Monday, June 23, 2014

အံရောသော်ဝ်.... မြောက်ကိုရီးယား ၂၀

မြောက်ကိုရီးယားရဲ့ တရားဝင် မှတ်တမ်းမှာတော့ သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးဟာ အမိဝမ်းက ကျွတ်လို့ ၃ ပတ်သားအရွယ်မှာတင် လမ်းလျှောက်နိုင်ပါသတဲ့။  ၈ ပတ်သားအရွယ်မှာ စကားစတင်ပြောနိုင်ပါသတဲ့။  သူ ကင်မ်အီလ်ဆုံ တက္ကသိုလ်မှာ ၃ နှစ်ကျောင်းနေခဲ့စဉ်အတွင်း စာအုပ်ပေါင်း ၁၅၀၀ လောက် ရေးသားခဲ့ပြီး အော်ပရာပြဇာတ် ၆ ပုဒ်ပါ ရေးပါသတဲ့။  သူ့ရဲ့ အတ္တုပတ္တိ စာအုပ်ထဲမှာတော့ သူရေးခဲ့တဲ့ အော်ပရာ ပြဇာတ်တွေဟာ ဂီတ သမိုင်းအဆက်ဆက်က ဇာတ်ထုပ်တွေထက်တောင် ပိုကောင်းပါသတဲ့။  သူ့ရဲ့ အားကစားထူးချွန်ပုံကလည်း အံမခန်းပါတဲ့ဗျာ။  ၁၉၉၄ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသောရှိတဲ့ ဂေါက်ကျင်းမှာ ဂေါက်ရိုက်သင်ပြီးပြီးချင် ၃၈ ကျင်းရိုက်တော့ ၁၁ ကျင်းမှာ hole-in-one ရတယ်လို့ ပြုံယမ်း မီဒီယာတွေမှာ ဖော်ပြသွားပါတယ်။  သူ့ရဲ့ ကိုယ်ရံတော် ၁၇ယောက်က ဒီလိုမျိုး စံချိန်တွေချိုးတာကို မှတ်တမ်းတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။  ဒီလိုမျိုး လက်စွမ်းပြပြီးကထဲက ကင်မ်ဂျုံအီးတစ်ယောက် ဂေါက်လောကကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။




ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက မြောက်ကိုရီယားဟာ အာကာသယာဉ်ကို အာကာသထဲလွှတ်တင်ခဲ့တယ်ဆိုပေမယ့် တစ်ကယ်တော့ ဒါဟာ တာဝေးပစ် ဒုံးကျည်ဖြစ်ပါတယ်လို့ နိုင်ငံတစ်ကာက ပြောခဲ့ပါတယ်။  ဆိုလိုတဲ့သဘောကတော့ မြောက်ကိုရီးယားဟာ အမေရိကန်အထိရောက်အောင် ဒုံကျည်ပစ်နိုင်နေပါပြီ။  ဒါပေမယ့် ခုလိုမျိုး နေရာ အတိအကျနဲ့ ပြောဖို့ကတော့ ခက်ပါတယ်။


မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ပေါင်း ၅ စီးထဲမှာ တစ်စီးပဲ အာကာသထဲရောက်လို့ ၂၀% နှုန်းဆိုပြီးပြောတယ်ထင်ပ



ဒီ စခန်းအကြောင်းသိချင်ရင် ၀ိကီပီဒီယာထဲမှာ ဟောဒီလင့်ကတစ်ဆင့် ဖတ်နိုင်ကြပါကြောင်း….  စိတ်ဆင်းရဲလို့ မြန်မာလိုပြန်မရေးတော့ပါဘူး


သူ့နိုင်ငံတွင်းမှာ ထုတ်ပြန်တဲ့ သတင်းမှာတော့ မြောက်ကိုရီးယား သုတေသနပြုသူတွေက သူတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် ဒုတိယ အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ပါသတဲ့


ကျောင်းဆရာဖြစ်ချင်လား… အကော်ဒီယံ တီးတတ်မှ ဆရာဖြစ်မယ်… ဒါပဲ။


ကီဂျုံဒုံး မြို့ဆိုတာက တောင်ကိုးရီးယားနဲ့ နယ်စပ်နဲ့ကပ်ပြီးတော့ ၁၉၅၀ ၀န်းကျင်လောက်မှာ ကင်မ်ဂျုံအီးရဲ့ အဖေဆောက်ခဲ့တဲ့ မြို့။  အဲ့ဒီတုန်းကတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားထက်ပိုမို သာလွန်တိုးတက်ပါတယ်ဆိုတာကို ပြချင်လို့ မြို့သစ်ကြီး ဆောက်ခဲ့တာပါတဲ့။  သို့ပေမယ့် ဒီမြို့မှာ လူတစ်ယောက်မှ မနေပါဘူး။  သို့ပေမယ့် မြို့ကြီးလို့ ထင်ယောင်ထင်မှားဖြစ်လောက်အောင် လျှပ်စစ်မီးတွေ၊ နာရီတွေဘာတွေနဲ့ ကျကျနန လုပ်ခဲ့တယ်ဆိုပဲ။  ခေတ်သစ်တိုးတက်လာတဲ့ မှန်ပြောင်းတွေနဲ့ ကြည့်တော့မှသာ ဒီမြို့က အိမ်တွေမှာ မှန်တွေမရှိ၊  တစ်ချို့အိမ်တွေဆို အတွင်းမှာ အခန်းတောင် ဖွဲ့မထားဘူးလို့ ဆိုပါတယ်။  ဒီမြို့မှာ ကမ္ဘာ့အကြီးဆုံး အလံတိုင်ကြီးရှိပြီးတော့ မြောက်ကိုရီးယား အလံကြီးကို လွှင်ထူထားတယ်လို့ ဆိုပါတယ်။


အိမ်တိုင်း၊ ဆိုင်တိုင်း အစိုးရကလွှင့်တဲ့ ရေဒီယို မဖွင့်မနေရ။  ပိတ်ခွင့်မရှိသလို မကြားချင်ရင် အသံတိုးထားပေါ့…  စိုင်းစိုင်းရဲ့ သီချင်းလို “မကြားချင်လည်း နားပိတ်ထားလိုက်၊  ငါကတော့ ဒါကို ဆက်ပြောမှာဘဲ....”



နိုင်ငံဖခင်ကြီး ကင်မ်အီးဆွန်းရဲ့ ဓာတ်ပုံကတော့ အိမ်တိုင်းမှာမချိတ်မနေရ။  တစ်ကယ်လို့ အိမ်မီးလောင်ခဲ့ရင်တောင်မှ ကျန်တာတွေခေါက်ထား ဒီဓာတ်ပုံကို အရင်သယ်ရတယ်ဆိုပဲ။  စစ်ပွဲဖြစ်ရင်တောင်မှ နိုင်ငံဖခင်ကြီးရဲ့ ရုပ်ထုတွေကို စစ်ဘေးက ကာကွယ်ဖို့ ဗုံးခိုကျင်းတွေတောင် ရှိတယ်ဆိုပ။



ဘာ… ၂၀၁၄ ဟုတ်လား….  မဟုတ်ပါဘူး… ခုမှ သက္ကရာဇ် ၁၀၃ ပဲ ရှိသေးတာ။  မြောက်ကိုရီးယားမှာ ခရစ်သက္ကရာဇ်အစား နိုင်ငံ ဖခင်ကြီး ကင်မ်အီးဆွန်း မွေးတဲ့ နှစ်ကနေ စပြီးတော့ သက္ကရာဇ်တွေ ဖြိုထားပါသတဲ့။



နိုင်ငံပိုင် သတင်းတွေထဲမှာတော့ မြောက်ကိုရီးယားဟာ စာတတ်မြောက်သူဦးရေ ၉၉% ရှိပြီးတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ စာတတ်မြောက်သူဦးရေ အများဆုံး နိုင်ငံလို့ ဆိုပါသတဲ့။  မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံခေါင်းဆောင်ကြီးရဲ့ နာမည်ကို ပေါင်းနိုင်ရော နဲလား…


သေဒဏ်စီရင်မယ်ဆို မော်တာကျည်နဲ့ပါတဲ့။  သွားလေသူကြီး ကင်မ်ဂျုံအီး ကွယ်လွန်တော့ တပ်ထဲက ရာထူးတော်တော်ကြီးကြီးတစ်ယောက် နိုင်ငံခေါင်းဆောင်ကြီး ကွယ်လွန်တာတောင် ကောင်းကောင်းမငိုလို့ဆိုပြီး သေဒဏ်အပေးခံခဲ့ရဖူးပါတယ်။  ဆိုလေတော့ မော်တာကျည်နဲ့ဆိုရင် ဆံပင်တောင် ကျန်မှာမဟုတ်လို့ ဘာတစ်မှ အစရှာမရတော့ဘူးပေါ့လေ။  နောက်ကြောင်းအေးတာပေါ့။




လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စုရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့် ဒါတွေအားလုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ရေးထားပါသတဲ့။  သို့ပေမယ့် အဲ့ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ခွင့်ရှိမရှိသာ မသိတာ။


၁၉၇၀ ၀န်းကျင်တုန်းကတော့ တစ်ပြည်လုံးရဲ့ ပျမ်းမျှ GDP ဟာ တောင်ကိုရီးယားထက်သာပါသတဲ့။  ၂၀၁၁ မှာတော့ မြောက်ကိုရီးယားရဲ့ တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ပျမ်းမျှဟာ အမေရိကန် ဒေါ်လာ ၁၈၀၀ ပါတဲ့။  တောင်ကိုရီးယားမှာတော့ ပျမ်းမျှ ၅၁၀၀၀ ရှိပါတယ်။  ဆိုလေတော့ အပေါ်က ပုံက ဘာကို အချိုးချထားတယ်တော့ သေချာမသိပါဘူး။



လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်။  လူတိုင်း မဲပေးပိုင်ခွင့်ရှိတယ်။  မဲမလိမ္ဘူး။  မဲမခိုးဘူး။  ဒါပေမယ့် မဲကဒ်ပြားပေါ်မှာ နာမည် တစ်ခုပဲ ရေးထားတယ်။


အင်း ၆၀၅ ယောက် ပဲ အင်တာနက်သုံးနိုင်သတဲ့… ဖြစ်နိုင်သလိုလိုပဲ။  အထင်တော့ မသေးလိုက်ပါနဲ့.. အခု မြောက်ကိုရီးယားမှာ ကိုယ်ပိုင် Windows 8 တို့၊  Mavericks X တို့ကို မသုံးပဲ ကိုယ်ပိုင် operating system တစ်ခုဖြစ်တဲ့ Red Star ကို Linux ကိုအခြေခံပြီး ဖန်တီးနေတယ်လို့ဆိုပါတယ်။  


အင်း… တစ်ခြား ရောင်းစရာတွေကုန်ရင်တော့ ကျန်နေတဲ့ လူ ရောင်းတဲ့ အဖြစ်ရောက်ရော လေသလား…  


No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts