lamont ကလည်း ကိုယ်ဝန် ဆောင်တွေ ဆေးလိပ်သောက်ရင်
သန္ဓေသားကို ထိခိုက်ကြောင်း သတိပေးထားတယ်။ ကျန်းမာရေး ဌာနကလည်း
ကလေးရှိနေတဲ့ကား ထဲမှာ ဆေးလိပ်မသောက်သင့် ကြောင်း ပြောထားတယ်။ ပြီးတော့
ဆေးရွက်ကြီးနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို အခွန်တိုးကောက် မယ်တဲ့''
''လုပ်သင့်ပါတယ်''
''Simon
Clark ကလည်း ပြောတယ်။ သူက director of the Smoker's Group တဲ့။ ဒီ Group
ကို Froest လို့ အမည်ပေး ထားတယ်။ ကလေးတွေ ရှိတာက အိမ်မှာရှိတာပါတဲ့။
ဒါကြောင့် လုပ် ငန်းခွင်တင်မကဘဲ အိမ်တွေအတွက် လည်း စဉ်းစားသင့်ပါတယ်တဲ့''
''စဉ်းစားသင့်တာပေါ့''
'''Simon
Clark ကတော့ ဆန့်ကျင်ဘက်က နေတဲ့လူပဲ။ သူ က ဆေးလိပ်သမားဘက်ကပါ။ ဒါပေမယ့်
ကလေးတွေ အိမ်မှာရှိ နေတာကို ထောက်ပြတာ မှန်တဲ့ အတွက် လက်ခံရမှာပါပဲ''
''ဆေးလိပ်ဘက်က လူလည်း ရှိသေးသကိုး''
''လူဆိုတော့လည်း လူဆိုး လူ ကောင်း ရှိသေးတာပေါ့။ ကဲ- အန် တီအေး၊ စားလို့လည်းဝပြီ။ သုံးပန်း ကန်ကုန်ပြီ''
''ဒါဆို အချိုတည်းဦး။ လက် ဖက်သုတ်ရယ်၊ ငါးခြောက်ဖုတ် ရယ်၊ မလိုင်ကရေကရာရယ်၊ မန္တ လေးထိုးမုန့်ရယ်၊ ရေနွေးကြမ်းနဲ့ မြည်းဦး''
''ဟာ- စားစရာတွေ စုံလှချည် လား''
''စုံဆို ဒါက ဆရာကျော်ဒါန လေ''
''ဒေါက်တာကျော်ဆွေသိန်း လား''
''ဟုတ်တယ်၊
တူမလေးက သူ့ ဆီမှာ ကုနေတာလေ။ လူပျိုကြီးက တူမလေးကို မေတ္တာနဲ့ကုပေးတယ်။
ဒါတင်မကသေးဘူး၊ အန်တီကိုပါ မေတ္တာနဲ့ ဒါနပြုနေတယ်။ စားစ ရာတွေ
လာလာပို့နေတယ်''
''အားနာစရာကြီး''
''ဘာလဲ၊ လက်မခံရဲဘူးလား''
''ဟဲ ဟဲ၊ များများယူခဲ့ပါလို့ သာ ပြောလိုက်ပါ အန်တီ''
''ဝါး ဟား ဟား ဟား''
ဒေါက်တာပွင့်သက်တင်၏ ဟာသကြောင့် ဒေါ်ခင်အေး ခွက် ထိုးခွက်လန် ရယ်မောလိုက်လေ တော့၏။
အောင်ဆေး-၁
No comments:
Post a Comment