Tuesday, July 15, 2014

သင့်အသားအရေအတွက် မသင့်တော်တဲ့အစားအစာ (၅)မျိုး

အစားအသောက်တွေဟာ ကျန်းမာရေးအတွက် တဖက်မှာ ကောင်းနေပေမယ့်လည်း နောက်တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်တာ အားလုံးနားလည်ပြီးသားတွေပါပဲ။ ခုဖော်ပြထားတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်တယ်ဆိုရင်တော့ သင့်အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

၁။ ကော်ဖီ
ကော်ဖီ၊ ကိုလာစတဲ့ အစားအသောက်တွေကို အလွန်အကျွံသောက်မယ်ဆိုရင်တော့ အရေပြားအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိထားချက်အရ ကဖိန်းဓါတ်က အရေပြားကို ရေဓါတ်ခန်းခြောက်စေပြီးတော့ အရွယ်ပိုပြီးရင့်သွားစေနိုင်ပါတယ်။
၂။ အခြောက်ကြော်ထားတဲ့ အစားအစာ
ကြွပ်ကြွပ်ကြော်ထားတဲ့အစားအစာ၊ အာလူးကြော်စတဲ့ အကြော်အလှော်တွေက အရသာခံနိုင်တဲ့ လျှာပေါ်က အဖုတွေကို ထိခိုက်သွားနိုင်သလိုပဲ အဆီများတဲ့ အစားအစားဖြစ်တာကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
၃။ ဆား
ဆား အလွန်အကျွံစားခြင်းက မျက်နှာပေါ် ဝက်ခြံပိုထွက်လာစေနိုင်ပါတယ်။ အသင့်စားလို့ရတဲ့ အစားအစာတွေမှာ ဆားအများကြီးထည့်ထားတာမို့ သင့်အရေပြားအတွက် အဲ့ဒီအစားအသောက်တွေကို ရှောင်နိုင်သလောက် ရှောင်သင့်ပါတယ်။
၎။ သကြား
နေ့စဉ်သကြား လိုအပ်တာထက် ပိုစားမယ်ဆိုရင်တော့ သင့်အရေပြားတွန့်ပြီး အသားအရေ အရောင်မှေးမှိန်သွားမှာပဲ ဖြစ်ပါတယ်။
၅။ နို့ထွက်အစားအစာများ
နို့ထွက်အစားအစာတွေက လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေ လည်ပတ်နှုန်းမြန်စေတဲ့အတွက်  ဝက်ခြံပိုပြီး ထွက်လာနိုင်ချေရှိတယ်လို့ ယူဆထားကြပါတယ်။
Ref:mensxp.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts