Monday, July 7, 2014

iPhone တွေရဲ့ သက်တမ်းကို ဆွဲဆန့်စေဖို့ နည်းလမ်းများ


 iPhone Lifeအနိစ္စရဲ့ သဘောကို ပစ္စည်း သင်္ခါရ လူသင်္ခါရ သဘောမို့ သူတို့လည်း မလွတ်ကင်းနိင်ခဲ့ပါ။ ဒါပေမဲ့ ဘယ်သူမဆိုတော့ ကိုယ်ပစ္စည်းလေးကို ကြာကြာခံပြီး အသုံးပြုချင်ကြမှာပါပဲ။ Apple တံဆိပ်ဆိုလျှင်တော့ ပိုဆိုးမှာပေါ့။ ဈေးက လည်း အနေအထား တစ်ခုထိ ရှိနေတာကို iPhone နောက်ဆုံးပေါ်တစ်လုံးလောက်ဝယ်ပြီး တော်ရုံတန်ရုံ တစ်ခြား ဖုန်းတစ်လုံး လဲကိုင်ရမှာ နှမြောလောက်မှာပါ။ ကျန်ရှိနေတဲ့ iPhone ရဲ့ သက်တမ်း (သို့) သက်တမ်းကို ပိုခံစေဖို့ နည်းလမ်းလေးတွေရှိပါတယ်။ ရုတ်တရက် မမျှော်လင့်ဘဲ Shut down ကျတာတို့ နှေးကန်နေတာတို့ဟာ ၀ယ်ပြီး ၂နှစ်(သို့) ဖုန်းကို တစ်ယောက်ချင်းရဲ့ အသုံးပြုမူပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လျက် ရှိပါတယ်။ အနီးဆုံးက Apple ပစ္စည်းတွေဆိုရင် ၀ယ်ပြီး ၁၈ လနဲ့ ၂နှစ်အတွင်းမှာ ဖုန်းရဲ့အရည်အသွေးဟာ နိမ့်ဆင်းလာတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်း တစ်ချို့ရှိနေပါတယ်။ သိပ် ထွေထွေထူးထူးကြီးတော့ မဟုတ်ပါဘူး။


၁) ဆန်းစစ်ကြည့်ခြင်း
ပထမ, ဖုန်းရဲ့ နေရာတွေကို ဘာတွေက အများဆုံး ယူထားတာလဲ ဆိုတာနဲ့ ဖုန်းဟာ ဘယ်လောက်ထိ နှေးနေတယ်ဆိုတာ ကြည့်ရပါမယ်။ မသုံးပေမဲ့လည်း ပုံမှန် အချိန်မှာ App ဘယ်လောက်များများနဲ့ လည်ပတ်နေတယ်ဆိုတာ ကို သိရပါမယ်။ ဒီအကြောင်းအရာကို သိဖို့ အတွက် Settings > General > Usage ထဲကို ၀င်ကြည့်ပြီး ဘယ် App တွေဟာ နေရာ အများဆုံး ယူနေသလဲဆိုတာကို သိနိင်ပါတယ်။ နေရာတွေ ကို App တွေနဲ့ ပြည့်နေစေတာကလည်း ဖုန်းကို လေးကန်စေတဲ့ အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။


၂) မသုံးတဲ့ App တွေကို Uninstall လုပ်ပစ်ပါ။
ဖုန်းကို သုံးတာ ကြာလာတာနဲ့ အမျှ App တွေကို တော်တော်လေး စုဆောင်းလာမိတာတွေ ရှိနိင်ပါတယ်။ အသုံးမပြုတာတွေရော၊ သုံးတာတွေရောပေါ့။ တစ်ခုချင်းစီက နေရာတွေကို ယူထားနိင်ပါတယ်။ သူတို့တွေကို အသုံးမလိုလို့ရှိလျှင် ဖယ်ထုတ်ပစ်လိုက်ပါ။ App တွေကို ဖျက်ပစ်တာပဲ ဖြစ်ဖြစ် အဲဒီဖိုင်တွေထဲမှာ ရှိတဲ့ အချက်အလက်တွေကို ဖယ်ပစ်တာပဲ ဖြစ်ဖြစ်ပါ။ အဲလိုလုပ်လိုက်ခြင်းဖြင့် ဖုန်းမှာ ရှိတဲ့ ပရောဆက်ဆာဟာ သိပ်ပြီး အလုပ်လုပ်နေစရာ မလိုတော့ဘူးပေါ့။ ဒါဆိုရင်တော့ ဖုန်းဟာ တော်တော်လေး ပေါ့သွားမှာပါ။


၃) App များတွင် ပါရှိတဲ့ တည်နေရာ ဖော်ပြမူတွေကို ပိတ်ခြင်း
Google Map, Twitter, အထူးသဖြင့် Facebook တို့မှာ တစ်ချိန်လုံး သင့်ရဲ့ တည်ရှိနေတဲ့ နေရာကို ဖော်ပြတဲ့ အစိတ်အပိုင်း ပါရှိပါတယ်။ ဒါတွေဟာ ဖုန်းရဲ့ ဘတ္တရီ သက်တမ်းကို တိုတောင်းစေပါတယ်။ ထိုသို့ တည်နေရာ ဖော်ပြချက်ကို ပိတ်ပစ်ဖို့ Settings > Privacy > Location Services ကို သွားပြီး ပိတ်နိင်ပါတယ်။ (သို့) App တစ်ခုချင်းကို တိတိကျကျ ဖြင့် တည်နေရာ ဖော်ပြမူကို ဖယ်ထားနိင်ပါတယ်။ထိုသို့ App တွေမှာ ပါရိတဲ့ တည်နေရာ ဖော်ပြမူတွေ အားလုံးကို မပိတ်ချင်ဘူးဆိုရင်တောင် ဖုန်း ဘတ္တရီ အားသက်သာပြီး လေးလံမူ နည်းပါးစေရန် Facebook မှာ ပါရှိတဲ့ ခလုတ်ကိုတော့ ပိတ်ပစ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက အကြီးမားဆုံး ဖုန်းဘတ္တရီ အားကို သုံးစွဲသူ ဖြစ်နေတာကြောင့်ပါ။


၎) Background App refresh ကို ပိတ်ပါ။
iOS 7 ဖုန်းတွေထဲမှာ Background App refresh ဟာ ဖွင့်လျက် ရှိပါတယ်။ထို အစိတ်အပိုင်းဟာ ၀ိုင်ဖိုင် (သို့) ဆယ်လူလာ နက်ဝပ်ကို လည်ပတ် နေတဲ့အခါ content တွေကို ပြန်လည် refresh လုပ်ပေးတဲ့ အရာ ဖြစ်ပါတယ်။ အရာနှစ်ခု ကို ပြိုင်သုံးနေတဲ့ အခါမှာလည်း background ထဲမှာရှိတဲ့ App တွေကို လည်ပတ်ထားစေပါတယ်။ ထို ခလုတ်ကို ဖြုတ်ထားဖို့ အတွက် Settings > General > Background App Refresh သွားပြီး ဖြုတ်ထားလို့ ရပါတယ်။ အစိတ်အပိုင်း အားလုံးကို refresh မလုပ်ဖို့ လုပ်နိင်သလို refresh မလုပ်လိုတဲ့ App တွေပေါ်မှာသာလည်း ပုံမှန်မလုပ်အောင် ဖြုတ်ထားနိင်ပါတယ်။


၅ ) ဘတ္တရီ ပေါင်းထည့်ခြင်း
သယ်ဆောင်ရ လွယ်တဲ့ ဖုန်းအားသွင်း ကီးချိတ်နဲ့ ဘတ္တရီ case တွေကို သုံးခြင်းကို ဆိုလိုတာပါ။ တစ်ချို့ ဖုန်းတွေဆို အားကုန်တဲ့ အခါ တစ်ခါတဲ့ သွင်းနိင်တဲ့ built-in case တွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။ အားသွင်းရမှာ သင့်ဖုန်းကို Airplane mode ထားပြီး အားသွင်းတာက အားမြန်မြန်ပြည့်ဖို့ ကူညီပေးတယ်လို့ သိရပါတယ်။ ၆) Airplane Mode ဘတ္တရီအားကို ကြာရှည်စွာ ရရှိလိုပါက Airplane Mode ကိုသုံးပြီး ထားနိင်ပါတယ်။ သို့ပေမဲ့ ဖုန်းအ၀င်အထွက်တွေကို ဖြတ်တောက်ပေးထားတဲ့ အတွက် လိုင်းမမိနိင်တဲ့ အချိန် ဖုန်းကို မသုံးပဲ ထားပြီး အားပိုခံစေလို့တဲ့ အခါမျိုးမှာ သုံးနိင်ပါတယ်။



၇) Update တွေကို ပြုလုပ်ပါ။
Apple ဟာ ဖုန်းထဲမှာ ကျရောက်တဲ့ အဖျက်ဆော့ဝဲလ်တွေကို ရှင်းလင်းဖို့ ပုံမှန် update တွေကို ပေးနေသည့်နည်းတူ Update New Software တွေကို ဒေါင်းလုပ်ခ်ဆွဲလို့ ကြိမ်းသေ ရယူရပါမယ်။ သင့်ရဲ့ ဖုန်းဟာ iPhone 4S နဲ့ အထက်ဆိုရင်တော့ Apple ဟာ update လုပ်နိင်ကြောင်းကို ပေးနေသည့်အချိန်ရောက်တဲ့ အခါ ပြောမှာ ဖြစ်ပါတယ်။


၈) restart ချပါ။
ဖုန်းဟာ တော်တော်ကြီးကို လေးကန်နေပြီးဆိုရင် restart သာချလိုက်ပါ.။ ဒါဟာ ဖုန်းကို ပြန်လည် လန်းဆန်းစေပါတယ်။ Factory restart တွေကိုလည်း ချချင်ချနိင်ပါတယ်။ ဒါပေမဲ့ အရင် ဆုံး cloud ထဲကို data တွေ အရင် save လုပ်ခြင်းကို ရွေးသင့်ပါတယ်။ ထို အထက်ပါ အချက်တွေကို လိုက်နာဆောက်ရွက်မယ်ဆိုရင်တော့ iPhone တစ်လုံးရဲ့ ကွယ်ပျောက်တော့မဲ့ သက်တမ်းတစ်ချို့ကို အနည်းငယ်ဖြစ်ဖြစ် ဆွဲ့ဆန့်ပေးနိင်မှာပဲ ဖြစ်ပါတယ်။

အဆင်ပြေကြပါစေ
Aung Hein Oo 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts