Saturday, July 5, 2014

သဲရေချိုးခြင်းလို့ နာမည်ကြီးနေတဲ့ သဘာဝဆေးကုထုံးတစ်မျိုး

ပင်လယ်မှာရှိတဲ့ သဲတွေက အရိုးအဆစ်ကိုက်ခဲခြင်းနဲ့ ယောင်ရမ်းခြင်းတွေ သက်သာစေနိုင်တယ်ဆိုတာကို တွေ့ရှိထားခဲ့ကြပါတယ်။ သဲပူထဲမှာ ၂၅မိနစ်ကြာ ခန္ဓာကိုယ် မြုပ်ထားခြင်းကနေ ရရှိတဲ့ အကျိုးရလဒ်တွေကို ပထမဆုံး အီဂျစ်ပြည်ရှေးခေတ်တုန်းက ရေးသား မှတ်တမ်းတင်ခဲ့တယ်။ လူသာမက တိရိစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ဖို့အတွက် သဲရေချိုးခြင်းဟာ ကောင်းမွန်ကြောင်းကို သက်သေပြခဲ့ကြပါတယ်။

အကျိုးကျေးဇူးတွေကတော့ သဲမှာ သံလိုက်ဓါတ်ပါဝင်တဲ့ အညိုရောင်အခွံမာ၊ သန္တာကျောက် နှင့် ထုံးကျောက်တွေကြောင့် သံလိုက်အားကုထုံးအတွက် သက်ရောက်မှုအရှိဆုံး ဆေးကုသနည်း ဖြစ်ရုံသာမက ခန္ဓာကိုယ်ကုထုံးတွေအတွက်ပါ နှစ်သက်နေကြတာကို တွေ့ရပါတယ်။ သဲပူရေချိုးခြင်းကနေ ကြွက်သားတွေ သက်တောင့်သက်သာရှိစေပြီး သင့်ခန္ဓာကိုယ်အတွင်းမှာရှိ နေတဲ့ အရည်မှန်သမျှ လည်ပတ်မှု ကောင်းမွန်စေခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ ကုသရန်ခက်ခဲတဲ့ ရောဂါတွေကို ဖယ်ရှားပေးခြင်း၊ သွေးလည်ပတ်နှုန်း ကောင်းမွန်စေခြင်းနဲ့ အစားအသောက်ဓါတ်ပြုခြင်းတွေကို အားပေးခြင်း စတဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ Ibusuki Sand Baths ဆိုပြီးတော့ လူကြိုက်များနေတာကိုလည်း တွေ့ရပါတယ်။
ဒီသဲပူရေချိုးခြင်းကို ပြုလုပ်တော့မယ် ဆိုရင်တော့ ဆေးပညာဆိုင်ရာ သတိပေးချက်အတိုင်း လိုက်နာသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံနည်းကျ သဲပူနဲ့ ကုသခြင်းနည်းစနစ်နဲ့ ကုသလို့မရတဲ့ ရောဂါ အကြောင်းပြချက်တွေ ရှိနေသေးလို့ပါပဲ။ သွေးတိုးနေတဲ့အချိန်တွေ၊ ရုတ်တရက် သတိလစ်စေတတ်တဲ့ အာရုံကြောဖွဲ့စည်းပုံ မူမမှန်ခြင်း၊ ကူးစက်လွယ်တဲ့ရောဂါ အစရှိတဲ့ ဝေဒနာခံစားနေသူတွေအတွက်တော့ ဒါဟာ မသင့်တော်သလိုပဲ ဒီသိပ္ပံနည်း ဆေးကုသရာမှာလည်း အမျိုးသမီးအနေနဲ့ ဓမ္မတာ မစတင်မီ ၂-၃ရက် နှင့် ရာသီသွေးဆင်းနေစဉ်တွေမှာ မပြုလုပ်သင့်ပါဘူး။ ပြီးတော့ ၅နှစ်အထက် ကလေးငယ်တွေကိုလည်း သဲပူနှင့် ကုသခြင်း မပြုလုပ်သင့်ပါဘူးလို့ သိရပါတယ်။
Ref:learni.st.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts