 |
Health Updates Journal No. 124 |
ကလေးငယ်လေးတွေ အထူးသဖြင့် သမီး မိန်းကလေး ငယ်လေးတွေ မွေးထားတဲ့ မိဘများဟာ
မိမိ ကလေးငယ် ဘယ်လောက်ပင် အသက်ငယ်ငယ် လိင်အလွဲသုံးစား ခံရခြင်းနဲ့ ဆိုင်တဲ့
ဗဟုသုတ အနည်း အကျဉ်းတော့ ရှိထား သင့်ပါတယ်။ အခုခေတ်ကြီးမှာ
ဆွေမျိုးနီးစပ်တော် တာတောင် ယုံကြည်စိတ်ချရမှု နည်းပါးလာတာကို
သတိပြုသင့်ပါတယ်။ ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့မှ ကလေးများကို လိင်အလွဲ
သုံးစားပြုခြင်းမှ ကာကွယ် နိုင်ဖို့ မိဘများကို အကြံပြုချက်တွေကို
ထုတ်ပြန်ပေး ထားပါတယ်။
-သမီးငယ်ကလေးများကို ဘယ်တော့မှ တစ်စုံတစ်ယောက် (ဦးလေးတော်စပ် သော်မှ)ရဲ့ ပေါင်ပေါ်မှာ မထိုင်ပါစေနဲ့။
-ကလေးငယ်ကို နှစ်နှစ်ကျော်ပြီဆိုတာနဲ့ သူစိမ်းတရံဆံရှေ့မှာ
အ၀တ်လဲပေးခြင်းမျိုးကို ရှောင်ကျဉ်ပါ။ ယဉ်ကျေးစွာနဲ့ ခဏရှောင်ပေးဖို့
တောင်းဆိုပါ။
- တစ်စုံတစ်ယောက်ကြောင့် ကလေးငယ်ဟာ စိတ်မသက်မသာ ခံစားနေရပြီ၊
ရှက်ရွံ့နေရပြီလို့ ပြောတိုင်း အရေးတယူ နားထောင်ပြီး တုံ့ပြန်
လုပ်ဆောင်ပေးပါ။
- လှုပ်လှုပ်ရှားရှားနဲ့ ဆော့တတ်တဲ့ ကလေးငယ် တစ်ဦးဟာ ငြိမ်နေပြီဆိုရင် ပစ်မထားပါနဲ့ အကြောင်း ရင်းမှန်ကို သိအောင်လုပ်ပေးပါ။
- မိမိနေအိမ်မှာ တပ်ထားတဲ့ စလောင်းလိုင်းတွေကနေ လူကြီးတွေပဲ ကြည့်သင့်တဲ့
ချန်နယ်တွေကို လော့်ခ်(lock) လုပ်ပါ။ ကလေးငယ်များကို ကာတွန်းကား၊
ကာတွန်းချန်နယ်များကို အသက် ၆နှစ်အရွယ် အထိ ကြည့်ရှုစေပြီးမှ
တခြားဇာတ်ကားများကို ပြသသင့်ပါတယ်။
- ကလေးငယ်ဟာ အသက် ၃နှစ်ရှိပြီဆိုရင် သူ့ရဲ့တစ်ကိုယ်ရည် အစိတ်အပိုင်းတွေကို
ကိုယ့်ဘာသာ သန့်ရှင်းဆေးကြောတတ်ဖို့ သင်ပြပေးပါ။ သူစိမ်းတရံဆံတွေက
ကိုင်တွယ် ပွတ်သပ်မှုဟာ ရာဇ၀တ်မှု မြောက်တယ်ဆိုတာ အသိပေးထားပြီး တန်ပြန်
ကာကွယ်မှုတွေ သင်ကြားပေးပါ။
-လူထူထူကြားထဲကို သွားရမယ်၊ လိုင်းကားကျပ်ကျပ် စီးရမယ်ဆိုရင် ကလေးငယ်ကို ဘယ်လိုနေရာပဲရရ၊ သူ့ကို ဦးစားပေးနေရာပေးပါ။
သက်ကို
ref;UNICEF
No comments:
Post a Comment