Tuesday, July 8, 2014

တောင်ကိုရီးယားမှာ ကျင်းပမယ့် အာရှ အားကစားပြိုင်ပွဲသို့ လူငယ်အမျိုးသမီးခေါင်းဆောင်များစေလွတ်မယ့် မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံက လူငယ်အမျိုးသမီးခေါင်းဆောင်တွေဟာ စက်တင်ဘာလ တောင်ကိုရီးယားနိုင်ငံ အင်ချီအွန်မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် အားကစားသမားတွေနဲ့အတူ လိုက်ပါသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ လူငယ်အမျိုးသမီးခေါင်းဆောင်တွေနဲ့ အားကစားသမားတွေဟာ တောင် နဲ့ မြောက်နှစ် နိုင်ငံကြား ဆက်ဆံရေး တိုးမြင့်ဖို့ စေလွတ်ခြင်းခံရတာ ဖြစ်တယ် လို့ KCNA  ရဲ့သတင်းထုတ်ပြန်ချက်အရ  သိရှိရပါတယ်။

အင်ချီအွန်မြို့မှာပဲ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Athletics Championships အတွက် ၂၀၀၅ ခုနှစ်မှာ လူငယ်အမျိုးသမီးခေါင်းဆောင်များကို နောက်ဆုံးအကြိမ် အဖြစ်စေလွတ်ခဲ့တာဖြစ်ပါတယ်။
၎င်းအဖွဲ့ထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် လက်ထပ်ဖူးတဲ့ Ms Ri Sol-ju အပါအ၀င်   အမျိုးသမီးခေါင်းဆောင်  ၁၀၁ ယောက် ပါဝင်တ်ာလို့ Reuter သတင်းဌာနက ဖော်ပြခဲ့တယ်။
ကိုရီးယားစစ်ပွဲဖြစ်ပြီးကတည်းက အခုအချိန်ထိ မြောက်ကိုရီးယားဟာ အမျိုးသမီးခေါင်းဆောင်တွေကို သုံးကြိမ်သာစေလွတ်ခဲ့တာဖြစ်ပါတယ်။
အခုလို အမျိုးသမီးခေါင်းဆောင်များနောက်တဖန် စေလွတ်ဖို့အတွက် ဆုံးဖြတ်ချက်ချတာဟာ နှစ်နိုင်ငံကြား ပြန်လည်သင့်မြတ်မှုကို ဖြစ်သွားပါလိမ့်မယ် လို့ မြောက်ကိုရီးယားနိုင်ငံအစိုးရက တနင်္ဂနေ့ တွင်ပြောကြားခဲ့ပါတယ်။
ဒီလိုဆုံးဖြတ်ချက်ချလိုက်တာဟာ သွေးအေးနေတဲ့ တောင်-မြောက် ဆက်ဆံရေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးအပူဓာတ်တွေနဲ့ အရေပျော်သွားစေပါလိမ့်မယ်။
မြောက်ပိုင်းနိုင်ငံဟာ တာတိုပစ် ဒုံးကျည်စမ်းသပ်မှုပြုလုပ်နေစဉ်မှာပဲနှစ်ဘက်စလုံး ရန်လိုမုန်းတီးရပ်တန့်စေရေးအတွက် အကြိမ်ကြိမ်ကမ်းလမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီိကာလတွေအတွင်း စတုထ္တအကြိမ်မြောက် နူကလီယားလက်နက် စမ်းသပ်မှုပြုလုပ်ပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။
တရုတ် သမ္မတ Xi Jinping နဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye တို့ဟာ နူကလီးယားစမ်းသပ်မှုရပ်တန့်စေဖို့ နဲ့ နူကလီးယားအစီအစဉ်ဖျက်သိမ်းဖို့ Mr. Xi ရဲ့ Seoul အလည်အပတ်ခရီးစဉ်အတွင်း တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တစ်ဦးအနေနဲ့ မြောက်ပိုင်းထက်တောင်ပိုင်းကို အရင် အလည်အပတ်သွားရောက်တဲ့ ပထမဦးဆုံးခရီးစဉ်ဖြစ်တာကြောင့်မို့ သူ့ရဲ့မြောက်ကိုရီးယား အလည်အပတ်သွားရောက်ခြင်းကို မလေးမစားလုပ်တဲ့ အပြုအမူအဖြစ်ရှုမြင်ခံခဲ့ရပါတယ်။
Source:http://www.bbc.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts