Tuesday, July 8, 2014

စိတ်ညစ်စရာတွေ ကြုံတွေ့နေရရင်


စိတ်ညစ်စရာတွေ ကြုံတွေ့နေရရင်စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် ဘာအလုပ်မှ မလုပ်ချင် ဖြစ်နေတတ် ပါတယ်။ အဲလို စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် အနည်းငယ် လျော့ကျပေးစေနိုင်သော နည်းလမ်းကောင်းများကို မျှဝေပေး လိုက်ရပါတယ်။
(၁) လတ်ဆတ်သော ပတ်ဝန်းကျင်သို့ သွားပါ
စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အိမ်ခန်းထဲမှာ နေနေတာနဲ့စာရင် ကန်ရေပြင်ကို သွားပြီး လေပြင်လေညှင်း ခံသင့်ပါတယ်။ ဒါ့အပြင် အခြားသော စိတ်ကြည်နှုး မှုကို ရရှိစေနိုင်သော နေရာများကို သွားသင့်ပါတယ်။ ထိုသို့သွားခြင်းကြောင့် စိတ်ဖိစီးမှု လျော့ကျလာစေ ပါလိမ့်မယ်။

(၂) သီချင်းနားထောင်ပါ
ရင်ထဲမှာ အရမ်းမွမ်းကြပ် လာပြီဆိုရင် သီချင်းနားထောင် လိုက်ခြင်းကြောင့် အနည်းငယ် လျော့ကျပေး စေနိုင်ပါတယ်။
(၃) မှုးယစ်ဆေးဝါး သုံးစွဲမှု မလုပ်ပါနဲ့
တစ်ချို့က စိတ်ဖိစီးမှု ဖြစ်လာပြီ အရက်သေစာ သောက်စားမှုကို ပြုလုပ်တတ်ကြ ပါတယ်။ အဲလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တကယ်ပြေလျော့ စေနိုင်တဲ့ နည်းလမ်း မဟုတ်သည့် အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် ပါတယ်။
(၄) လေ့ကျင့်ခန်း တစ်ခုခုကို ပြေးလုပ်လိုက်ပါ
မိမိမှာ စိတ်ဖိစီးမှုတွေ ကြုံလာပါက ထိုင်ပြီး ပှုပင်မနေဘဲ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်လိုက်ပါက အာရုံအသစ် ဖြစ်ပေါ်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင် ပါတယ်။ ဒါ့အပြင် အကြံဥာဏ် အသစ်တွေကို လည်း ရရှိနိုင်ပါတယ်။
ရိုးရာလေး

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts