Image and video hosting by TinyPic

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို ထိန်းပြီးဒြပ်တစ်မျိုးကို ထုတ်ပေးတဲ့ သိုင်းရွိုက်အကျိတ်ရဲ့ လုပ်ဆောင မှု ပိုမိုအားကောင်းစေတဲ့ ဖျော်ရည်အကြောင်း ပြောပြချင်ပါတယ်။
ဒီဖော်စပ်ထားတဲ့ ဖျော်ရည်အရသာဟာ သောက်လို့လည်း အရမ်းကောင်းတဲ့အပြင် အကျိတ်ရဲ့လည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ကိုယ့်ဘာသာကိုယ် စမ်ဖျော်ကြည့်လိုက်ပါဦး
ပါဝင်ပစ္စည်းများ

အချိုဓာတ်မပါ ဘယ်ရီသီးရည်စစ်စစ်(၁) ခွက်
ရေသန့် (၇) ခွက်
သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း(၁/၂) ဇွန်း
ဂျင်း လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်း
ဇာဒိပ္ပိုလ်သီး လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်း
ညှစ်ထားတဲ့လိမ္မော်သီးရည် (၃/၄) ခွက်( သုံးလုံးလောက်)
ညှစ်ထားတဲ့ရှောက်သီးယို (၁/၄) ခွက် ( တစ်လုံးနှစ်လုံး)
ဖော်စပ်နည်း
ရေနွေးဆူအောင်တည်ပါ ၊ ဘယ်ရီရည်ပေါင်းထည့်ပါ ၊ အေးလာတဲ့အထိစောင့်ပါ။
သစ်ကြမ်းပိုးခေါက် ၊ ဂျင်း နှင့် ဇာဒိပ္ပိုလ်သီး ရောထည့်ပြီး မွှေပါ။ ပြီးရင် ဆယ်မိနစ်ခန့်ကြာအောင် အပူပြန်ပေးပါ ၊ ပြီးတာနဲ့ သာမန်အပူချိန်ထိ ရောက်အောင် အအေးခံပါ။ရှောက်သီး နဲ့ လိမ္မောရည် ထဲ ထည့်မွှေလို့ပြီးသွားရင် ရေခဲတုံးထည့်ပြီး သောက်လို့ရပါပြီ။
Source: ideadigezt.com
Trend Myanmar