Thursday, July 17, 2014

အိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံးမတွေ့နိုင်ပေမယ့် လူတိုင်းနီးပါး လက်ထဲ ဖုန်းတစ်လုံး ရှိလာတော့မည့် မြန်မာနိုင်ငံ


အိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံးမတွေ့နိုင်ပေမယ့် လူတိုင်းနီးပါးလက်ထဲ ဖုန်းတစ်လုံး ရှိလာတော့မည့် မြန်မာနိုင်ငံများမကြာ ခင်နှစ်များ အတွင်းမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ အိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံး  မတွေ့နိုင်ပေမယ့် လူတိုင်းနီးပါး လက်ထဲ ဖုန်းတစ်လုံး ရှိလာတော့မှာ အသေ အချာပဲ ဖြစ်ပါတယ်။ ဟိုးယခင်က ကျနော်တို့လို သာမန်လူတန်း စားတွေ အနေနဲ့ မိုဘိုင်းဖုန်း တစ်လုံး ကိုင်နိုင်မယ် ဆိုတာ အိပ်မက်တောင် မမက်ဘူး ခဲ့တာပါ။ ဒါပေမယ့် ယခုနှစ် မှာတော့ တကယ်ကို စိတ်လှူပ်ရှားစရာတွေ ဖြစ်ပေါ်နေပါပြီ။ ယနေ့ မြန်မာနိုင်ငံမှာ မိုဘိုင်းတော် လှန်ရေးခေတ် စတင်နေပါပြီ။ လက်ရှိမြန်မာနိုင်ငံမှာ နာမည်ကြီးသတင်း website တစ်ခု စစ်တမ်းအရ မိုဘိုင်းဖုန်းနဲ့ဖတ်ရှူ သူအရေ အတွက်ဟာ 60% အထက် ရှိနေပါပြီ။ တနင်္ဂနွေ လိုနေ့မျိုး မှာဆိုရင် 80% ကနေ 85% အထိဟာ မိုဘိုင်း ဖုန်းပေါ်ကနေ ဖတ်ရှူနေ တာဖြစ် တယ်လို့ 7days ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက "The Future of Mobile Apps and IP Rights in Myanmar” Seminar မှာ ပြောကြား ခဲ့ပါတယ်။


ယခင်က စားပွဲထိုးတွေက ဆိုင်မှာ ရရှိနိုင်တဲ့ အစား အစာတွေကို Menu စာရွက်နဲ့ပြပြီး စားသုံးသူ မှာစားမယ့် အစားအစာတွေကို မှတ်စုတိုစာ အုပ်လေးနဲ့ရေး မှတ်ပြီး စားဖိုမှူးထံ သွားမှာ ပါတယ်။ ယနေ့နည်းပညာနဲ့တွဲဖက်ပြီး အသုံးပြုရောင်းချနေတဲ့ စားသောက်ဆိုင်တွေဟာဆိုရင် စားပွဲထိုးတစ်ယောက်ဆီမှာ Tablet တစ်လုံးစီ နဲ့ ဆိုင်မှာ ရရှိနိုင်တဲ့ အစားအစာတွေကို Tablet ပေါ်မှာပဲ ပြသ ပါတယ်။ Tablet ကနေပဲ မှာမယ့် အစားအစာတွေကို လက်ညိုးနဲ့ထောက် လိုက်ပြီဆိုရင် စာဖိုမှူး ဆီကို အမှာရောက် မှာဖြစ်ပါတယ်။
ယခုခေတ် Smart Phone တွေက ကွန်ပျူတာနီးပါး လုပ်ဆောင်နိုင်စွမ်းတွေ ကောင်းမွန် လာတာကြောင့် ကွန်ပျူတာတွေကို အလဲထိုးဝင်ရောက်လာ တာပဲဖြစ်ပါတယ်။ သာမန် အသုံးပြုသူတွေအနေနဲ့ computer မလိုဘဲ Smart Phone တစ်လုံးနဲ့တင် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါပြီ။ အသေးစိပ်ကို “ကွန်ပျူတာတစ်လုံးနီးပါးအလား စွမ်းဆောင်နိုင်သည့် ယနေ့ Smart Phone များ” ဆိုတဲ့ဆောင်းပါးမှာ ဆက်လက်ရေးသားပေးပါမယ်။
အခြေခံ လူတန်းစားတွေ အားလုံး Keypad Phone တွေပဲသုံးလိမ့်မယ်မထင်ပါနဲ့။ Smart Phone သုံးတဲ့သူတွေအများကြီးရှိပါတယ်။ Smart Phone သုံးရတဲ့ အဓိကရည်ရွယ်ချက်ကလည်း လုပ်ဆောင်ချက်တွေ(Functions) ပိုမိုစုံလင်တာရယ်၊ ဖုန်းမျက်နှာပြင်(Screen) အရွယ်အစားကြီးမားတာရယ်၊ အင်တာနက်ကောင်းမွန်စွာအသုံးနိုင်တာတွေကြောင့် ရွေးချယ်ဝယ်သူသုံးစွဲနေတာလို့ ကျနော်မြင်ပါတယ်။ အခုချိန်မှာ ကျနော်တို့ဝယ်သူသုံးစွဲနေရတဲ့ Smart Phone တန်ဖိုးဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးနှူန်းမြင့်မားနေပါသေးတယ်။ အခြားနိုင်ငံတွေမှာ ဖုန်းကို ဈေးသက်သက် သာသာနဲ့ဝယ်ယူနိုင်တာက Telecom တွေနဲ့ချိတ်ဆက်ထားလို့ပဲဖြစ်ပါတယ်။
မကြာသေးခင်ရက်ပိုင်းက နိုင်ငံတကာမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar နှင့် နည်းပညာကုမ္ပဏီ Samsung တို့မြန်ဆန်သွက်လက်ပြီးကုန်ကျစရိတ်သက်သာ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဇွန် ၂၀ရက်နေ့က နားလည်မှုသ၀ဏ်လွှာရေးထိုးခဲ့ပါတယ်။ ဒီလိုဆိုရင် ဖုန်းပြောဆိုခ ဈေးနှူန်းသက်သာမယ်။ အရေအသွေးကောင်းမွန်တဲ့ 3G ကွန်ယက်ကို အသုံးပြုရမယ်။ Smart Phone ၀ယ်ယူတဲ့အခါမှာလည်း မြန်မာနိုင်ငံသားတွေအကြိုက် Samsung Smart Phone တွေကိုလည်း ဈေးနှူန်းချိုချိုသာသာနဲ့ဝယ်ယူနိုင်မယ်။ ဆိုတော့ လူတိုင်းနီးပါးလက်ထဲ မိုဘိုင်းဖုန်းတွေရောက်ရှိလာမှာကို မြင်ယောင်မိရင်း…….။
Ref - Moe Lone Pyae Shan

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts