Tuesday, July 15, 2014

ဆာတိုရီထုတ်လုပ်ရေးအပြင် ထုတ်လုပ်ရေးအသစ်တွေရဲ့ ကမ်းလှမ်းခြင်းခံလာရတဲ့ နွယ်ဒါလီထွန်း

ဖိုတို မော်ဒယ် လောကမှာ ၂နှစ်ကျော်မျှ ရပ်တည် ကြိုးစားလာခဲ့တဲ့ နွယ်ဒါလီထွန်းကို ကားရိုက်နဲ့ပတ်သတ်ပြီး သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာကြပြီမို့ သူမရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ ရလဒ်တစ်ခု ၊ နေရာတစ်ခုမှာ ရပ်တည်ခွင့်ရတော့မဲ့ သူမကို သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တော့ လတ်တလော လှုပ်ရှားမှုအဖြစ် “ ခု ဒါလီကြော်ငြာသစ်လေးတွေ ရိုက်ထားတယ်။ အမ်တီဗီတွေမှာ သရုပ်ဆောင်နေပါတယ်။ ကြော်ငြာက sunsilk ခေါင်းလျှော်ရည်ကြော်ငြာ နောက်ဆုံးရိုက်ထားတယ်။
အမ်တီဗီက ကိုသိန်းလင်းစိုး အခွေရယ်၊ နန်းသူဇာ သူငယ်ချင်းခွေရယ်ပေါ့။ သရုပ်ဆောင်ပေးထားတယ်။ ကားရိုက်ကတော့ ခု ကမ်းလှမ်းထားတာတွေရှိတယ်။ ဇာတ်လမ်းတွေ အရင်ဖတ်ကြည့်နေတယ်။ အိမ်နဲ့လဲ တိုင်ပင်နေတယ်ပေါ့နော်။ လာကမ်းလှမ်းတဲ့ တိုက်တွေက ဆာတိုရီကလဲ ပြောထားတယ်။ ဇာတ်လမ်းတွဲအတွက်လဲ လာကမ်းလှမ်းထားတယ်။ ထုတ်လုပ်ရေးအသစ်တွေကလဲ ပြောထားပါတယ်။ ကားရိုက်နဲ့ပတ်သတ်ပြီး ခုလေ့လာနေတာကတော့ ရှေ့က၀ါရင့်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကို လေ့လာနေတယ်။ နိုင်ငံခြားကားတွေလဲ ကြည့်ဖြစ်တယ်။ မြန်မာကားတွေလဲကြည့်ဖြစ်တယ်ပေါ့နော်။”လို့ သူမက ပြောပြသွားပါတယ်။
သရုပ်ဆောင်လောကကို ၀င်ရောက်ဖြစ်သွားတာကိုလည်း သူမက “ဒါလီကိုယ်တိုင်လဲ ခုဆိုရင် အခွင့်အရေးလေးတွေ ရလာပြီဆိုတော့ ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားသွားမယ်ပေါ့နော်။ ဇာတ်လမ်းပိုင်းကတော့ ကိုယ့်ဟာကိုပဲ ဖတ်တယ်။ အိမ်ကလဲ အနုပညာမျိုးရိုး မရှိဘူးဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ပြီး ပြန်ပြောပြတာမျိုးတော့ ရှိတယ်ပေါ့နော်။ ခုမှ လက်ခံဖို့ စဉ်းစားတာက ရှေ့ကလဲ လာကမ်းလှမ်းတယ်။ ဒါပေမဲ့ အသစ်တစ်ယောက်ဖြစ်တဲ့တွက် ကင်မရာနဲ့အဆင်ပြေအောင် ကြော်ငြာမော်ဒယ်ကစပြီး လုပ်ကြည့်တာပေါ့နော်။ ခုအဆင်ပြေတယ်ဆိုမှ အဲ့ဒီဘက်ကိုကူးမယ်လို့စဉ်းစားဖြစ်တာပါ”တဲ့။
trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts