Wednesday, July 9, 2014

ဝက်သုံးထပ်သား ငှက်ပျောဖူးချဉ်စပ်ပေါင်း


ဒီဟင်းချက်ဖို့ ၀က်သားသုံးထပ်သား ၂၀ သား၊ ငှက်ပျောဖူးတစ်ခြမ်း၊ ငရုတ်သီးစိမ်း၊ မန်ကျည်းသီးမှည့်နဲ့ တရုတ်နံနံအနည်းငယ်တို့ပဲ လိုပါတယ်။

သုံးထပ်သားကို လက်လေးလုံးအရွယ် အတုံးကြီးတုံးပြီး ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ချင်းထောင်းရည်နဲ့ နယ်နှပ်ထားပါ။ ငှက်ပျောဖူးကို ပါးပါးလှီးပြီး မန်ကျည်းသီးမှည့်နဲ့နယ်ပြီး နှစ်ရက်လောက် ကြိုအချဉ်တည်ထားပါ။ အရင်ဆုံး အချဉ်တည်ပြီးသားကို ကြက်သွန်ဖြူဆီသတ်၊ ငရုတ်သီးစိမ်းနဲ့ ကြော်ပါမယ်။ နောက်ပြီး ဒယ်အိုးသတ်သတ်တစ်ခုနဲ့ နှပ်ထားတဲ့ သုံးထပ်သားကို ဆီများများထည့်ပြီး အတုံးပတ်လည်ကျက်အောင်ကြော်ပါ။ ပန်းကန်ထဲကို ခုနကြော်ထားတဲ့ ငှက်ပျောဖူးကြော်ထည့်။ အဲဒီအပေါ်ကနေ သုံးထပ်သားကြော်ကိုတင်ပြီး ရေနွေးအိုးထဲ ပန်းကန်လုံးလိုက် ထည့်ပေါင်းပါ။ အခေါက်အသား နာရီဝက်နီးပါးကြာအောင် နူးတဲ့အထိပေါင်းပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts