အရက်သောက်သုံးမှုမှာကျတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ အရောင်ရင့်တဲ့ သူတွေထက် ပိုသောက်နိုင်ကြတယ်လို့ ဆိုပြန်ပါတယ်။ မျက်လုံးဟာ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇအလိုက် အရောင်ကွဲသွားကြပါတယ်။ အရေပြားနဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်ကြောင့်ပဲ အရောင်ဖြစ်ပေါ်မှုတွေဟာ မျက်လုံးကို ပိုအရောင်ရင့်သွားစေတာမျိုးပါ။ မျက်လုံးအရောင်ရင့်တဲ့သူတွေဟာ စိတ်ကိုထိန်းချုပ်မှုပိုင်း အားနည်းတာကြောင့် အရက်သောက်နှုန်း လျှော့ချသင့်ပေမယ့် ဦးနှောက်ကိုသွားတဲ့ တုံ့ပြန်မှုအားကောင်းမွန်တာကြောင့် အားကစားလုပ်တဲ့ဘက်မှာတော့ ထူးချွန်ကြတယ်လို့ သိရပါတယ်။
Louisville တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ ပူပေါင်းလုပ်ဆောင်မှုတွေမှာ အားသာတဲ့အပြင် စာပေလေ့လာတာမျိုး၊ သင်ယူတာမျိုးတွေ လုပ်သင့်တယ်လို့လည်း ဆိုထားပြန်ပါတယ်။
Ref:aol.com
Trend
No comments:
Post a Comment