Sunday, July 6, 2014

Tomboy (ယောက်ျားလျာ) စိတ် ကိန်းအောင်းနေတဲ့ နာမည်ကြီးလေဒီလေးတွေ

          တစ်ယောက်တည်း ပရိသတ်ရှေ့ ထွက်လာတဲ့အချိန်တိုင်းမှာ ယောက်ျားလေးဆန်ဆန် ထွက်လာတတ်တဲ့ နာမည်ကြီး လေဒီတွေက ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ သို့လောသို့လော ဒွိဟဖြစ်စေပါတယ်။ ဒီကောင်မလေးတွေရဲ့ စိတ်ကို မှန်းကြည့်ရတာ ယောက်ျားလေးဆန်တဲ့စိတ်မျိုး ဖုံးလွှမ်းနေတယ်လို့ ထင်ရပါတယ်။

          အားလုံးသိတဲ့အတိုင်း အခုအမျိုးသမီးတွေက အားကစားဝတ်စုံ ၊ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျံတွေကို ပါတီပွဲတက်ဝတ်စုံတွေထက် နှစ်သက်နေကြပါတယ်။ နှလုံးသားထဲ tomboy စိတ် ကိန်းအောင်နေတဲ့ ဒီ နာမည်ကျော် အမျိုးသမီးတွေကိုလည်း လေ့လာကြည့်ပါဦး။
(၁)     Paris Hilton

          သူဌေးမလေး Paris ဟာ ဟော်ကီ ၊ ဘတ်စကတ်ဘောနဲ့ ရွတ်တပ်လှိုင်းစီးတာတွေကို နှစ်သက် ပြုလုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်တွေကို ချစ်တတ်သလောက် ငါးမျှားတာကိုလည်း ၀ါသနာကြီးပါတယ်တဲ့။ ဒီကောင်မလေးရဲ့ စိတ်သဘောကတော့ လုံးဝကလေးဆန်တဲ့ tomboy လေးပါပဲ။
(၂)     Kira Knightley

          အင်္ဂလိပ်လူမျိုး သရုပ်ဆောင်ကတော့ ဘယ်တော့မဆို ကြည့်လိုက်ရင် မိန်းမဆန်တဲ့ စကတ်ဆိုတာထက် ယောက်ျားလေးရှပ်အင်္ကျံနဲ့ပဲ တွေ့ရတတ်ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်အချိန်တွေမှာ တုန်းက စကတ်ဝတ်ရတာ မုန်းပြီး ယောက်ျားလေးတစ်ယောက်လိုပဲ ၀တ်စားဆင်ယင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ ဖူးပါတယ်။ ဂါဝန်တွေ ၊ ပွဲတက်ဝတ်စုံတွေ ၀န်ထားရင်တောင် သူမကို ကြည့်ရတာတောင် ယောက်ျားလေးနဲ့ တူနေပါသေးတယ်။
(၃)     Emily Blunt

          “Looper” သရုပ်ဆောင် Emily Blunt ကတော့ ငယ်စဉ်ကတည်းက အရုပ်မလေးတွေနဲ့ ဆော့ရမယ့် အစား ယောက်ျားလေးတွေနဲ့ ဘောလုံးသာ ကန်ခဲ့သူပါတဲ့။ ပြီးတော့ ပန်းရောင်ကို မကြိုက်နှစ်သက်တတ်ဘဲ ဘယ်တော့မှလည်း မင်းသမီးလေးတစ်ပါးအဖြစ် စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။ သူမရဲ့ မိခင်က ပန်းရောင် ၀တ်ခိုင်းရင် စိတ်အလိုမကျဘဲ လွှင့်ပစ်လေ့ရှိပြီး သူမဟာ မိန်းမဆန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်မှာမဟုတ်ဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။
(၄)     Janet Jackson

          သူမကတော့ သက်သောင့်သက်သာ ရှိမှုကို ပြောထားပါတယ်။ အခုနောက်ပိုင်း ပွဲတက်ဝတ်စုံတွေ ၀တ်လာတတ်ပေမယ့် ယောက်ျားဆန်တဲ့ အ၀တ်တွေက သူမကို ပိုပြီး သက်သောင့်သက်သာ ရှိစေပါတယ်တဲ့။ Jackon ဟာ လူမြင်ကွင်းထဲ ထွက်ရမယ်ဆိုရင်တော့ သူမရဲ့ ကိုယ်ပိုင်စတိုင်ကို လိုက်နာလေ့ရှိပြီး တစ်ကိုယ်တည်းဆိုရင်တော့ ဂျင်းတွေ ၊ တီရှပ်တွေကိုပဲ ၀တ်ပါတယ်တဲ့။
(၅)     Britney Spears

          ပေါ့စတားရဲ့ ဇာတ်လမ်းအစစ်ကတော့ သူမက စတိုက်ကျကျ ၀တ်စားပြီး အပြင်ထွက်ရတာထက် ဂျင်းတွေ ရှပ်တွေနဲ့ အပြင်ထွက်ရတာ ပိုသဘောကျပါတယ်တဲ့။ အပြင်သွားမယ်ဆိုရင်လည်း မိတ်ကပ်တွေ ၊ ဆံပင်တွေ ပြင်ဆင်ထုံးဖွဲ့ပြီး သွားတာမျိုး သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။
(၆)     Kristen Stewart

          ၂၀၁၂ MTV Movie ဆုပေးပွဲမှာတောင် ဒေါက်ဖိနပ်နဲ့ ဆုတက်မယူနိုင်ဘဲ Converse sneakers တစ်ရံနဲ့သာ တက်ရောက်ခဲ့သူပါ။ သူမရဲ့ နှလုံးသားထဲက အမှန်တကယ် နှစ်သက်တဲ့ အသွင်အပြင်က ယောက်ျားလေးပုံပါ။ ဂျင်းတွေ ၊ ရှပ်အင်္ကျံ အပြဲအစုတ်တွေနဲ့ စတိုင်ကို မိုက်တယ်လို့ထင်ပြီး နှစ်သက်ပါတတ်ပါတယ်။
(၇)     Megan Fox

          Megan Fox ရဲ့ ငယ်ဘ၀ ကစားဖော် အိမ်နီးချင်းတွေက ယောက်ျားလေးတွေပဲ ဖြစ်ပြီး မိန်းကလေး သူငယ်ချင်းဆိုလို့ ရှားရှားပါးပါး တစ်ယောက်သာ ရှိခဲ့ပါတယ်။ ယောက်ျားတွေလို ပြုမူပြောဆိုတတ်ပြီး ယော်ကျားလေးအသုံးအဆောင်တွေကိုပဲ နှစ်သက်လေ့ရှိတဲ့ သူမဟာ အခုအချိန်ထိလည်း အနီးအနားမှာ အမျိုးသမီးတွေထက် အမျိုးသားအပေါင်းအဖော်တွေသာ ပိုများနေလေ့ ရှိပါတယ်။
(၈)     Rihanna

          အဆိုတော်ဟာ ယခင်တုန်းက သူမရဲ့ ပြားချပ်တဲ့ ရင်သားတွေနဲ့ ခြင်ကိုက်ဖုတွေ ပြည့်နေတဲ့ အသားအရေနဲ့ ရည်းစားဆိုလို့ မူးလို့ရှုစရာတောင် မရှိခဲ့ပါဘူးတဲ့။ ဒါပေမယ့် သူမရဲ့ စတိုင်က ရှေးယခင် နှစ်တွေကလိုပဲ အခုထိလည်း tomboy ဆန်နေတုန်းပါပဲ။
Ref:mensxp.com
Credit - Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts