Saturday, July 12, 2014

ငွေရှာသည့် Website များတွင်Accountလုပ်မရသူများအတွက် ကျော်ခွနည်းလမ်း တစ်ခု


  ငွေရှာသည့် Website များတွင် Register လုပ်သည့်အခါ အောက်ပါပုံအတိုင်း Error ကြုံတွေ့လာရပါလျှင်ဖြေရှင်းဖို့နည်းလမ်းများစွာရှိတဲ့အထဲမှ အဆင်ပြေတဲ့နည်းလမ်းလေးတစ်ခုတင်ဆက်ပေးပါ့မယ်။ အခုကျနော်ဖော်ပြတဲ့နည်းက Firefox အတွက် သာဖြစ်ပါတယ်။ip address ကို မြန်မာနိုင်ငံမဟုတ်ပဲ တစ်ခြားနိုင်ငံတစ်နိုင်ငံ  ကိုရွေးပြီး အကောင့်ဖွင့်တာဖြစ်ပါတယ်.... ဒီနည်းက ပိုလွယ်ပါတယ်။ အရင်ဆုံး ဒီလင့် မှာဝင်ပြီး လိုင်းအား ကောင်းတဲ့ Proxy Server တွေကို ကြည့်ရအောင်။ စိမ်းနေရင် လိုင်းပိုကောင်းတယ်။ မြန်မာနိုင်ငံအနေနဲ့ အနီးစပ်ဆုံး ထိုင်းနိုင်ငံ proxy ဆိုရင် ပိုကောင်းပါတယ်။

အရင်ဆုံး ဒီကိုသွားလိုက်ပါ...သွားလိုက်တာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း နိုင်ငံပေါင်းစုံရဲ့ IP Address နဲ့ Port တွေကိုမြင်ရပါလိမ့်မယ်။ Proxy တွေကို စက္ကန့်တိုင်းမိနစ်တိုင်းအသစ် အသစ်ထုတ်ပေးနေတာပါ....
အိုကေ...အဲဒီနိုင်ငံတွေရဲ့ Proxy တစ်ခုချင်းစီနဲ့ကျော်ခွမှာဖြစ်ပါတယ်.... Firefox ကိုဖွင့်လိုက်ပါ.. ပြီးတာနဲ့  Tool >> Options ကိုဝင်လိုက်ပါ... ပြီးတာနဲ့ Advanced >> Network  >> Settings ကိုရွေးပါ.. အောက်ပုံမှာရွေးထားတာကိုကြည့်လိုက်ပါ။
အိုကေ..ရွေးပြီးပြီဆိုတာနဲ့ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်.. .အဲဒီမှာ မိမိရဲ့ Internet Connection က No Proxy နဲ့နဂိုမူလက အသုံးပြုတယ်ဆိုရင် အခု အိုင်ပီကျော်ဖို့အတွက် Manual Proxy Configuration: ကိုရွေးချယ်မှာဖြစ်ပါတယ်..ပြီးတာနဲ့ Proxy ထည့်တဲ့အဆင့်စပါတော့မယ်..ကျနော်ကတော့ Proxy List ထဲက လိုင်းအင်အား Speed ကောင်းတဲ့ Turkey ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်လိုက်ပါတယ်....Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါတယ်... ကဲ..ဘယ်လိုထည့်မလဲအောက်ကပုံမှာ ကြည့်ပါ။
ပုံမှာမြင်တဲ့အိုင်း HTTP Proxy: နဲ့ Port: မှာထည့်ပြီး Use this proxy server for all protocols ဆိုတာကိုအမှန်ခြစ် ပြီး OK >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ ပြီးတာနဲ့ www.google.com ကိုခေါ်ကြည့်လိုက်ပါ... google က အခက်အခဲမရှိတက်လာတယ်ဆိုရင် ဒီ Proxy အလုပ်လုပ်ပါတယ်... တစ်ကယ်လို့ www.google.com ကို လေးငါးကြိမ်ခေါ်နေသော်လည်း The connection was reset , server not found အဲလိုတွေပေါ်နေရင်တော့..ဒီ Proxy အလုပ်မလုပ်ပါဘူး..အခြားနိုင်ငံတွေရဲ့ Proxy ကိုပြထားတဲ့နည်းတွေအတိုင်းထည့်ကြည့်ပြီး google.com ခေါ်ကြည့်ပါ... တစ်ကယ်လို့ google.com တက်လာတယ်ဆိုရင်တော့   ငွေရှာတဲ့ဝဘ်ဆိုဒ်ရဲ့အကောင့်ကိုဖွင့်ပြီး အေးအေးဆေးဆေး Register လုပ်ကာ ကျော်ခွနိုင်ပြီဖြစ်ပါတယ်..... တစ်ခါတစ်ရံပေါ့နော်.. Proxy ကျော်ထား
သော်လည်း Sorry IP Address is already use by other member ပေါ်သေးတယ်ဆိုရင် နောက်နိုင်ငံရဲ့ Proxy ကိုချိန်းပြီးထပ်ဖွင့်ကြည့်ပါ..ကျော်ခွသွားပါလိမ့်မယ်....
( များသောအားဖြင့် ထိုင်းနိုင်ငံ ၊ ရုရှား ၊ ထိုင်ဝမ် ၊ ဘရာဇီး အဲဒီလေးနိုင်ငံရဲ့ Proxy နဲ့ကျော်ဖွင့်လို့ရတာ သတိပြုမိပါတယ်..အများဆုံးအဆင်ပြေတာကတော့ ထိုင်းနိုင်ငံပါ
အကောင့်ကိုအလုံးစုံဖွင့်ပြီးဘီ..Activate တွေလုပ်ပြီးဘီဆိုရင်တော့.. မူလ No Proxy ကိုပြန်ထားလိုက်ပါ...ပြီးပြီဆိုမှ ပုံမှန်အတိုင်းငွေရှာတဲ့ဝဘ်ဆိုဒ်မှာ Log In ၀င်ပါ..ကျနော်လည်း အခြားငွေရှာတဲ့ဆိုဒ်တွေမှာ ဒီအတိုင်းဘဲကျော်ဖွင့်ထားတာ Outbux , The-Bux ကျော်ဖွင့်ထားပါတယ်..အခုငွေထုတ်တယ်..အဆင်ပြေတယ် လုံးဝ ဘန်းခြင်းမရှိပါ.. တစ်ချို့က ဘားမှစမ်းသပ်မထုတ်ရသေးဘဲနဲ့ ဘန်းတယ်ချည်းပြောနေကြတယ်..တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ....
ကျနော်တို့လို တစ်ကယ်ထုတ်ကြည့်နေတဲ့လူတွေတောင် သူတို့ကို ဆရာပြန်တင်ရမလိုတောင်ဖြစ်နေတယ်ဗျာ..အဟတ်... :)

ကဲ......အားလုံးဘဲအဆင်ပြေကြပါစေ။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts