လူဖြစ်လာပြီဆိုရင်
ဝမ်းနည်းစရာတွေဟာ ရှောင်ရှားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။
ဒီဝမ်းနည်းစရာတွေဟာ ကိုယ့်ဆီရောက်လာဖို့ အလှည့်ကျလာပြီဆိုရင်
သင်ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက
သင်ဝမ်းနည်းရင် ဖြစ်တတ်တဲ့ အလေ့အထတွေ ဖြစ်ပြီး ဒီဝမ်းနည်းခြင်းကနေတဆင့်
မရှုံးနိမ့်သွားဖို့ အကြံပေးချက်တွေနဲ့အတူ စုစည်းပေးထားပါတယ်။
Ref:womenslife.today
၁။ အိပ်ရေးမဝဖြစ်လာတယ်
သင်
မအိပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်နဲ့စိတ်နှစ်ခုစလုံးလိုအပ်သလို
အနားပေးလို့မရတော့ပါဘူး။ အကြိမ်ရေများလာပြီဆိုရင်တော့ ပိုပြီး
အအိပ်နည်းလာမှာဖြစ်ပြီး မကောင်းမြင်တတ်တဲ့ အကျင့်ဆိုးတွေ
ပိုပြီးစွဲကပ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲအကျင့်ဆိုးကပဲ သင့်ကို
အိပ်လို့မရအောင် အနှောက်အယှက်ပေးမှာဖြစ်တယ်။ သာမန်လူတစ်ယောက်ရဲ့
အိပ်ချိန်ဟာ ၈နာရီပုံမှန်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား။
၂။ အခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို အရမ်းစိုးရိမ်လာတယ်
ကိုယ်လုပ်နေတဲ့အရာအပေါ်
အခြားလူတွေက သူတို့အယူအဆနဲ့ ကောက်ချက်ချတာကို မှားနေတယ်လို့
သင်ပြောလို့မရပါဘူး။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေလို့ မရသလို
ကိုယ့်ဘာသာနေထိုင်လို့လည်း မရပါဘူး။ စွပ်စွဲချက်တွေမခံနိုင်တဲ့ သင့်စိတ်က
စိတ်ဆင်းရဲအောင် လုပ်ပေးနေတဲ့တရားခံပါပဲ။ အဲဒါကြောင့် အခြားလူတွေ
ဘယ်လိုထင်လဲဆိုတာထက် ကိုယ်က ဘယ်လိုယူဆလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတဲ့
ခံယူချက်ကို သင်ယုံကြည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။
၃။ ကျန်တဲ့သူများဆီကနေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထုတ်ထားတယ်
ကမ္ဘာကြီးဟာ
ကြမ်းတမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေနဲ့အတူတကွ
တိုင်ပင်ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် သင့်ကိုသင်
သီးခြားခွဲထုတ်ထားတယ်ဆိုရင်တော့ သင့်ခံစားချက်ကို ပိုပြီးဆိုးလာအောင်
လုပ်တာနဲ့အတူတူပါပဲ။ လူတွေကြားကနေ သင့်ကိုသင် ခွဲထုတ်လိုက်တာနဲ့ သင်ဟာ
အထီးကျန်ဆန်ပြီး ဝမ်းနည်းလာမှာ သေချာပါတယ်။
၎။ သင့်ကို စိတ်ဆိုးအောင်လုပ်တဲ့အရာတွေကို သင်ခွင့်မလွှတ်နိုင်ဘူး
ကိုယ့်ကို
ခံစားအောင်လုပ်တဲ့လူတွေကို စိတ်ဆိုးတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်
တောင်းပန်ပြီးမှ ခွင့်မလွှတ်ပဲ ဆက်ပြီး ခံစားနေမယ်ဆိုရင်တော့ နစ်နာမယ့်သူက
ကိုယ်ပါပဲ။ တောင်းပန်တဲ့စကားလုံးတွေကို သင်လက်ခံတတ်အောင် သင်ပြီးတော့
သင့်ကိုနာကြင်အောင် လုပ်ခဲ့တဲ့ကိစ္စတွေကို သင်မေ့ဖျောက်နိုင်မှာ ဖြစ်တယ်။
၅။ကိုယ့်နှုတ်ကနေ ထုတ်ပြောလိုက်တဲ့ စကားလုံးက သူတစ်ပါးကို ထိခိုက်စေတယ်
သင့်စိတ်ထဲမှာ
ရှိနေတာကို သင်လွတ်လွတ်လပ်လပ် ထုတ်ပြောဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့်
အားလုံးကို ပျော်ရွှင်စေနိုင်မယ့် အကျိုးရှိတဲ့စကားလုံးဖြစ်ဖို့ကလည်း
အရေးကြီးတယ်မဟုတ်ဘူးလား။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို
သင်မမုန်းဘူးဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တဲ့
စကားအသုံးအနှုန်းတွေကို သင့်တစ်ယောက်တည်း ထွက်ပေါက်အတွက် အသုံးမိဖို့
သတိထားစေချင်ပါတယ်။
၆။ ခက်ခဲတဲ့အချိန်တိုင်းမှာ သင်လက်လျော့လိုက်တယ်
ဒီတစ်ခုဟာ
ဝမ်းနည်းနေတဲ့အမျိုးသမီးတွေကို ရှုံးနိမ့်သွားစေတတ်တဲ့ ရန်သူဖြစ်ပါတယ်။
ကိုယ်ဘာမှမလုပ်သေးခင်မှာ လက်လျော့လိုက်တယ်ဆိုတာက
ကိုယ့်ကိုယ်ကိုတိုက်ခိုက်တတ်တဲ့ စရိတ်ဆိုးဖြစ်ပြီး သင် ပိုကောင်းအောင်
လုပ်နိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာကို သင်လက်ခံနိုင်ဖို့လည်း
လိုအပ်ပါတယ်။Ref:womenslife.today
No comments:
Post a Comment