ချစ်သူနှစ်ဦး
အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ချစ်ရတဲ့အချိန်ထက် စိတ်ဆင်းရဲရတဲ့
အချိန်တွေက ပိုများနေသလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေများနေပြီဆိုတာ
သိလိုက်ရတဲ့အချိန် ငါတို့လမ်းခွဲသင့်ပြီလားဆိုတဲ့ မေးခွန်းကလည်း
ခေါင်းထဲမှာ တစ်ဖြည်းဖြည်းကြီးစိုးလာတယ်။ ခု အောက်မှာပြောပြပေးမယ့်
အချက်အလက်လေးတွေ ကြုံလာရပြီဆိုရင်တော့
နှစ်ဦးသားလမ်းခွဲလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်လိမ့်မှာပါ။ အဲ့ဒီလို မဟုတ်ပဲ ဆက်တွဲနေမယ်ဆိုရင်လည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို ရနိုင်ဖို့ မလွယ်ကူပါဘူး။
Trend
နှစ်ဦးသားလမ်းခွဲလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်လိမ့်မှာပါ။ အဲ့ဒီလို မဟုတ်ပဲ ဆက်တွဲနေမယ်ဆိုရင်လည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို ရနိုင်ဖို့ မလွယ်ကူပါဘူး။
၁။ဘာမဟုတ်တာလေးတွေနဲ့ ခဏခဏရန်ဖြစ်ကြတယ်။
အတွဲတိုင်း
ရန်ဖြစ်ဖူးကြပါတယ်။ ရန်ဖြစ်ပြီး ပြန်ညှိယူကြတဲ့အခါ အဆင်ပြေသွားပေမယ့်
နောက်တစ်ခါ ထပ်ဖြစ်လည်း ဒီအကြောင်းအရာပဲဖြစ်နေတဲ့အပြင် ဘာမှမဟုတ်တဲ့
အကြောင်းအရာသေးသေးလေးတွေအတွက်လည်း နှစ်ဦးသား ခဏခဏကို
ရန်ဖြစ်နေရတယ်ဆိုရင်တော့ ဒါဟာ သိပ်မဟန်တော့တဲ့ အခြေအနေဆိုတာကို ပြနေတာပါပဲ။
၂။အလုပ်က အချစ်ထက် ပိုပျော်စရာကောင်းလာတယ်။
လူတစ်ယောက်ကို
သူ့ချစ်သူကို တကယ်ချစ်တယ်လို့ ခံစားရရင် နှစ်ဦးကြားက သံယောဇဉ်ကို
ပိုပိုတိုးလို့သာ ချည်နှောင်လိုကြပါတယ်။ သင်ကတော့ အဲ့ဒီလိုမဟုတ်ပဲ
အလုပ်ကတောင် သင့်ချစ်သူကိုတွေ့ဖို့ထက် ပိုပျော်စရာကောင်း၊
စိတ်ဝင်စားစရာကောင်းနေတယ်လို့ ခံစားနေရပြီဆိုရင် ကိုယ့်ဘာသာကိုယ်သာ
ဘာ့ကြောင့်များလဲ ပြန်တွေးကြည့်လိုက်ပါ။
၃။သူလုပ်သမျှအရာရာတိုင်းဟာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေချည်း ဖြစ်နေတယ်။
ကိုယ့်ရှေ့မှာ
သူတစ်ခုခုလုပ်လိုက်တိုင်း ခေါင်းကိုက်ကိုက်သွားရတယ်။ သူရဲ့အပြုအမူ၊
အကျင့်နဲ့ အပြောအဆိုတွေကို ကြာလေကြာလေ စိတ်ပျက်လာလေပဲ။
၎။သူတို့အတူ ချစ်တင်းနှောဖို့ စိတ်မပါတော့ဘူး။
သူက
ကိုယ့်အနားကပ်လာပြီဆိုတာနဲ့ ဆင်ခြေတွေ တစ်ခုပြီးတစ်ခုပေးပြီး
ခွာသွားတတ်တယ်။ ကိုယ့်စိတ်ထဲမှာ သူနဲ့အတူ ချစ်တင်းနှောဖို့ ဘယ်လိုမှ
စိတ်မပါတော့ဘူး။ စိတ်ကျဉ်းကျပ်မှုကိုပဲ ခံစားနေရတယ်ဆိုရင်လည်း ဒါဟာ
သင်သူ့အပေါ် ချစ်စိတ်မရှိတော့လို့ပါ။
၅။သူငယ်ချင်းတွေနဲ့ချည်း ပျော်ချင်ပါးချင်နေမိတယ်။
ချစ်သူနဲ့တွေ့ရချိန်ဆို
မျက်နှာက မသာမယာဖြစ်နေတတ်ပေမယ့် သူငယ်ချင်းတွေနဲ့ဆို ပျော်လိုက်တာမှ
တစ်ဖက်ကမ်းရောက်နေတယ်ဆိုတာမျိုး၊ တစ်ပတ် တစ်ပတ် သူငယ်ချင်းတွေနဲ့
ချိန်းရတာအမော ဆိုရင်တော့ ဒါဟာကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့
အချိန်ပါပဲ။
၆။တစ်ခြားတစ်ယောက်ကိုပဲ စိတ်ထဲရောက်နေမိတယ်။
ကိုယ့်ဘေးမှာ
ချစ်သူရှိနေပါရက်နဲ့ ကိုယ့်စိတ်ထဲ တစ်ခြားတစ်ယောက်ရှိနေတာမျိုးဆိုရင်တော့
သူ့ကို ဖွင့်ပြောပြီးလမ်းခွဲလိုက်တာ ပိုကောင်းပါလိမ့်မယ်။
၇။သူ့အတွက် တစ်ခုခု လုပ်ပေးရတာမျိုးကို စိတ်မ၀င်စားဘူး ဖြစ်နေတယ်။
သူ့အလုပ်ကို
ခေါ်တာမျိုးတွေ မသွားချင်ဘူး။ သူ့မိသားစုနဲ့ ဒင်နာစားဖို့ခေါ်ရင်လည်း
အပိုအလုပ်လို့ တွေးမိတယ်။ သူ့သူငယ်ချင်းတွေနဲ့လည်း
လိုက်မတွေ့ချင်တော့ဘူးဆိုရင် ဒါဟာ သင်သူ့အပေါ် စိတ်ဝင်စားမှုမရှိတော့ဘူးဆိုတာ
သေချာနေလို့ပါ။
၈။နှစ်ဦးသားအနာဂတ်ကို ဘယ်လိုမှ ကြိုမြင်ကြည့်လို့ မရဘူး။
အသက်ကြီးလာရင်
ဘယ်လိုလေးဆိုတဲ့ အတွေးမျိုး မရှိဘူး။ စဉ်းစားကြည့်လိုက်တိုင်းလည်း
အနာဂတ်ဟာေ၀၀ါးနေတယ်ဆိုရင်တော့ ဒါဟာ သင့်သူ့အပေါ် ရေရှည်စိတ်ကူးထားတာမျိုး
မရှိလို့ပါပဲ။Trend
No comments:
Post a Comment