Thursday, August 28, 2014

တရားဝင် ထုတ်ပြန်ကြေငြာချက် မလုပ်မီ ထွက်ရှိလာတဲ့ Samsung Galaxy Mega 2

Samsung က Galaxy Mega 2 ကို တရားဝင်ကြေငြာချက် မထုတ်ရသေးပေမဲ့ လက်လီဖြန့်ချိသူတချို့က မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်ရောင်းချခဲ့ပုံရပါတယ်။ ဒါ့ကြောင့်မို့ ၎င်း Galaxy အသစ်ကို အကြိုပြသခဲ့တဲ့ အချိန်ကာလဟာ ဘယ်လောက်မှ မကြာလိုက်ပါဘူး။

ထိုင်းအင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Droid Sans ဟာ အဆမတန်ကြီးမားတဲ့ ဒီ Galaxy Mega 2 ကို ကြည့်မြင်ခွင့်ရအောင် အချိန်မတိုင်မီ ကြိုတင်ပြသခဲ့တဲ့ သတင်းဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း ဒီ Mega 2 ဟာ Galaxy 5.8 နဲ့ Galaxy 6.3 ရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားပိုင်းမှာတော့ ဒီဟန်းဆက်သစ်ဟာ 720× 1280 pixels နဲ့အတူ 6-inch မျက်နှာပင်ပါရှိပြီး အရင်မော်ဒယ်လ်နှစ်ခုရဲ့ ပုံစံကို ရောစပ်ယူထားတာဖြစ်ပါတယ်။
Android 4.4.4 KitKat အသုံးပြုထားတဲ့ Mega 2 က LTE  a quad-core Exynos 4415 ပရိုစက်ဆာ၊ 1.4 GHz, RAM - 1.5 GB  မူလပါရှိထားတဲ့ memory ထပ်တိုးနိုင်ပြီး 2800 mAh အားရှိ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီ တစ်လုံး အပါအဝင် အသွင်သဏ္ဍာန်နှစ်မျိုးကို ပေါင်းစပ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြသထားတဲ့ Mega 2 ရဲ့အသွင်အပြင်မှာ ထူးခြားတာတစ်ခုက နောက်ကင်မရာ 8MP ပါရှိဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဗားရှင်းဟန်းဆက်မှာတော့ 13MP ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ကင်မရာက အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ Galaxy Mega 2 ဈေးနှုန်းဟာ $425 ဝန်းကျင်ရှိမှာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးနဲ့ မကြာခင်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။
Source: phonearena

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts