Monday, July 14, 2014

တစ်နေ့လျှင် ရေဆယ်ခွက်သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်


တစ်နေ့လျှင် ရေရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်ပါဆိုသော အကြံပေးချက်ကို ကျွန်တော်တို့ အကြိမ်များစွာကြားဖူးထားကြပြီး ဖြစ်သည်။ အကယ်၍ ကိုယ်အလေးချိန်ပိုများနေသည် (သို့မဟုတ်) အငန်ကဲသော အစားအစာများ အမြဲစားလေ့ရှိသောကြောင့် ကယ်လိုရီများနေပါက ကိုယ်အလေးချိန်လျှော့ချရာတွင် အကူအညီဖြစ်စေရန် တစ်နေ့ရေရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်သင့်သည်ဟု ကျွမ်းကျင်သူများကပြောသည်။


ရေဓာတ်သည် ကိုယ်ခန္ဓာညွှန်းကိန်း BMI ကိုလျှော့ချနိုင်သည်။အကယ်၍ တစ်နေ့လျှင် ရေရှစ်ခွက်မှ ဆယ်ခွက်အထိ နေ့စဉ်သောက်ပါက အမြဲစားလေ့ရှိသော အစာပမာဏလျော့ကျသွားမည်ဖြစ်ကာ ကယ်လိုရီများသော ဖျော်ရည်များသောက်သုံးမှုလျော့ကျသွားမည် ဖြစ်သည်။
အစာမစားမီ ရေ ၅၀၀ မီလီလီတာခန့်သောက်ခြင်းဖြင့် ကယ်လိုရီ လျော့ကျစေနိုင်ပြီး ကိုယ်အလေးချိန်လျော့ကျစေမည်ဖြစ်သည်။ ရေက အဆီလောင်ကျွမ်းမှုကို ကူညီပေးသည်။
ကယ်လိုရီပါဝင်မှုပိုများသော ဖျော်ရည်များသောက်သုံးခြင်းထက် ရေသောက်ပေးခြင်းက အဆီကို ၅၀ ရာခိုင်နှုန်းပိုမိုလောင်ကျွမ်းစေနိုင်သည်။
ရေသောက်ခြင်းကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလည်း ပိုမိုလုပ်နိုင်မည်ဖြစ်သည်။ ကိုယ်ခန္ဓာရေဓာတ်၏ ၂ ရာခိုင်နှုန်းကိုချွေးထွက်ခြင်း အဖြစ် ဆုံးရှုံးသွားပါက အားကစားသမားတစ်ယောက်၏ မြင့်မားသော စွမ်းဆောင်ရည်ကို ထိခိုက်နိုင်သည်။
လုံလောက်သော ရေပမာဏသောက်ပေးခြင်းဖြင့် သင်၏ကိုယ် လက်လှုပ်ရှားနိုင်မှုကို မြင့်တက်စေပြီး ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် အရက်နာကျခြင်းကိုလည်း ကုစားနိုင်သည်။
ခန္ဓာကိုယ်ရေဓာတ်လုံလောက်စေရန် ရေသောက်ပေးခြင်းမှာညအချိန်မတော်ပါတီပွဲမှပြန်လာပြီး ကိုယ်စိတ်မအီမသာဖြစ်ခြင်းအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အကယ်၍ အချိန်အတန်ကြာ ခရီးသွားရမည်ဆိုပါကလည်း ရေဓာတ်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။
—Ref: Internet

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts