Thursday, June 5, 2014

အမှုအကျင့်များ ပြောင်းလဲပြီး သင့်ဝေဒနာကို ကုစားပါ


အမှုအကျင့်များ ပြောင်းလဲပြီး သင့်ဝေဒနာကို ကုစားပါခန္ဓာကိုယ်မှာ ခံစားရတဲ့ ဝေဒနာ တချို့ဟာ ဆေး ကုသရလောက်တဲ့ အခြေအနေမျိုး မဟုတ်ဘဲ သင်ရဲ့ အမူအကျင့်တွေကို အနည်းငယ် ပြောင်းလဲကျင့်သုံး ရုံနဲ့ ဖြေရှင်းနိုင် ပါတယ်။
သွေးဆုံးချိန် ဝေဒနာများ သက်သာစေရန်
အမျိုးသမီး အများစုဟာ သွေးဆုံးချိန်မှာ ဖြစ် တတ်တဲ့ဝေဒနာတချို့ကို ခံစားရတတ်ပါတယ်။ ဒီဝေ ဒနာတွေကနေ သက်သာဖို့ လက်ရှိ ခန္ဓာကိုယ်အလေး ချိန်အောက် ၁ဝ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ပါ။ သွေးဆုံးချိန်ခံစားရတဲ့ ဝေဒနာတွေရဲ့ ၈ဝ ရာခိုင်နှုန်း လောက်မဖြစ်အောင် တားဆီးပြီးသား ဖြစ်ပါတယ်။

အဆီရရှိမှု လျှော့ချနိုင်ရန်
သင်စားတဲ့ အစားအသောက်တွေကနေ အဆီရ ရှိမှု လျှော့ချဖို့အတွက် ကော်ဖီလျှော့သောက်လိုက်ပါ။ ကော်ဖီသောက်တာက အဆီရရှိစေတယ်ဆိုလို့ အံ့ဩ သွားပါသလား။ အများစုက ကော်ဖီသောက်တဲ့အခါ မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ဆီ၊ သကြားတွေ ထည့်ပြီး သောက်သုံးတာကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေ ရရှိစေတာပါ။ ကော်ဖီသောက်တဲ့အခါ အဆီထုတ် ထားတဲ့ နွားနို့နဲ့ဖျော်ပြီး သကြားလျှော့ထည့်ပါ။
အကြောအာရုံ ထိခိုက်မှု မရှိစေရန်
အကိုက်အခဲပျောက်ဆေး အိုင်ဗျူပရိုဖန် ဒါမှ မဟုတ် ပါရာစီတမောကို တစ်ပတ်နှစ်ကြိမ်ထက် ပိုမို သောက်သုံးပါက နားအကြားအာရုံလျော့နည်းနိုင်ခြေ ၂၄ ရာခိုင်နှုန်း ပိုမိုနိုင်တယ်လို့ ဟားဗတ်စ်တက္ကသိုလ်မှ ပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ ဆေးသောက်တဲ့ အကြိမ်ရေပိုများလေလေ၊ နားအကြားအာရုံထိခိုက် နိုင်ခြေလည်း ပိုများလေလေလို့ ဆိုပါတယ်။
နှလုံးကျန်းမာစေရန်
ဘဝကို ကျေနပ်ရောင့်ရဲပြီး ပျော်ရွှင်စွာ နေ တတ်သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်း တယ်လို့ ကိုလံဘီယာတက္ကသိုလ်မှ လေ့လာသူတွေ က ပြောပါတယ်။ ပျော်ရွှင်စွာ နေထိုင်တတ်သူတွေ ဟာ စိတ်ဖိစီးမှုကင်းဝေး တာကြောင့် နှလုံးကျန်းမာရေး ကို အထောက်အကူဖြစ်စေ ပါတယ်။
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts