Monday, July 21, 2014

အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်


တည်နေရာ
ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ခါကာဘိုရာဇီတောင် သည် ဟိမ၀န္တာတောင် တန်းနှင့်
ဆက်စပ်နေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ)မြင့်ပါသည်။
အချို့မှတ်တမ်း မူကွဲများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြပါသည်။
မြောက်လတ္တီတွဒ် ၂၈°၁၈' နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' ကြားတွင်ရှိသည်။
သည်တောင်ရှိရာ ဒေသ သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ အစဉ်ဖုံးလွှမ်းနေပါသည်။
တိဗတ်နှင့် မြန်မာ နယ်စပ်လည်းဖြစ်ပါသည်။


အမည် ၏ အဓိပ္ပာယ်
ခါခါဘိုရာဇီ သည် တိဗတ်အမည်ဖြစ်ပြီး  ခါဆိုသည်မှာ နှင်းဖြစ်ပြီး ခါဘို မှာ အဖြူဟု သတ်မှတ်သည်။
ခါကာဘိုရာဇီ အမည်သည် ကချင်ပြည်နယ် ရ၀မ်လူမျိုးများ ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံ
ထွက်ခြင်း /ပြောခြင်း ၊ ရာဇီမှာ တောင်ကို ခေါ်သည်။အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။
စတင်ရောက်ရှိသူများ
ခါကာဘိုရာဇီတောင် ကို ၁၉၂၃ တွင် အိန္ဒိယမြေတိုင်း အဖွဲ့ အလုပ်သဘောလာရင်း စတင်တွေ့ရှိခဲ့သည်
ဟု ဆိုကြသည်။ဒီတောင်ပေါ်သို့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသား တစ်ဦးသည် လမ်းပြ တိဗတ်လူမျိုး
မြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် တတ်ရောက်နိုင်ခဲ့သည်။ မှတ်တမ်းအရ ထိုနှစ်ဦးသာ ဖတ်ဖူးပါသည်။ ၁၉၉၆ လောက်ဟုထင်ပါသည်။(ကျွန်တော်ဖတ်ဖူးသာ ကြာပြီဖြစ်သဖြင့် ခုနှစ်လွဲမှားလျှင်
ခွင့်လွှတ်ကြပါ)ယနေ့ခေတ် ၂၀၁၃ လောက်တွင် မြန်မာ တောင်တက်အသင်းမှ အဖွဲ့တစ်ဖွဲ့ တောင်ခြေ
အထိရောက်ခဲ့သည် ဟု ဂျာနယ်တစ်ခုတွင် ဖတ်လိုက်ရပါသည်။

ပေါက်ရောက်ရာအပင်များ
ဒီတောင်ရှိရာ ဒေသ တွင် အသက်ရှည်ဆေးဟု နာမည်ကြီးသော မချစ်ဥ များပေါက်ပါသည်။
ရေခဲတောင်ဒေသတွင် အမြင့်ပေ ၄၀၀၀ ၀န်းကျင်မှစ၍ အပင်ကြီးများ မပေါက်ရောက်နိုင်ပေ။ ကျူဝါးပင်များနှင့် တောင်ပေါ်မြက်ခင်းများ ပေါက်ရောက်လေသည်။ ကျူဝါး မြက်ဂေဟစနစ်သည် ရေခဲလိုင်းကို သတ်မှတ်ပေးသည်။ ယင်းဂေဟစနစ် ကြောင့်လည်း ရေအရင်းအမြစ်ရှိနေသည်။ ကျူဝါးမြက်ဂေဟစနစ်နှင့် အတူ မီတာ ၃၀၀၀ တွင် ၀က်သစ်ချ၊ ထင်းရှူး၊ မေပယ်လ်နှင့် မိုးမခပင်များ ပေါက်ရောက်သေးသည်။ အပြန် အလှန်အကျိုးပြုနေသော ဂေဟစနစ် များပင်ဖြစ်သည်။
လူမျိုးများ
ဒီတောင်ရှိရာဒေသတွင်တိဘတ် ၊ ကချင် ၊ ထလု ၊ ထရုန် လူမျိုးများနေထိုင်ကြပါသည်။
ထရုန်လူမျိုးသည် မျိုးဆက်ပျောက်ကွယ် မတက် ဖြစ်နေသည်။
ယနေ့ အခြေအနေ
ယခု အခါတွင်တော့ သစ်ပင်သစ်တောများ ထုတ်ယူသုံးစွဲမှု၊ ရှားပါးအပင်များ၊ ရေခဲတောင်ဒေသတွင် ပေါက်ရောက် သည့်အပင်များအား ထုတ်ယူသုံးစွဲမှု များလာခြင်းက ဂေဟစနစ်ကို ပျက်စီး လာစေသည်။ ရေခဲလိုင်းများကို မြင့်တက်လာစေသည်။
  ယခုအခါ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီ တောင်ခြေဒေသတို့၌ ထင်း နှင့် အခြားအသုံးပြုမှု၊ စီးပွားဖြစ် ထုတ်ယူသုံးစွဲလာမှုတို့က ဂေဟစနစ် ကို ပျက်စီးလာစေခဲ့ပြီ။
 ကျူဝါးမြက်ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် အခုဆိုအပူချိန်တွေ မြင့်တက်လာသည်။ ရေခဲဖုံးဒေသ တွေမှာ ရေခဲတွေအချိန်စော အရည်ပျော်ကျလာသည်။ ရေခဲလိုင်းတွေက လည်း အမြင့်ပေ ၃၅၀၀ ကနေ ၄၀၀၀ လောက်အထိ မြင့်တက်သွားသည်။ အရင်တုန်းက ရေခဲလိုင်းကို အမြင့်ပေ ၇၀၀၀ လောက်မှာစပြီး တွေ့နိုင်ပေမယ့် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကစပြီး ရေခဲလိုင်းတွေကို ပေ ၁၀၀၀၀ ကျော် လောက်မှာမှ စတွေ့ရပါတော့သည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ........................
 credit - .နေခရမ်း

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts