Saturday, July 5, 2014

5.1 DTS အသံထွက်နဲ့ မှန်ကွေး အမျိုးအစား 4K UHD TV


Samsung တံဆိပ် 5.1 DTS Premium အသံထွက်ကို ခံစားနိုင်မယ့် မှန်ကွေးအမျိုးအစား 4K UHD TV ပဲဖြစ်ပါတယ်။ U9000 မော်ဒယ်ဖြစ်ပြီး အရွယ်အစားကတော့ ၆၅ လက်မဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး 3840x2160 resolution ထိထောက်ပံ့ပေးနိုင်တဲ့ Ultra Clear Panel ကိုအသုံးပြုထားပြီး Contrast ratio ကတော့ Mega Contrast ထိရရှိနိုင်မှာဖြစ်ပါတယ်။

Clear Motion Rate, Micro Cimming Ultimate, Wide color Enhancer (Plus), Auto Depth Enhancer စတဲ့ ရုပ်ထွက်ပိုင်း ဆိုင်ရာအဆင်မြင့် နည်းပညာသစ်တွေ ထောက်ပံ့ပါဝင်ပြီး အသံပိုင်းအတွက် ၁၀ ဝပ်စပီကာ ၆ လုံးနှင့် Woofer တစ်လုံးထည့်သွင်းထားတဲ့အပြင် Dolby, 3D Sound, Auto Vlume leveler စတဲ့ နည်းပညာများ ထောက်ပံ့ပါဝင်ပါတယ်။

စမတ်လုပ်ဆောင်ချက်တွေအနေနဲ့ Smart control, Smart View, Smart Hub, Multi-Link Screen (Dual), Multimedia စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ TV ကို UHD Evoluation Kit နဲ့တွဲပြီး TV ကိုအဆင့်မြှင့်တင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီ TV ရဲ့တန်ဖိုးကတော့ ကျပ်သိန်း ၅၀ ဝန်းကျင်ဖြစ်ပြီး Samsung Showroom မှာ ဝယ်ယူမှာဖြစ်ပါတယ်။

credit - Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts