Thursday, July 17, 2014

ဒုတိယ အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ပိုပို


ဒုတိယ အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ပိုပိုတေးသံရှင် ပိုပိုက လတ်တလောမှာ သူမရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေအတွက် အသံသွင်းနေပြီး လူမှု ပရဟိတ ရှိုးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ပရိသတ်နဲ့များများ ထိတွေ့နိုင်အောင် အချိန်ရရင်ရသလိုသီဆိုဖျော်ဖြေလေ့ ရှိပါ တယ်။
“အခုကတော့ ပရိသတ်နဲ့ထိ တွေ့အောင် ဘာပွဲမဆို လက်ခံပြီး ဆိုတယ်။ အားရင်အားသလိုပေါ့။ ငြင်းလေ့တော့ သိပ် မရှိဘူး။ အဓိကကတော့ ပရိသတ်ကိုဖျော်ဖြေချင် တာပါ” လို့ ပိုပိုက ပြောပါတယ်။ အမ်တီဗီ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ကိုယ့်သီချင်း ကိုယ်အမ်တီ ဗီရိုက်ချင်တဲ့ အတွက်Mark III ကင်မရာ အသစ်တစ်လုံးကို ဝယ်ယူ လိုက်ပြီဖြစ်ကြောင်းကို ပိုပိုက “စီးပွားရေးတစ်ခု အနေနဲ့ရော၊ ကိုယ့်အမ်တီဗီ ကိုယ်ရိုက်ချင်တာ အတွက်ရောကြောင့်Mark III ကင်မရာကို ဝယ်နိုင်အောင် ကြိုးစားတယ်။ လောလောဆယ် ကတော့ ဘာမှ မလေ့လာရသေး ဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ကင်မရာဝယ်တာက တစ်ရက်ပဲရှိသေးတယ်။ ဓာတ်ပုံရိုက် တာတော့ နည်းနည်းစမ်းပြီးသွားပြီ။ အမ်တီဗီဒါရိုက်တာလုပ်မယ်ဆိုတာ က ကြီးကြီးကျယ်ကျယ်တော့ မဟုတ် ပါဘူး။ ကိုယ့်အမ်တီဗီ ကိုယ်ရိုက် မယ်။ သူများအမ် တီဗီကို နည်းနည်းတော့ ရိုက်ပေးမှာပေါ့” လို့ ပြော ပါတယ်။ ဒုတိယ တစ်ကိုယ်တော် အခွေအတွက် အားစိုက်နေတဲ့ ပိုပိုက ပရိသတ် အတွက် ဘယ်လို ကြိုးစားထား သလဲ ဆိုတာကို “သီချင်းက အားလုံးပေါင်း ၁၄ ပုဒ်ပါမှာ။ ၁၃ ပုဒ်က ကိုယ်တိုင် ရေးတယ်။ တစ်ပုဒ်က သူများရေး ပေးတာ။ အဲဒီမှာ ၈ပုဒ်ကBody တီးပြီးသွားပြီ။
တစ်ပုဒ်က လုံးဝ မရေးရသေးဘူး။ ဖြည်းဖြည်းချင်းတော့ လုပ်သွားရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်းကောင်းကောင်း လိုချင်ရင် အချိန် တော့ပေး ရမှာပဲ။ ပထမVCD နဲ့ ကပ်နေတော့ တစ်နှစ်လောက်ခွာပြီး လုပ်ဖို့ စဉ်းစားထားတယ်” လို့ ပိုပိုက ဆိုပါတယ်။ ပိုပိုက သူမရဲ့ ဒုတိယတစ်ကိုယ်တော် အခွေကိုPTL စတူဒီယိုမှာ တီးခတ်အသံ သွင်းနေပြီး ချစ်စမ်းမောင် ကိုယ်တိုင်Mixing ဆွဲပေးမှာဖြစ်ကြောင်း ပြောပါတယ်။
Popular News

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts