Tuesday, July 8, 2014

ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU) တွင် အီလက် ထရောနစ် လက်တွေ့ စမ်းသပ်ခန်း ဖွင့်လှစ်


မြန်မာနိုင်ငံ၏ ပထမဦးဆုံး အဆင့်မြင့် လက်တွေ့စမ်းသပ်ခန်းဖြစ်သော Schneider Electric Laboratory ကို ရန်ကုန်နည်းပညာတက္ကသိုလ် ( YTU) တွင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။


လက်တွေ့စမ်းသပ်ခန်းအား ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် Schneider Electric တို့ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်တွေ့စမ်းသပ်ခန်းအား ဇူလိုင်လ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နည်းပညာတက္ကသိုလ်ကျောင်းသား အယောက် ၁၂၀ ကျော် စတင် အသုံးပြုနိုင်မည်ဖြစ်သည်။



               

၎င်းလက်တွေ့စမ်းသပ်ခန်းအား လက်ရှိတွင် Eelctrical Power, Electronic and Communication, Information and Communication Technology နှင့် Mechantronic ဘာသာရပ်များကို သင်ကြားနေသော ကျောင်းသားများအသုံးပြု နိုင်မည် ဖြစ်သည်။ Schneider Electric မြန်မာမှလက်တွေ့ စမ်းသပ်ခန်းအတွက် Domestic Enclosure ၅ လုံး၊ Motor Starter Enclosure ၅ လုံး၊ PLC Training Kit ၅ လုံး နှင့် Software များကိုလှူဒါန်းခဲ့ကြောင်း သိရသည်။

အင်တာနက်ဂျာနယ်

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts