Saturday, July 19, 2014

အိမ်ထောင်ကွဲစေဖို့ လမ်းစပေးတဲ့ စကားအသုံးအနှုန်းများ

သင်ဟာ အိမ်ထောင်ရှင် ဒါမှမဟုတ် အိမ်ထောင်ပြုဖို့စဉ်းစားထားတဲ့သူ ဖြစ်တယ်ဆိုရင် အောက်မှဖော်ပြထားတဲ့ အချက်လေးတွေကို မပြောမိဖို့ သတိထားသင့်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြောမယ်ဆိုရင်တော့ သင့်ရဲ့အိမ်ထောင်ရေးကို ကွဲစေချင်တယ်ဆိုရင်တော့ ဖော်ပြထားတဲ့စကားတွေကို ထပ်ခါထပ်ပါပြောပါ။
၁။ အိမ်ထောင်ကျတာက အရမ်းခက်တာပဲ။

လူပျို အပျိုဘဝနဲ့တော့ ကွာတာပေါ့… ဒါပေမယ့် ကောင်းလာအောင် သင်ကိုယ်တိုင်က ဖန်တီးနိုင်ရမှာပဲဖြစ်ပါတယ်။ သင့်အတွက် အကျိုးဖြစ်တဲ့ အချက်လေးတွေလည်း ရှိမှာသေချာပါတယ်။ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။
၂။ နင်က ဘယ်တော့မှ (သို့မဟုတ်) အမြဲတမ်း…
ဒီအဖြူနဲ့အမဲဟာ အမြဲဒွန်တွဲနေပါတယ်။ အတိတ်ကို အတိတ်မှာ ထားပြီးတော့ အကောင်းဆုံးကြိုးစားပါ။
၃။ ငါတောင်းပန်ပါတယ် ဒါပေမယ့်…
မပြောပါနဲ့… ဝမ်းနည်းရင်ပဲဖြစ်ဖြစ် ဝမ်းသာရင်ပဲဖြစ်ဖြစ်၊ ဒီ ဒါပေမယ့် ဆိုတဲ့စကားလုံးက တောင်းပန်ခြင်းကို လျစ်လျူရှုစေနိုင်ပါတယ်။
၎။ နင့်အတွက် ငါမသင့်တော်တဲ့အတွက် တောင်းပန်ပါတယ်။
ဒါ မတောင်းပန်ချင်ပဲ ရှောင်လွဲတဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။
၅။ ဒို့နှစ်ယောက်က မတူညီတဲ့နည်းလမ်းနဲ့ ကြီးပြင်းလာခဲ့ကြတာပါ။
ဘယ်သူမဆို ကြီးပျင်းလာတဲ့ ပုံစံကွဲပြားကြပါတယ်။ မိသားစုတစ်ခုက ကလေးတွေတောင် ကွဲပြားကြသေးတာပဲ။ သင့်အဖော်ကို အနိုင်ယူချင်လို့ ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စနဲ့ မပစ်ပေါက်ချင်ပါနဲ့။
၆။ နင် ဒီနေ့ အဝတ်လျှော်မထားတာ ငါတွေ့နေတယ်။
မကောင်းတဲ့ အကွက်တွေကိုပဲ မမြင်ပါနဲ့။ ကောင်းတဲ့စိတ်ထားနဲ့ သူ့ကို ချီးမွမ်းပါ။ ပြီးတော့ သင်ကိုယ်တိုင်ထပြီး ဘယ်အရာမဆို စတင်လုပ်ဆောင်ပါ။
၇။ ငါဒီည အိမ်ပြန်နောက်ကျလိမ့်မယ်။
ရုတ်တရတ် အချိန်ဇယားပြောင်းသွားပြီး နောက်မကျဖူးပဲ နောက်ကျမယ်ဆိုပြီး ဖုန်းလှမ်းဆက်တာတွေကိုရှောင်ပါ။ ပုံမှန်မဟုတ်တဲ့ ကိစ္စဆက်တိုက်ဖြစ်လာပြီဆိုရင် သင့်အဖော်က ဆိုးဆိုးရွားရွား ခံစားသွားနိုင်ပါတယ်။
၈။ ငါမကြိုက်တာ နင်သိရဲ့သားနဲ့ တမင်လုပ်တယ်။
သူတမင်တကာ လုပ်ချင်မှ လုပ်မှာပါ။ ချက်ချင်းအပြစ်မရှာပါနဲ့။ လူတစ်ဦးဟာ တကယ်ချစ်နေပြီဆိုရင်တော့ တစ်ဖက်လူ မကြိုက်တဲ့အဝတ်အစား၊ အနေအထိုင် အားလုံး ဆင်ဆင်ခြင်ခြင် နေတတ်ကြပါတယ်။
Ref:thestir.cafemom.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts