Friday, July 11, 2014

အွန်လိုင်းဈေးကွက်မှာ အရောင်းရဆုံးစာရင်းဝင်တဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ အလွမ်းမိုးသီချင်း


ဓာတ်ပုံ−ဇွဲဉာဏ်
အဆိုတော်အိုင်းရင်း ဇင်မာမြင့်၏ အလွမ်းမိုးသီချင်းကို အွန်လိုင်းမှတစ်ဆင့်ရောင်းချခဲ့ရာ ခုနစ်ရက်အတွင်း အရောင်းရဆုံး စာရင်းတွင်ရပ်တည်နိုင်ခဲ့ကြောင်း Myanmar Music Store မှသတင်းရရှိသည်။
‘‘အလွမ်းမိုးရောင်းအားက တော့ တော်တော်ကောင်းပါတယ်။
SMS နဲ့အများဆုံးရောင်းရတယ်။ နှစ်ရက်ပဲရောင်းရတာကို ဒီသီချင်းက Top 25 Song ထဲမှာတောင် ပါလာတယ်’’ဟု Myanmar Music Store မှ တာဝန်ရှိသူတစ် ဦးကပြောသည်။
အတွဲခွေတစ်ခွေတွင်ပါဝင် မည့်သီချင်းတစ်ပုဒ်ဖြစ်ပြီး ဇူလိုင် ၂ ရက်ကတည်းက စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်သော်လည်း ဖုန်းဘီလ် နှင့်ဝယ်ယူရသော ဆာဗာDown နေသောကြောင့် ဇူလိုင် ၈ ရက်မှ သာစတင်ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။
‘‘လေးဖြူရဲ့ဒိုင်ယာရီက တော့ ခုအချိန်ထိ ပထမနေရာမှာပါ။ အဲဒီနောက်မှာ ကျားပေါက်ရဲ့သီချင်းနှစ်ပုဒ်ရှိမယ်။ နိုင်းဝမ်းနဲ့ အစ္စဏီဆိုထားတဲ့ Kiss Meက နံပါတ်လေး၊ နောက်ပြီး နံပါတ်ငါး က မာရဇ္ဇရဲ့အသစ်ကပြန်စမယ်။ ခုအိုင်းရင်းဇင်မာမြင့်ရဲ့သီချင်းက နံပါတ်ခြောက်နေရာမှာပါ’’ဟု အထက်ပါတာဝန်ရှိသူကပြော သည်။
ယင်းသီချင်းသည် ကိုနေ ထိုက်စိုးစီစဉ်သည့်အခွေတွင် သီ ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်း၏သီချင်း များအနက် အွန်လိုင်းတွင်ပထမ ဆုံးရောင်းချသည့် သီချင်းဖြစ်၍ စိုးရိမ်စိတ်ဖြစ်မိသလို ပျော်လည်း ပျော်ကြောင်း အိုင်းရင်းဇင်မာမြင့် ကပြောသည်။
‘‘ဒီသီချင်းကို ပြီးခဲ့တဲ့လကမှ ဆိုထားတာ။ မိုးရာသီနဲ့တိုက်ဆိုင် လို့ကြိုက်ကြတာထင်တယ်။ ဒီ သီချင်းလေးကမိုးရာသီနဲ့ ဆိုင်တဲ့ အသည်းကွဲသီချင်းလေးပါ’’ဟု ၎င်းကပြောသည်။
အတွဲခွေတော်တော်များ များတွင် ပါဝင်သီဆိုဖြစ်ပြီး ဒုတိ ယ   တစ်ကိုယ်တော်ခွေအတွက်လည်း သီချင်းများစ၍စုနေပြီဟု အိုင်းရင်းဇင်မာမြင့်ကပြောသည်။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts