Sunday, July 13, 2014

Factory Reset ချလည်း ဖုန်းအဟောင်းထဲက ဓာတ်ပုံများ ပြန်တွေ့နိုင်


 toknowAvast လို့ အမည်ရတဲ့ လုံခြုံရေး ဆော့ဖ်ဝဲထုတ် ကုမ္ပဏီ ဟာ Factory reset ချ ထားတဲ့ စမတ်ဖုန်း အလုံး ၂၀ ကျော်မှ ဓာတ်ပုံပေါင်း ၂ သောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ ပါတယ်။ ယင်းထဲမှာ အဝတ်ဗလာ ပုံ၊ ကိုယ်တစ်ပိုင်း အဝတ်ဗလာပုံ အစရှိသဖြင့် များစွာ ပါဝင်ကြောင်း ဆိုပါတယ်။ eBay ကနေ စမတ်ဖုန်း အဟောင်း များကို ဝယ်ယူလို့ သုတေသန အဖွဲ့ တစ်ခုက စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။


ယခုတော့ ယင်းကဲ့သို့ ပြုလုပ်ပြီး ဓာတ်ပုံတွေ ပြန်ရှာဖို့ အတွက် မသမာ သူများက ဖုန်းများကို အဟောင်း ဈေးကွက် တွေမှာ လိုက်လံ ဝယ်ယူနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအတွက် Google က Android ဗားရှင်း 3.0 အထက် ဖုန်းများကို ဟက်ကာများ Hack လုပ်ဖို့ အင်မတန် အင်မတန် ခက်ခဲအောင် စီမံ ထုတ်လုပ် ထားကြောင်း ဆိုပါတယ်။ သို့ပေမယ့် ယခု စမ်းသပ်မှုများ ယင်းထက် အဆင့်မြင့်တဲ့ ဖုန်းများ ပါဝင်ပြီး လွယ်တကူပဲ တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့်ဖို့ ဒီအတွက် လုံခြုံရေး မြင့်တင်ဖို့ Android အတွက် Google တို့ ပြင်ဆင် ရအုံးမှာ ဖြစ်ပါတယ်။ ထိုနည်း တူစွာပဲ စမ်းသပ်မှု ထဲမှာ iPhone လည်း ပါဝင် ပါတယ်။ ဒါကြောင့်မို့ iPhone လည်း Factory Reset (Restore iPhone) လုပ်လိုက်ပေမယ့် လည်း Android ဖုန်းလိုပဲ ဓာတ်ပုံများ ပြန်ယူလို့ ရကြောင်း ဆိုပါတယ်။

ဓာတ်ပုံတင် မကပဲ အခြားသော အရေးကြီး အချက်အလက် များကို စမတ်ဖုန်း များမှ ပြန်လည် ရယူ နိုင်နေခြင်း ဖြစ်ပါတယ်။ Apple ကတော့ Factory Setting ချပြီးတဲ့ ဖုန်းထဲမှာ residual data တွေကို ပြန်ယူလို့ မရအောင် Encrypted လုပ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ဟက်ကာများက Decrypted ပြန်လုပ်နိုင် တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ အကယ်၍ အခြား လူတစ်ယောက်ကို ပြန်ရောင်းထုတ်ဖို့ စိတ်ကူး ရှိတယ် စမတ်ဖုန်း သုံးတဲ့ အခါ ပေါက်ကရ ဓာတ်ပုံများ မရိုက်မိရန် ဘဝ အတွက် အင်မတန် အရေးကြီးသော အချက်အလက် များ ထည့်သွင်း မသိမ်းဆည်းထားမိ စေရန် လိုအပ် ပါတယ်။ .
 Ref:Metro အောင်ခမ်း

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts