Wednesday, July 23, 2014

နာမည်ကျော်ကြားသူတွေ အတွက် Facebook ရဲ့ Mentions app အသစ်

Facebook က Mentions ခေါ် app အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြန်ပါတယ်။ အင်တာနက်စာမျက်နှာပေါ်ကနေ ကိုယ်တိုင်လှုပ်ရှားမှုပုံရိပ်တွေကို တင်ဆက်ပြသပေးခြင်းအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ဒီ app ကို verified accounts ရထားတဲ့ အနုပညာရှင်တွေ, အစိုးရအရာရှိအကြီးအကဲတွေ နှင့် လူထုခေါင်းဆောင် တို့လို ပုဂ္ဂိုလ် user တွေသာ သုံးလို့ ရမှာဖြစ်တယ်။
Celebrity user တွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ အကြောင်းအရာတွေကို လိုက်လံရှာဖွေပေးပါလိမ့်မယ်။ အားပေးသူ ပရိတ်သတ်တွေနဲ့ ပြန်အလှန်ဖလှယ်ထားတဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ စီပေးထား တာကြောင့် ပိုမိုလွယ်ကူစွာ တိုက်ရိုက် တုံ့ပြန်နိုင်စေမှာဖြစ်ပါတယ်။ အကောင့်အသုံးပြုသူ(user) တွေကို အားပေးတဲ့ ပရိတ်သတ်တွေနဲ့ ဖုန်းကနေတဆင့် တိုက်ရိုက်အမေးအဖြေတွေလုပ်လို့လည်း ရရှိစေနိုင်မှာဖြစ်ပြီး လူထုခေါင်းဆောင်တွေ အလေးအနက်ပြောချင်တဲ့ ကိစ္စတွေပေါ်လာရင် facebook ပေါ်က လူသိများဆုံးဖြစ်တဲ့ အကြောင်းအရာတွေကို ပြန်လည် ရှာဖွေလို့ရစေမှာလည်းဖြစ်ပါတယ်။
Source: cnn

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts