Friday, July 4, 2014

အိမ်မွေး ခွေးတစ်ကောင်ရဲ့ အကျိုးကျေးဇူးများ

ဟိုးယခင်ကတည်းက ခွေးတွေကို လူသားတွေရဲ့အကောင်းဆုံး အဖော်မွန်လို့ ဆိုခဲ့ကြတယ်။ သူတို့ရဲ့ သိစ္စာရှိမှု၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှု၊ သီးသန့် မေတ္တာထားရှိမှု စတာတွေဟာ မယုံနိုင်စရာ အကျိုးကျေးဇူးတွေပါပဲ။ လှပသာယာတဲ့ ဆောင်းရာသီမနက်ခင်းတစ်ခုမှာ ခရီးဝေးတစ်ခုကိုအတူလျှောက်ရင်း လမ်းတစ်လျှောက် မှာ ကိုယ်ပြောချင်တဲ့အကြောင်းအရာ တွေပြောပြီး အိမ်ပြန်ရောက်လာတဲ့အခါ အမောဖြေပါ။ ပြီးမှ အလုပ်ခွင်ကို စိတ်လက်ပေါ့ပါးစွာဝင်ပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်ထားခြင်းဟာ စိတ်ဓါတ်ရေးရာ မြှင့်တင်နိုင်တဲ့နည်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ခွေးတစ်ကောင်ကို တကယ်ချစ်ကြည့်တဲ့အခါ သူကလဲ သင့်ကိုပြန်ချစ်မှာ အသေအချာ ပါပဲ။

ခွေးတစ်ကောင်ပိုင်ဆိုင်ခြင်းဟာ သင့်အတွက် ဘာတွေ ကောင်းသလဲ လေ့လာကြည့်တဲ့အခါ -
-      ခွေးနဲ့အတူ ပုံမှန်လမ်းလျှောက်ထွက်ခြင်းအားဖြင့် ကျန်းမာရေး အကျိုး ကျေးဇူးရစေပါတယ်။
-      လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ တခြား ခွေးပိုင်ရှင်တွေနဲ့အတူ လမ်းလျှောက်ရင်း ပုံမှန်ဆုံတွေ့မှုကနေတဆင့် ခင်မင် ရင်းနှီးလာနိုင်လို့ပါပဲ ။
-      လမ်းလျှောက်ခြင်းက နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိအားတွေ၊ ညောင်းညာမှုတွေ ကနေ ရုန်းထွက်နိုင်ပြီး သစ္စာရှိတဲ့ အပေါင်းအသင်းတစ်ယောက်နဲ့ အချိန် ဖြုန်းချိန်ရပါတယ်။
-      ကျွန်ုပ်တို့ကို ချွင်းချက်မရှိ ချစ်ခင်ကြောင်းအား သူတို့ရဲ့ နှစ်သက်ဖွယ် အမူအရာတွေနဲ့ ဖော်ပြပေးတတ်ပါတယ်။
-      ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ဒဏ်ရာ(ဥပမာ-တစ်စုံတစ်ဦးသေဆုံးခြင်း) စတာတွေ ကနေ ပြန်လည် နလန်ထူစေနိုင်ပါတယ်။
-      ခွေးမွေးထားတဲ့သူတွေဟာ ခွေးမမွေးတဲ့သူတွေထက် သွေးတိုးနှုန်း လျော့ နည်းပါတယ်။
-      သွေးတိုးနှုန်းလျော့နည်းတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင် ချေ နည်းပါတယ်။
-      ကလေးတွေအတွက်ဆိုရင်တော့ မိမိကိုယ်ကို ပိုပြီးတန်ဖိုးထားတတ်လာ ပါတယ်။
ဒီအချက်တွေအားလုံးကြောင့် ခွေးဟာ ပျော်ရွှင်ကျေနပ်စရာ တစ်ခုပါ။ စိတ်ပျက်စရာနေ့တစ်နေ့ကြုံခဲ့ရင်တောင် သူတို့တွေဟာ သင့်ကိုရယ်အောင် လုပ်နိုင်ပါတယ်။ ပြီးတော့ အရေးကြီးဆုံးအချက်က သင်အန္တရာယ်ကြုံလို့ သူ့ကိုလိုအပ်ရင် အသက်စွန့်ပြီးတော့ ကာကွယ်ပေးပါတယ်။ ဒီတော့ သူ့ကို စိတ်ချလက်ချပွေ့ဖက် မွေးမြူပြီး ကိုယ့်ရဲ့ အကောင်းဆုံးအဖော်မွန်အဖြစ် သတ်မှတ်နိုင်ပါတယ်။
Ref:Purina
 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts