Friday, July 11, 2014

အခမ်းနားဆုံးမွေးနေ့ပွဲ ဆင်နွှဲမယ့် ဝါဆိုမိုးဦး


ဓာတ်ပုံ−ကျော်ဇင်သန်း
အသက် (၂၀)ပြည့်မွေး နေ့ကို အခမ်းနားဆုံးပြုလုပ်မည် ဖြစ်ပြီး ပရိသတ်ဆယ်ဦးကိုလည်း မွေးနေ့ပွဲသို့ တက်ရောက်ရန် ရွေးချယ်နေကြောင်း  သရုပ်ဆောင်ဝါဆိုမိုးဦးကပြောသည်။

‘‘ဝါဆို Fan Page နဲ့ဖေ့စ် ဘွတ်ခ်မှာမေးခွန်း ၁၀ ခုမေး တယ်။ မေးခွန်းတွေဖြေနိုင်တဲ့ ပရိ သတ် ၁၀ ယောက်ကို ဝါဆိုမွေး နေ့ဖိတ်မယ်။ အမှတ်တရလက် ဆောင်တွေလည်း ချီးမြှင့်မယ် ပေါ့။ ဝါဆို့ကို ချစ်မြတ်နိုးတဲ့သူ တွေ၊ ဝါဆိုချစ်တဲ့ပရိသတ်ကြီးကို ပါစေချင်လို့ ဒီဂိမ်းလေးကိုလုပ် လိုက်တာ။ လူကတော့ရွေးနေ တုန်းပဲ’’ဟု ဝါဆိုမိုးဦးကပြော သည်။
ဇူလိုင် ၁၉ ရက်တွင် ဆီဒိုး နားဟိုတယ်၌ပြုလုပ်မည့် မွေးနေ့ ပွဲကို    မင်္ဂလာပွဲနီးပါး   ခမ်းနား အောင်ကျင်းပမည်ဟု   မီဒီယာ အချို့တွင်ပြောဆိုထားမှုနှင့် မွေး နေ့ဖိတ်စာတွင်ဖော်ပြထားသည့် ၎င်း၏အင်္ကျီကလည်း  ပရိသတ် စိတ်ဝင်စားခြင်းခံနေရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အစာ အဆိပ်သင့်ပြီး ဆေးရုံလေးရက် တက်လိုက်ရ၍ မွေးနေ့ပွဲစီစဉ်ရန်အချိန်ကြန့်ကြာသွားပြီး   ယခုမှ သေချာပြန်စီစဉ်နေရသည်ဟု ဝါ ဆိုမိုးဦးကပြောသည်။
7Days

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts