Wednesday, July 2, 2014

iOS 7.1.1 Jailbreak ကြောင့် iOS 8 Jailbreak အခက်တွေ့နိုင်

iOS 7.1.1 အတွက် မျှော်လင့်မထားပဲ ထွက်လာခဲ့သော "Pengu" jailbreak package ဟာ အောင်မြင်စွာ jailbreak လုပ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့ အနေအထားနဲ့ Cydia App ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်..

"Pangu" ကို အမည်မဖော်ပြနိုင်တဲ့ တရုပ် hacker group က ထုတ်ပေးလိုက်တာဖြစ်ပေမယ့် အဆိုပါ jailbreak package အတွက် အသုံးပြုထားတဲ့ နည်းလမ်းများဟာ ခိုးယူခံထားရတာ ဖြစ်ပါတယ်...

iOS researcher တစ်ဦးဖြစ်ပြီး 'i0n1c' ရဲ့ untether Jailbreak ကို တာဝန်ယူခဲ့သူ "Stefan Esser" က 'Pangu' Jailbreak အလုပ်လုပ်နိုင်နေတယ်ဆိုတာ သူတို့ ခိုးယူထားခဲ့တဲ့ အရာနှစ်ပေါ်မှာ အပြည့်အဝ မှီခိုနေတယ်လို့ ဆိုပါတယ်။

တစ်ခုက Apple ရဲ့ 'Enterprise Certificate' ဖြစ်ပြီး၊ နောက်တစ်ခုကတော့ သူရဲ့ (Esser) ကိုယ်ပိုင် လျှို့ဝှက်ထားတဲ့ Jailbreak methods ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပြီး 'Stefan Esser' က "They are just thieves" လို့ သူရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

'Enterprise Certificate' က developer တွေ သူတို့ရဲ့ App တွေကို Apple ရဲ့ approval မလိုပဲ အခြား devices (unlimited) တွေမှာ စမ်းသပ်နိုင်အောင် Apple က ခွင့်ပြုထားတာဖြစ်ပါတယ်။ Apple က အဆိုပါ Enterprise Certificate ကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။
သို့ပေမယ့် ပြန်လည် ရုပ်သိမ်းခဲ့သည့်တိုင် Device ရဲ့ system date ကို နောက်ပြန်လှည့်ထားပြီး သုံးမယ်ဆိုရင် အလုပ်လုပ်နိုင်ပါသေးတယ် (ဒါကြောင့် 'Pangu' jailbreak လုပ်စဉ်က ရက်စွဲ နောက်ပြန်ပို့ထားဖို့ ညွှန်ကြားခဲ့တာကို မှတ်မိကြပါလိမ့်မယ်)။

ဒါပေမယ့် ခိုးယူခံလိုက်ရတဲ့ Jailbreak methods တွေက ပိုလို အလျှော်အစား ကြီးတယ်လို့ 'Esser' ဆိုပါတယ်။ 'Pangu' jailbreak မှာ သုံးထားတဲ့ လျှိုဝှက်ချက်ပေါင်းများစွာကို အတူတူ research တွဲလုပ်ခဲ့တဲ့ သူများကိုသာ မျှဝေခဲ့ဖူးပါတယ်။ 'Pangu' jailbreak ဟာ သတင်းပေါက်ကြားခဲ့တဲ့ အချက်အလက်တွေကိုချည်း အသုံးပြုထားတာ မဟုတ်ပဲ သူ့သင်တန်းက code တွေကိုပါ ယူသုံးထားခဲ့တာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

iOS 8 ထွက်လာဖို့ လက်တစ်ကမ်း အလိုမှာ ယခုလို အရေးကြီးတဲ့ လျှို့ဝှက်ချက် နည်းလမ်းတွေကို iOS 7.1.1 Jailbreak အတွက် ထုတ်သုံးလိုက်တာကြောင့် iOS 8 အတွက် jailbreak ရဖို့ ကြန့်ကြာနိုင်ပါလိမ့်မယ်...
Apple အနေနဲ့ အဆိုပါ အားနည်းချက်များကို သိရှိပြီး iOS 8 မှာ သေချာပေါက် ပြင်ဆင်သွားမှာ ဖြစ်လို့ iOS 8 အတွက် Jailbreak ထွက်လာဖို့ ဆိုတာ မခန့်မှန်းနိုင်လောက်အောင် ကြာသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါဟာ ထူးထူးခြားခြား ပြောင်းလဲလာမယ့် iOS 8 ကို စောင့်မျှော်နေတဲ့ Jailbreaker တွေအတွက် သတင်းဆိုး တစ်ခုပဲဖြစ်ပါတယ်..

>> iOS 7.1.1 Untether Jailbreak


Credit - မိုးသိကြား

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts