Tuesday, July 8, 2014

အခုချိန်မှာ အရင်တုန်းက အောင်မြင်ခဲ့သလို အောင်မြင်ချင်တာမျိုး မရှိတော့ဘူး လွင်မိုး


အခုချိန်မှာ အရင်တုန်းက အောင်မြင်ခဲ့သလို အောင်မြင်ချင်တာမျိုး မရှိတော့ဘူး လွင်မိုးမကြာခင် ရက်ပိုင်းက ရုပ်သံ လိုင်းတစ်ခုကနေ လွင်မိုး၊ မေတ္တာ၊ ခိုင်သင်းကြည် တို့ ပါဝင် သရုပ်ဆောင် ထားကြတဲ့ “ဘိုးတော်ဖူးစာ” ဆိုတဲ့ ဇာတ်ကားပြန် လည်ပြသ ခဲ့ပါ တယ်။ ဒီဇာတ်ကားထဲက လွင်မိုးရဲ့ သရုပ် ဆောင်မှုတွေ ကိုတွေ့မြင်ခဲ့ရတဲ့ ပရိ သတ်တွေက လွင်မိုးကို ဇာတ်ကား တွေ ပြန်လည် ရိုက်ကူးစေချင်ကြ ပြန် ပါတယ်။ ဒါကြောင့် လည်း လွင်မိုး နဲ့ အင်တာဗျူးဖြစ်တဲ့ အခါ ဇာတ်ကား တွေ ပြန်လည် ရိုက်ကူးဖို့ အကြောင်းနဲ့ ပတ်သက်ပြီးမေးကြည့်တော့..
“အနုပညာ သမားတွေ ကတော့ ဒီလိုပါပဲ။ အသက်အရွယ် ငယ်ရွယ်တဲ့ အချိန်မှာ ပုံစံ တစ်မျိုး
အသက်အရွယ် ကြီးလာတဲ့ အခါမှာလည်း ပုံစံတစ် မျိုးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက အနုပညာ သမားတွေရဲ့ရေစီးကြောင်း ပဲပေါ့။ အသစ်အသစ်တွေ ရောက်လာ မယ်။ အဟောင်း အဟောင်းတွေက အသက်တွေ ကြီးသွားမယ်။ ဖန်တီး တဲ့ နေရာ မှာလည်း ငယ်ငယ်တုန်းက တက်တက် ကြွကြွနဲ့ လုပ်ခဲ့တဲ့ အလုပ် တွေက မှတ်တမ်းမှတ်ရာ အနေနဲ့ အခုချိန်မှာ ပြန်ပြနေ ကြတာပေါ့။ အစ်ကို့ အနေနဲ့ ငယ်ငယ်တုန်း က ပုံစံ မျိုး ပြန်တည်ဆောက်ဖို့ ဆိုတာက တော့ စွန့်စားရာကျ လွန်းအား ကြီးတယ်။
လုပ်သင့် လုပ်ထိုက်တာ ကတော့ အနုပညာအရ ပီပီပြင်ပြင် ရှိတာ မျိုးတွေ လုပ် ချင်တယ်။ အရင် တုန်းက အောင်မြင်ခဲ့သလိုမျိုး အောင်မြင်ချင်တာ မျိုးတော့ အစ်ကို့ မှာ လုံးဝ မရှိဘူး။ ဒါပေမဲ့ အစ်ကို့ရဲ့ ပရိသတ်တွေ ကိုတော့ ကိုယ့်ရဲ့ အနု ပညာ အစွမ်းအစနဲ့ လုပ်နိုင်သ လောက်လေးတွေကို လုပ်ပြချင်တဲ့ ဆန္ဒ မျိုးတွေတော့ ရှိတယ်။ အခု စပ်ကူးမတ်ကူး အချိန်ကာလကြားထဲ မှာတော့ စီးပွားရေး တစ်ခု ကို အခြေ ချပြီး လုပ်နေတယ်။ ဒါကြောင့်မို့လို့ စကားတွေကတော့ လွန်လွန် ကြူးကြူး ပိုပိုသာသာတွေ သိပ် မပြောချင်ဘူး။ အနု ပညာ အလုပ်နဲ့ ပတ် သက်လို့ ကတော့ စိတ်ထဲမှာ အမြဲဆန္ဒ ရှိနေပါတယ်” လို့ တစ်ဖက်မှာ စီးပွား ရေးလုပ်ဖြစ်နေပေ မယ့်လည်း အနုပ ညာ နဲ့ ပတ်သက်ပြီးလည်း အမြဲ စိတ်ဆန္ဒရှိနေ ကြောင်းကို လွင် မိုးက ထုတ်ဖော် ပြောပါ တယ်။
လွင်မိုး အနေနဲ့အ နုပညာဘက် ကို နားပြီး စီးပွားရေး ဘက်ကို လုပ်ဖြစ်ခဲ့တာ အခုဆိုရင် ၃နှစ်ကျော် ၄နှစ် ဝန်းကျင် ထဲရောက် ရှိ နေပြီဖြစ် ပါတယ်။ ဒါ ကြောင့်လည်း ဒီအချိန်အ တိုင်း အတာအရ စီးပွားရေးဘက် မှာ အောင်မြင်နေတဲ့ လုပ် ငန်းရှင် တစ် ယောက်ဖြစ်နေပြီလို့ သတ်မှတ် လို့ရပြီ လားလို့ လွင်မိုး ကိုမေးတော့.. “စီးပွားရေး လုပ်တာ ၄နှစ်တာ ကာလပဲ ရှိပါသေးတယ်။ အောင်မြင် တယ်လို့တော့ ပြောလို့ မရသေးပါဘူး။ အများကြီး အောင်မြင်နေတဲ့ စာရင်း ထဲမှာ မပါသေးဘူး။ လုပ်ငန်း လည် ပတ်ဖို့နဲ့ အမြတ်အစွန်း အနည်း အကျဉ်းရတဲ့ အခြေအနေလောက်ပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။ လွင်မိုးက စီးပွားရေးဘက် မှာ အခြေ ကျပြီ ဆိုတာ နဲ့ အနုပညာဘက်မှာ ထုတ်လုပ်ရေး တည်ထောင်ပြီး ဇာတ် ကားတွေ ထုတ်လုပ် ရိုက်ကူးသွား မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် လည်း အနုပညာ ဘက်ကို ဘယ်တော့ လောက် အကောင် အထည်ဖော်ဖို့ စဉ်းစားထားလဲလို့ လွင်မိုးကို မေးတော့..
 “ရုပ်ရှင်ကို အစ်ကို့ အနေနဲ့ လုပ်မယ်ဆိုရင် ရုပ်ရှင်က Market ကောင်းတဲ့ အချိန်မျိုး ပြိုင်ဆိုင်မှု ပြင်း ထန်တဲ့ အချိန်မျိုး ဖြစ်ချင်တယ်။ ရုပ်ရှင်နဲ့ စီးပွားဖြစ်နိုင် လောက်တဲ့ အနေ အထားမျိုး ရှိချင်တဲ့ ဆန္ဒမျိုး တွေရှိချင်တယ်။ ဘာကြောင့်လဲ ဆို တော့ ဒီတစ်ခါ ရုပ်ရှင် ကို အစ်ကို့ အနေနဲ့ ပြန်လုပ်တဲ့ အခါမှာ စီးပွား ရေး အမြင်တွေ လည်း အများကြီးပါ လာမှာလေ” လို့ပြောပါတယ်။
စီးပွားရေးဘက်မှာ လုပ် ဆောင်ခဲ့တာ ၄နှစ် တာကာလ အထိ ရောက်ရှိ လာပြီဖြစ်တဲ့ အတွက် အဲဒီ အတောအတွင်း ရုန်းကန် ခဲ့ရပုံနဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ စီးပွားရေးပိုင်းမှာ အခက်အခဲတွေ့ ကြုံရတဲ့ အနေအထား ကိုမေးတော့ “စီးပွားရေး ဆိုတာက ပထမဆုံး တစ်ချက်က လုပ်ငန်း ပိုင်းမှာ ကျွမ်း ကျွမ်းကျင်ကျင်နဲ့ ထဲထဲဝင်ဝင် ရှိဖို့ လိုတယ်။ လုပ်ငန်း သဘောတွေသိ လာတော့မှ ကိုယ့် နဲ့ကိုက်ညီတဲ့ အလုပ်ကို ဘယ်လိုရွေးချယ် ရမယ်ဆို တာသိ လာပြီး အကွက်အကွင်းတွေ မြင်လာမယ်။ အဲဒါကိုမှ အထဲမှာ ဝင်ပြီး လှုပ်ရှားရမယ့် သဘောရှိတယ်။
အနုပညာ သမားတော်တော် များများ ဟာ ဒီလိုမျိုးအတွင်း ထဲ မှာ ဝင်ရောက် ပြီးတော့ လုပ်ကိုင်ပြီးတော့ ကစားဖို့ ဆိုရင် အဲဒီနေရာက သူတို့အတွက် စိမ်းလွန်း အားကြီးလို့ အခက်အခဲဖြစ် နိုင်တယ်။ အစ်ကို့ အနေနဲ့ ၂နှစ် လောက် လုံးဝ ချာလပတ် ရမ်းနေ တယ်။ အစ်ကိုလုံးဝ နားမလည်ခဲ့ဘူး။ ဘယ်ဟာပို အကျိုးရှိနိုင်တယ်၊ ဘယ် အရာက ဘယ်လောက်မြတ်သလဲ၊ ဘယ် အလုပ်ကို ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာတွေကို အစ်ကို့မှာ လုံးဝ ဆုံးဖြတ်ချက်ချဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ်က ဒီအထဲမှာ လုံးလုံး လျားလျား ဝင်လိုက်တယ်။ အဲဒီစီးပွား ရေး အသိုင်း အဝိုင်းကြားထဲမှာ ကိုယ် ဝင်ဆံ့အောင် လုပ်လိုက်တယ်။ သူတို့ အတွေးအခေါ်တွေကို ကိုယ်ဝင်ဆံ့ အောင် ကြိုးစားရင်း နဲ့ တဖြည်း ဖြည်း နဲ့ ဘယ်လို စီးပွားရေးကို ဘယ်လို လုပ်ရမယ် ဆိုတဲ့ အကွက်အကွင်း တွေရလာတယ်။ စီးပွားရေးလုပ် ဖြစ်ခဲ့တဲ့ အစ်ကို့ရဲ့ ဆုံးဖြတ် ချက်က တအား မှန်တယ်လို့ ယူဆမိပါတယ်”လို့ ပြောပြ ပါတယ်။
Popular News

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts