Sunday, July 13, 2014

Beware Of iPhone 6 Clone


iPhone ချစ်သူများ iPhone 6 ကို မျှော်လင့်စောင့်စားနေသူများ၊ (အထူးသဖြင့်) မြန်မာပြည်မှ iPhone ပရိဿတ်များအတွက် သတိထားစရာ သတင်းတစ်ခုကို အသိပေးလိုက်ပါရစေ..

တရုပ်ပြည်က အတုပြုလုပ်သူများက iPhone 6 Clone ကို ဈေးကွက်သို့ တင်ပို့လိုက်ပါပြီ၊ iPhone 6 အတွက် ခန့်မှန်းချက်များကို အခြေပြုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်၊ Home screen အပေါ်ယံကြည့်လိုက်ရင် iOS 7 အသွင်မျိုးဆောင်ထားပေးမယ့် တစ်ကယ်မှာတော့ Android စနစ်နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။

Google Play Store မှာ iOS ရဲ့ အသွင်အပြင်မျိုး ရစေမယ့် Skin တွေ App clones တွေ ရှိနေတာကြောင့် iOS 7 အသွင်နဲ့တူအောင် လုပ်ထားနိုင်တာ သိပ်တော့ မခက်ခဲလှပါဘူး။
Apple iPhone 6 အစစ်ဟာ လာမယ့် စက်တင်ဘာလ လောက်မှာမှ အမှန်တစ်ကယ် ထွက်လာမှာဖြစ်ပါတယ်..
ဒါကြောင့်မို့ အတုအရမ်းပေါတဲ့ မြန်မာပြည်မှာ အတုကို အစစ်ထင်ပြီး မှားယွင်းပြီး မဝယ်ယူမိအောင် iPhone 6 (အတု)ကို ပုံများနှင့် တစ်ကွ ဖော်ပြပေးလိုက်ပါတယ်...
သတိပြုနိုင်ကြပါစေ...







အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
credit-
မိုးသိကြား

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts