Thursday, July 3, 2014

သင့်အိမ်ကို ပျော်ရွှင်စရာကောင်းအောင်ဖန်တီးပါ

(၁) အပြင်ကမြင်ကွင်းကို ရအောင်လုပ်ပါ
သင့်အိမ် အပြင်အဆင်ကို အပြင်ကရှုခင်းရအောင်လုပ်ပါ။ New York မြို့က အဆောက်အဦးတွင်းပိုင်း
ဒီဇိုင်းနာတစ်ယောက်ဖြစ်တဲ့ Brad Ford ရဲ့အလွန်ရိုးရှင်းတဲ့ပြင်ဆင်မှုနည်းတွေရိုပါတယ်။



(၂) နံရံကို ဒီတိုင်းပစ်မထားပါနဲ့
အခန်းကိုတောက်ပစေဖို့ သဘာဝအရောင်ရှိ အနုပညာလက်ရာတွေ ထားခြင်းဟာ အလွယ်ကူဆုံးနည်း လို့Ford က ဆိုပါတယ်။ ငွေကုန်သက်သာစေတဲ့ အချက်တစ်ခုက နောက်ခံအကွက်ကွက်ဖော်ထားတဲ့ ပိတ်စမျိုးဝယ်ပါ။
သစ်သားဘောင်ကွပ်ထားတဲ့ သစ်သီးပုံ၊ ငှက်ပုံ၊ ခရုပုံ၊ အုန်းပင်တို့ လိုဟာမျိုးလူကြိုက်များပါတယ်။ Staple gun သုံးပြီး အနောက်ဘက်မှာ ချိတ်လိုက်ပါ။ ဒါမ မဟုတ် နောက်ဆုံးစဉ်က ရိုက်ခဲ့တဲ့ပုံတွေကို ဘောင်ကွပ်ပြီး ထားလိုက်ပါ။


(၃) အလင်းရောင်ရပါစေ
အလင်းရောင် များများရအောင် ကုလားကာ နှင့် တံခါပေါက်တွေဖွင့်ထားပါ။
ပိုးကြမ်းထည်၊ ချည်ထည် တို့လို အ အရောင်မြိန်မြိန် လေးတွေ သေချာရွေးပါ။


(၄) ခေါင်းအုန်းစွတ်လဲပေးပါ
အရွက်ပုံ (သို့) တခြားအ အစားအစာ ပုံပါ ပြီးဈေးသက်သာတဲ့ ခေါင်းအုန်းအဖုံးတွေကိုထားပေးပါ၊
အကျိုးသက်ရောက်မှု အများရေးရှိတာတွေ့ရပါလိမ့်မယ်။ ခေါင်းအုန်းဖုံးတွေက ပတ်ဝန်းကျင်အရသာကို ထိတွေ့ခံစားစေတယ် ဟု Ford ကပြောပါတယ်။


(၅) အပင်တွေကို ထားပါ
သစ်ပင်တွေက သင့်ကို ပျော်ရွှင်မှုရစေတယ်။ Ford ရဲ့ပြောနေကြ စကားတစ်ခွန်းက “The greener, more lush, leafier the better” ပါ။  ပုံထဲက ကြာပင်တွေ Ficus Alii တို့ကြိုက်တတ်ကြတယ်။


(၆) ခြေလမ်းသွက်သွက်လက်လက်ရှိစေဖို့
ဒီထဲက ခြေသုတ်ခုံလို သဘာဝ ပိုးချည်မျင်တွေနဲ့လုပ်ထားတဲ့ ခြေသုတ်ခုံ တွေဟာ ဘယ်အခန်းမဆို ကပိုပြီး သဘာဝကျစေတယ်။
နောက်ပြီး ဒီထက်ပိုပြီး ညင်သာမှုရှိစေချင်ရင် ပန်းပုံ တွေ၊  တိရိစ္ဆာန် အရေခွံ နှင့် သိုးမွေး (သို့) ပိုးချည်မျင် ထည့်ပေးဖို့ Ford က အကြံပြုထားပါတယ်။


(၇) အိမ်မှာရှုပ်ရှုပ်ပွပွဖြစ်တာကို ဘယ်လိုရှင်းမလဲ
ရှုပ်ပွအောင်ဖြစ်စေတဲ့အရာတွေက မထင်မှတ်ထားတဲ့နေတွေမှာရှိနေတတ်တယ်။ အခုတော့အဲဒီအရှုပ်အထုပ်တွေကို
ရှင်းထုတ်ဖို့အချိန်ရောက်နေပါပြီ။ သင့်အိမ်မှာအရှုပ်အပွကင်းရှင်းအောင် မှန်ကန်တဲ့ အသုံးအဆောင်ကိုရွေးချယ် ပြီး ဆောင်ရွက်ကြပါစို့။

Ref:health.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts